#Local_News
Published_ 3 April 2023
သင်္ကြန်တွင်းပိတ်ရက်တွေရှိသည့်အတွက် လျှပ်စစ် ဓာတ်အားခပေးဆောင်ရမည့်နောက်ဆုံးရက်များကိုပြင်ဆင်သတ်မှတ်လိုက်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှထုတ်ပြန်လိုက်သည်၊၊
ဧပြီ(၁၇)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၁၉)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၁၉)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၁)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၁)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၃)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၃)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၅)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
ဧပြီ(၂၅)ရက်နောက်ဆုံးရက်ထားပြီး ဓာတ်အားခပေးဆောင်ရမည့်သူများအနေဖြင့် ဧပြီလ(၂၇)ရက်မှ လျှပ်စစ်ဓာတ်အားခပေးဆောင်ရမည်ဖြစ်သည်၊၊
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအဆင်ပြေစေရန်အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရှိငွေလက်ခံကောင်တာများကိုသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီလ(၈)ရက်မှဧပြီလ(၁၇)ရက်အထိပိတ်ထားမည်ဖြစ်ပြီးဧပြီလ(၁၈)ရက်မှ(၃၀)ရက်အထိပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Local_News #သင်္ကြန်တွင်းပိတ်ရက် #ဓာတ်အားခပေးဆောင်ရမည့်နောက်ဆုံးရက် #YMG #Yangon_Media_Group
#Local_News
Published_ 3 April 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ယခင်နှစ်ထက်ကန်ဒေါ်လာ သန်း၇၀၀ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၉၇ ဘီလီယံရရှိထားပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၇၄၂ ဒသမ ၇၀ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါနယ်စပ်ဂိတ်မှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၅၃၃ ဒသမ ၅၈ သန်းရရှိထားကြောင်းသိရသည်။
ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်ဂိတ်တို့ကနေ ကုန်သွယ်မှုပြုလုပ်နေပြီး နယ်စပ်ဂိတ်တွေအနက် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံရရှိထားပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄၁ ဒသမ ၇၁ သန်းရရှိထားကြောင်း သိရသည်။
ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၃၈ ဒသမ ၆၃ သန်း၊ ကံပိုက်တီဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၀၁ သန်း၊ကျိုင်းတုံဂိတ်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၁ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းတွေကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
ymg/ppk
#Local_News #မြန်မာ-တရုတ်နယ်စပ် #ကုန်သွယ်ရေး
#YMG #Yanzgon_Media_Group


#Local_News
Published_ 3 April 2023
မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘော တူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
အဆိုပါသဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုမှာ ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ ဖြစ်ပါတယ်။
ဧပြီ ၂ ရက် ညနေပိုင်းတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးတို၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ygm_mnn
#ယူနန်ပြည်နယ် #နားလည်မှုစာချွန်လွှာ #လက်မှတ်ရေးထိုး
#Yangon_Media_Group
#LocalNews
Published_ 3 April 2023
လတ်တလောတွင် City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေပြီး ယင်းအစီအစဉ်သည် City Mart Supermarket မှပြုလုပ်သည့် အစီအစဉ်မဟုတ်ကြောင်း တရားဝင်အသိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ယခုလတ်တလော City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေမှုကို အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း၊
၎င်းကြော်ငြာများတွင် City Mart Supermarket အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားခြင်းဖြစ်ပြီး City Mart Supermarket မှ ပြုလုပ်သည့်အစီအစဉ်မဟုတ်ကြောင်း အသိပေးဖော်ပြထားသည်၊၊
ဈေးဝယ်သူများအနေဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရန်နှင့်ထပ်မံပျံ့နှုံမှုမရှိစေရန် ၎င်းနှင့်သက်ဆိုင်သော လင့်များသို့ဝင်ရောက်ခြင်း၊ ဖြန့်ဝေခြင်းများမပြုရန်အလေးအနက်အကြုံပြုတောင်းဆိုထားသည်၊၊
City Mart Supermarket မှ ဦးဆောင်ပြုလုပ်သည့် Promotion နှင့် ကံစမ်းမဲအစီအစဉ်များသည် City Mart Supermarket Official Facebook Page (သို့မဟုတ်) ဆိုင်အတွင်းကြော်ငြာစာများမှ ကြေညာမှသာတရားဝင်ဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်၊၊
ymg/tthl
#CityMartSupermarket
#ဆုမဲများပေးသောပရိုမိုးရှင်း
#ကြော်ငြာစာများ
#Yangon_Media_Group
#Local_News
Published_ 3April 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြည်မြို့တွင် သမီးရည်းစားချင်း စကားများကြရာမှ ဓားဖြင့်ထိုးသည့် ဖြစ်စဉ်တစ်ခု ဧပြီ (၂) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှသိရသည်။
ပြည်တက္ကသိုလ်အနီးရှိ အုန်းတောလမ်းမပေါ်တွင် အသက် (၂ဝ) ဝန်းကျင်အရွယ်ရှိ သမီးရည်းစားချင်းစကားများကြခြင်းဖြစ်ပြီး အမျိုးသားဖြစ်သူမှ ချစ်သူမိန်းကလေးအား ဓားထိုးခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသားတွင် လက်ချောင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတွင် တံတောင်အောက်ထိုးသွင်း သွေးထွက်ဒဏ်များ ရရှိခဲ့သည့်အတွက် အရေးပေါ်ဆေးကုသမှုခံယူရန် အတွက်ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ရသည်။
ymg/ynzw
#Local_News #သမီးရည်းစားချင်း စကားများ #ဓားထိုးမှုဖြစ်
#YMG #Yangon_Media_Group






#Local_News
Published_3 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေပြည်သူများမှ ကြက်သွန်နှုတ်နေစဉ် Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၂၉ ရက်တွင် အဆိုပါ ကြက်သွန်စိုက်ခင်းပိုင်ရှင်မှာ နစက ဆန့်ကျင်အဖွဲ့၏ ဆက်ကြေးတောင်းခြင်းခံခဲ့ရကြောင်း၊၎င်း ပိုင်ရှင်က ဆက်ကြေးမပေးခဲ့သည့်အတွက် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း ၊ယင်းလုပ်ရပ်ကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#ကြက်သွန်စိုက်ခင်း #Drop Bombပစ်ချတိုက်ခိုက်ခဲ့၍ #အရပ်သားနှစ်ဦးဒဏ်ရာရ
#YMG #Yangon_Media_Group
#Local_News
Published_ 3 April 2023
ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ပြေးဆွဲနေသော မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရ၍ အသက် ၇ နှစ်အရွယ် ကလေး၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ သံဃာတော် ၂ ပါးနှင့် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။
ဧပြီလ ၁ ရက် ည ၈ နာရီခန့်က ခရီးသည် ၁၆ ဦးတင်ဆောင်၍ ထွက်ခွာသည့် ယာဉ်မောင်းဦးကျော်စိုးလွင်မောင်းနှင်သော အဆိုပါ ခရီးသည်တင်ယာဉ် မှာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နှင့် ကမ္မလိုင်း ကျေးရွာအကြားရှိ မိုင်တိုင်အမှတ် (၈၄/၁) နှင့် (၈၄/၂) ကြား နေရာသို့အရောက်တွင် လမ်း၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရရသူများမှာ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#ခရီးသည်တင်ယာဉ်ပစ်ခတ်ခံရ #ကလေး၁ ဦးနှင့်အမျိုးသမီး ၁ ဦးသေဆုံး
# YMG #Yangon_Media_Group

Page 1359 of 2215