#Local_News
Published_19 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။
အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၂၈ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၈ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၁ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် လုပ်သား ၁ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန်လုပ်သား ၂၅ ဦး ၊ ကုန်ထုတ်လုပ်သား ၂၈ ဦးကို ထပ်မံစေလွှတ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _ 19 november 2022
ရန်ကုန်မြို့အလယ် ကျောက်တံတားမြို့နယ်တွင် လူစည်ကားချိန်၌ ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းတွင် ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း (အလယ်ဘလောက်)မှာ အသက် ၃၀ ဝန်း ကျင်ရှိ အမျိုးသားတစ်ဦးဟာ ဓားထိုးခံရကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကူညီပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဓားထိုးခံရသည့် အမျိုးသားကို ကျောက်တံတား အရန်မီးသတ်တပ်ဖွဲ့ (Auxiliary Fire Force) မှ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနတွင် ရရှိဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားကြောင်း သိရှိခဲ့ရသည်။
ဖြစ်စဉ်အသေးစိပ်ကို အတိအကျမသိရှိရသေးဘဲ သေဆုံးသူဟာ မုန့်ဟင်းခါးစားနေရင်း ဓားထိုးခံရကြောင်း နီးစပ်သူများထံမှ သိရှိရသည်။

#ymg/NN
#Yangon_Media_Group
#Local_News
Published_ 19 November 2022
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေး အခြေအနေ” ဟု ခေါင်းစဉ်တပ်ထားတဲ့ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံမှ တရားဝင်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့ခြင်းကို ကန့်ကွက်ပယ်ချကြောင်း နစက နိုင်ငံခြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အီးယူနှင့် အိုအိုင်စီတို့က နှစ်စဉ် ကမကထပြု တင်သွင်းသည့် ရှည်လျားလှသော ဆုံးဖြတ်ချက်အဆို တွင် အခြေအမြစ်မရှိသော ထပ်တလဲလဲ စွပ်စွဲချက်များ ပါဝင်သည်။ ဆုံးဖြတ်ချက်အဆိုတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပေးအပ်သည့် လက်တွေ့မကျသော လုပ်ငန်းတာဝန်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ယခုဆုံးဖြတ်ချက်အဆိုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက်အဆိုတွင် ဖြစ်စဉ်၏ မူလဇာစ်မြစ်နှင့် မြေပြင်အခြေ အနေမှန်ကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ်များ နှင့်အညီ ရခိုင်ပြည်နယ်မှ အမှန်တကယ် နေရပ်စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများကို စိစစ် လက်ခံရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားပါတယ်။
လက်ရှိကျင်းပလျက် ရှိသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အတည်ပြုခဲ့ သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြဿနာ၏ ရှုပ်ထွေးမှုများကို လျစ်လျူရှုလျက် နိုင်ငံရေးသွတ်သွင်းတဲ့ အဆိုသာဖြစ်ပြီး၊ မျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် လက်တွေ့ကျမှု မရှိဘူးလို့ ဆိုပါတယ်။
အဆိုတွင် အကြမ်းဖက်မှုနှင့် ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့် ရေး တောင်းဆိုထားသော်လည်း ကလေးသူငယ် ၁၀၀ ဦး ကျော်အပါအဝင် လက်နက်မဲ့ အရပ်သား ၄,၀၀၀ ကျော်တို့ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်လုပ်ရပ် များကို ရှုတ်ချရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြထားပါတယ်။
ထို့အပြင် လက်ရှိတွင် “NUG” ဆို သည့် အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြု လျက်ရှိ သော ကျော်မိုးထွန်း၏ ပါဝင်တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် အခြားလုပ်ရပ် များကိုလည်း ခြွင်းချက်မရှိ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Breaking_News
Published 18 Nov 2022
အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင် (၄၁)ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်၇၅/၂၀၂၂ ကို ယနေ့ နိုဝင်ဘာ (၁၈)ရက်ရက်စွဲဖြင့် နစက,က ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါအမိန့်စာအရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူတွေက AA လက်နက်ကိုင်အဖွဲ့မှ (၁၇)ဦး၊ KIA မှ (၁၇)ဦး၊ RCSS/SSA. မှ (၅)ဦးနှင့် KNU/KNLA မှ(၂)ဦးတို့ဖြစ်ကြပါတယ်။
ထို့အပြင် တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ AA မှ(၁)ဦးနှင့် KIA မှ(၃)ဦး ပေါင်း(၄)ဦးတို့ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သီးခြားအမိန့်၇၆/၂၀၂၂ ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
-ymg/knl
#EAO_Amnesty



#Local_News
Published _ 18 November 2022
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့အထိ တစ်လတိတိ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_18 November 2022
ပြည်ပနိုင်ငံတွေထံက ချေးငွေရရှိခြင်းမရှိသည့်အတွက် စီမံကိန်းအချို့ရပ်ဆိုင်းထားရကြောင်း နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ယနေ့ ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် နောက်ထပ်ချေးငွေရယူထားခြင်းမရှိကြောင်း၊ ယင်းကြောင့်လက်ရှိအခြေအနေတွငိ အစိုးရအနေဖြင့် ပြည်ပချေးငွေအပါအဝင် ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ၄င်းကပြောကြားခဲ့သည်။
နစက တာဝန်ယူခဲ့သည့်ကာလအတွင်း NLD အစိုးရလက်ထက်အပါအဝင် ယခင်အစိုးရလက်ထက်တွေက ချေးယူခဲ့သည့် ချေးငွေများထဲက ဒေါ်လာ ၁ ဒသမ ၄၅၉ ဘီလီယံကို ပြည်ပထောက်ပံ့ငွေမရှိဘဲ ပြန်ဆပ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_18 November 2022
လာမယ့်ဒီဇင်ဘာလမှာ မိုင်းတွင်းတွေကနေ ပစ္စည်းအသစ်တွေထွက်ရှိမှာဖြစ်တဲ့အတွက် ရွှေပြတ်လပ်မှုမရှိနိုင်ဘူးလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
#Yangon_Media_Group
Page 1690 of 2288