#Local_News
Published_29 August 2022
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အစီအစဉ် အရ အိန္ဒိယနိုင်ငံမှ အကောင်အထည်ဖော်နေသည့် ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Multi Transit Transport) မှာ ပြီးစီးနေပြီဖြစ်၍ မကြာမီလည်ပတ်တော့မည်ဟု အိန္ဒိကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra က ပြောကြားလိုက်သည်။
သြဂုတ်လ (၂၇) ရက်က ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စစ်တွေမြို့ရှိ Royal Sittwe Resort ၌ တွေ့ဆုံစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူကပြောသည်။
ယင်းတွင် တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည် ဖြစ်ကြောင်းနှင့် ဆိပ်ကမ်းစတင်လည်ပတ်နိုင်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကို လက်ခံကြိုဆိုပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ကုန်သွယ်မှု လုပ်ငန်းစဉ် များ လွယ်ကူစွာဖြင့် စနစ်တကျ ဖွံ့ဖြိုးပါဝင်လာစေရေးနှင့် သတင်းအချက်အလက်များ ကျယ်ပြန့်စွာ အပြန်အလှန်မျှဝေ သိရှိနိုင်ရေး အတွက် RSCCI နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr.Bibekananda Bhattamishra က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_29 August 2022
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၁/၆-၇) ကြားတွင် သြဂုတ်လ ၂၈ ရက် ညနေပိုင်းက Karry yoyo(အမျိုးစား)အိမ်စီးကားနှင့်မော်တော်ဆိုင်ကယ်တို တိုက်မိ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က သိရသည်။
ဆိုင်ကယ်မှာ လမ်းဖြတ်ကူးမောင်းနှင်လာခြင်းဖြစ်သောကြောင့် တိုက်မိခြင်းဖြစ်ပြီး ဆိုင်ကယ်ပေါ်မှ နှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ဘောနတ်ကြီးအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း၊
ဒဏ်ရာရရှိသူအား EMS 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_29 August 2022
အများသိ တေးသီချင်းများ ဖြစ်သော " နှစ်ကိုယ်တူချစ်သမျှ၊ ချစ်အာရုံ၊ပန်းမျိုးတရာ၊ နှုတ်ခွန်းဆက်သင်္ကြန်၊ ချစ်သူနဲ့သာဆိုပါရင်၊ ချစ်ကမ္ဘာထဲ နှစ်ယောက်တည်း၊ မောင်မယ်တိုနှစ်ဦး၊ မခွဲတမ်းကြင်မယ် " စသည့် တေးသီချင်းများကို ရေးစပ်သီကုံးခဲ့သည့် နာမည်ကြီး တေးရေးဆရာကြီး မြို့မ ကိုပေါ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၂၈ ရက် ညသန်းခေါင်အချိန် မန္တလေးမြို့ ပုလင်းဝင်းရပ်ရှိ သူ၏ နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
ယခုသြဂုတ်လ လဆန်ပိုင်းက ၎င်း၏နေအိမ်၌ စန္ဒယားတီး၍ ပြန်အထတွင် လဲကျခဲ့ပြီး ပေါင်ရင်းမှ ကျိုးသွားသောကြောင့် ဆေးဝါးကုသခံယနေရသူလည်းဖြစ်ကြောင်းနှင့် နှလုံးရောဂါအခံလည်းရှိကြောင်း သိရသည်။
ဂီတပညာရှင်မြို့မ ကိုပေါအား မြန်မာသက္ကရာဇ် ၁၂၈၉ တွင် အဖ ဦးပေါ်နှင့် အမိ ဒေါ်လှ တို့က မန္တလေး၊ ဒါးတန်းရပ်၌ မွေးဖွားခဲ့သည်။ သူ၏အမည်ရင်းမှာ ဦးကျော်စိုးဖြစ်ပြီးအသက်၂၄နှစ်အရွယ်တွင် မန္တလေးမြို့မှ နာမည်ကျော် မြို့မတူရိယာအသင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။
၁၉၄၉ ခုနှစ် တွင် သီချင်းများ စတင်ရေးခဲ့ပြီး မန္တလေးရုပ်ရှင်တွင် ကင်မရာဆရာအဖြစ် လုပ်ကိုင်ခဲ့ကာ ၁၉၆၁ ခုနှစ်အတွက် “ကိုယ်ပိုင်မေတ္တာ” ဇာတ်ကား၌ ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆု အကယ်ဒမီကို ဦးလူကလေးနှင့်အတူ ပူးတွဲရရှိခဲ့သူလည်း ဖြစ်သည်။
