#Local_News
Published_ 13 June 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ကာ မြေသယံဇာတ၊ရေသယံဇာတများနှင့် လူသားအရင်းအမြစ်ရှိနေသည့်တိုင် စားရေရိက္ခာဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်ကြောင်း နစက ဥက္ကဌက ပြောသည်။
ဇွန်လ ၁၂ ရက်က ပြုလုပ်သော သားငါးကဏ္ဍကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များ၊အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး နှင့်ကုန်ဈေးနှုန်းကျဆင်းစေရေး ဆောင်ရွက်ရန်ပြုလုပ်သည့် အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကုန်ဈေးနှုန်းကျဆင်းရေးအတွက်ဆောင်ရွက်ရာတွင် တိုင်းပြည်၌ ရှိသင့်ရှိထိုက်သည့် ကုန်ဈေးနှုန်များဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများ မြှင့်တင်ရန်အရေးကြီးကြောင်း၊မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း ယင်းကဆိုသည်။
ယခုအခါ စက်သုံးဆီနှင့် မြေဩဇာယခင်နှစ်ကထက်ကျဆင်းသွားပြီဖြစ်သော်လည်းကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက် ရှိနေသေးကြောင်း။သင့်တင့်သည့်ဈေးနှုန်းများဖြစ်စေရေးအတွက် နည်းလမ်းများရှာဖွေရန် အထက်ပါ အစည်းအဝေးက အစပျိုးပေးလိုက်ခြင်းဖြစ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နည်းလမ်းများရှာဖွေ၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားကြစေလိုကြောင်း ၎င်းက ပြောသည်။
ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးဆောင်ရွက်ရာတွင် နည်းလမ်းများရှိနေသော်လည်း ရာနှုန်းပြည့်လုပ်ဆောင်နိုင်မှုမရှိသေးကြောင်း၊ ထိုအထဲတွင်လောင်စာဆီဈေးနှုန်းများကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များ ပိုနေခြင်းတို့ကြောင့် မီးရထားနှင့်ပို့ဆောင်ခြင်းနှင့် ရေကြောင်းမှ ပို့ဆောင်ခြင်းများကိုဆောင်ရွက်ရန် ပြောဆိုနေခဲ့သော်လည်း အရေးမကြီးသည့်ပစ္စည်းများကိုမော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခြင်းများ ရှိနေခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုစရိတ်များမှာ ကြီးမြင့်နေမည်ဖြစ်ရာအများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများ အနေဖြင့်အလေးထား ဆောင်ရွက်ရန် နစက ဥက္ကဌက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ပြောကြားခဲ့သည်။
ymg/BM
#Local_News #သယံဇာတများ #စိုက်ပျိုးမွေးမြူရေးနိုင်ငံ #စားရေရိက္ခာဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်
#YMG #Yangon_Media_Group


#Local_News
Published_12 June 2023
ရန်ကုန်မြို့မှာ ရေကြီးရေလျှံမဖြစ်အောင် ရေမြောင်းထဲက အမှိုက်တွေကို ဆယ်ယူရှင်းလင်းတာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News #ရန်ကုန်တွင်ရေကြီးရေလျှံမဖြစ်အောင် #ပိတ်ဆိုနေသည့်အမှိုက်များကိုဖယ်ရှားရှင်းလင်းနေ #YMG #Yangon_Media_Group
#Local_News
Published_ 12 June 2023
လက်ရှိရွှေဈေးကွက်ထဲမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၂၉၀၀ ကျော် ပေါက်ဈေးရှိနေပြီး ရွှေဈေး ၃၁ သိန်းကျော်ရှိနေတယ်လို့ ပြည်တွင်းဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Local_News #အမေရိကန်တစ်ဒေါ်လာ #ရွှေဈေး၃၁သိန်းကျော် #YMG #Yangon_Media_Group
#Local_News
Published_12 June 2023
အခုနှစ်မိုးရာသီမှာ ထီးအသစ်တွေ ဈေးနှုန်းမြင့်နေတဲ့အတွက် ဈေးသက်သာတဲ့ ဂျပန်ကွန်တင်နာကျထီးတွေ ရောင်းအားတက်နေတယ်လို့ ဂျပန်ကွန်တင်နာကျထီး အရောင်းဒိုင်မှ သိရပါတယ်။
#Local_News #ထီးဈေးမြင့် #ဂျပန်ကွန်တင်နာကျတန်ဖိုးနည်းထီးများ #အရောင်းပိုသွက် #YMG #Yangon_Media_Group
#Local_News
Published_12 June 2023
နေပြည်တော် ပျဉ်းမနားမြို့အထွက် လယ်ဝေးလမ်းဟောင်းမှာ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက လမ်းဘေးမြောင်းအတွင်း အပေါ့သွားနေစဉ် ဗိုက်နာလာတာကြောင့် ကလေးမွေးဖွားမူဖြစ်ပွားခဲ့ကြောင်း မိုးစေတာနာ ပရဟိတအသင်းမှ သိရပါတယ်။
#Local_News #လမ်းဘေးမြောင်းတွင်အပေါ့သွား #ကလေးမီးဖွားမူဖြစ်ပွား #ကလေးငယ်သေဆုံး #YMG #Yangon_Media_Group
#Daily_News
Published_ 12 June 2023
၁။ လမ်းဘေးမြောင်းတွင် အပေါ့သွားစဉ် ကလေးမီးဖွားမူဖြစ်ပွားပြီး ကလေးငယ်သေဆုံး
၂။ ထီးဈေးမြင့်နေ၍ ဂျပန်ကွန်တင်နာကျ တန်ဖိုးနည်းထီးများ အရောင်းပိုသွက်နေ
၃။ အမေရိကန်တစ်ဒေါ်လာ ၂၉၀၀ ကျော်နေပြီး ရွှေစျေး ၃၁ သိန်းကျော်ရှိနေ
၄။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ဧရာမဘဲရုပ်ကြီးနှစ်ခု ဟောင်ကောင်ဆိပ်ကမ်းတွင် ရောက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_12 June 2023
ပြည်တွင်း စားသုံးဆီစျေးနူန်းများ ဆက်တိုက်ဆိုသလို စျေးနူန်းကျဆင်းနေပြီး စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇွန်လ ၁၂ ရက်နေ့က နေ ၁၈ ရက်နေ့အထိ ရည်ညွှန်းသတ်မှတ်စျေးမှာ တစ်ပိဿာကို ၁၇၅၀ ကျပ်သတ်မှတ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News #စားသုံးဆီစျေးဆက်တိုက်ကျဆင်း #လက္ကားရည်ညွှန်စျေး၁၇၅၀စျေးရှိ
#YMG #Yangon_Media_Group
Page 1435 of 2421