၁၉၈၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သော သင်္ကြန်မိုး ဇာတ်ကား၌ ဂီတမှူးအဖြစ်ဆောင်ရွက်ခဲ့သည့်အပြင် “နှစ်ကိုယ်တူချစ်သမျှ” သီချင်းကိုလည်းကောင်း၊၁၉၉၁ နှစ်က ရုံတင်ခဲ့သော ဒဏ္ဍာရီဇာတ်ကားအတွက် “အောင်စေမင်္ဂလာ” သီချင်းကိုလည်းကောင်း ရေးစပ်ပေးခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_28 August 2022
အမေရိကန် တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ် ၊ ရွှေတစ်ကျပ်သားကို သိန်းအစိတ်ဖြင့် ဈေးဖွင့်မည်ဆိုသည့်သတင်းများကို မယုံကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
"ဒီရက်ပိုင်းတွေမှာ စီးပွားရေးနဲ့ ငွေကြေးဈေးကွက်အတွင်း သမားရိုးကျမဟုတ်တဲ့ လုပ်ဆောင်မှုတွေ ၊ လူထုကို ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းမှားထုတ်လွှင့်မှုတွေ ခပ်စိတ်စိတ် တွေ့လာရပါတယ်၊ဒီနေ့တွေ့လိုက်ရတဲ့ လုပ်ကြံသတင်း၊သတင်းမှားတစ်ခုကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်၊လုံးဝမှားယွင်းပြီး အခြေအမြစ်မရှိဘဲ လူထုကို ချောက်တွန်းတဲ့ သတင်းလို့ ပြောပြလိုပါတယ်၊ကုန်သွယ်မှုနဲ့ ပတ်သက်လာရင် ပိုမိုလွယ်ကူချောမွေ့လာစေဖို့ ကျွန်တော့ဝန်ကြီးဌာန ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်သွားပါမယ်၊ကုန်သွယ်မှုနဲ့ ပတ်သက်ရင် အများပြည်သူ သိသင့်တဲ့ သတင်းမှန်များကို စီပွား/ကူးသန်း website နဲ့ Facebook ကနေ ပုံမှန်ထုတ်ပြန်ပေးပါမယ်၊ထပ်မံပြောကြားလိုတာကတော့ တရားဝင်ထုတ်ပြန်တာ မဟုတ်တဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကို မယုံကြပါနဲ့ခင်ဗျား"ဟု ပြည်ထောင်စုဝန်ကြီးက ရေးသားထားခြင်း ဖြစ်သည်။
ပူးတွဲဖော်ပြထားသည့် သတင်းတွင် "အစည်းအဝေးဆုံးဖြတ်ချက်" ဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားပြီး ယင်းတွင် "တရားမဝင်ဒေါ်လာရောင်းဝယ်ကစားသူများအား ဖမ်းဆီးရန်၊အမေရိကန် တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ် နှင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၅ သိန်းဖြင့် ဈေးဖွင့်ရန်၊ဒေါ်လာအကောင့် Transfer များကို (၅၀/၅၀) ပြန်လည် ဖွင့်ပေးရန် ၊ အရေးပေါ် ဆေးဝါး၊ကုန်မှလွဲ၍ သွင်းကုန်အားလုံးကို ယာယီ ဆိုင်းငံ့ရန်၊စက်သုံးဆီကို ရုရှားက သာ တင်သွင်းကြရန်နှင့် အမေရိကန်ငွေအစား ရုရှားငွေကိုပြောင်းလဲ သုံးစွဲနိုင်ရန်အတွက် ရုရှား-အိန္ဒိယ-တရုတ် တို့နှင့် ကုန်သွယ်မှုမြှင့်တင်ရန်"ဟူ၍ ဖြစ်သည်ကိုတွေ့ရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_28 August 2022
ရေဘေးအပါအဝင် သဘာဝဘေးသင့်သူတွေအတွက် ကြက်ခြေနီသိုလှောင်ရုံတွေက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အိမ်ထောင်စုသုံးပစ္စည်းတွေကိုပေးအပ်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 28 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်မျိုးရှိန်နှင့်အတူ
- "ခိုင်ထူးက သီချင်းစဆိုကတည်းက ဘယ်သီချင်းကို ဘယ်လောက်ရမှဆိုမယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့အကြောင်း
- သီချင်းဆိုနေရရင်ပျော်တာ သီချင်းမဆိုရရင် ဘဝမရှိတော့ဘူး သီချင်းကို ဘဝလိုခံယူထားသူတစ်ဦးဖြစ်တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 28 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်မျိုးရှိန်နှင့်အတူ
-"ခိုင်ထူးက သီချင်းစဆိုကတည်းက ဘယ်သီချင်းကို ဘယ်လောက်ရမှဆိုမယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့အကြောင်း
-သီချင်းဆိုနေရရင်ပျော်တာ သီချင်းမဆိုရရင် ဘဝမရှိတော့ဘူး သီချင်းကို ဘဝလိုခံယူထားသူတစ်ဦးဖြစ်တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1437 of 1862