Published_ 26 July 2023
မိုခါမုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများကို အာမခံလျှော်ကြေးပေးချေခဲ့ကြောင်းနှင့် တောင်သူလယ်သမားများ သီးနှံပျက်စီးသွားလည်းအာမခံကြေးရအောင် ဆောင်းစပါးသီးနှံရာသီအမီ သီးနှံအာမခံထားရှိနိုင်ရေး ပေါ်လစီရေးဆွဲဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းကို (၃၃)ကြိမ်မြောက်အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အစည်းအဝေးတွင် အာမခံကြီးကြပ်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊စီမံကိန်းနှင့်ဘဏာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်တွင်မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး မီးအာမခံနှင့် မော်တော်ကာ’အာမခံထားရှိ ထားသူများကို အာမခံလျှော်ကြေးပေးချေမှုများဆောင်ရွက်ခဲ့ကြောင်း၊ တောင်သူလယ်သမားများအတွက်လိုအပ်သည့် သီးနှံအာမခံထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်းစပါးသီးနှံအမီပေါ်လစီပေါ်လစီရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊သီးနှံကြိတ်ခွဲပြီးသယ်ယူသည့် အခါတွင်လည်းကောင်း၊သိုလှောင်သည့်အခါတွင်လည်းကောင်းလိုအပ်သည့်အာမခံအကာအကွယ်များဖြစ်သည့် မီးအာမခံ၊သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်သည့်အာမခံများကို အာမခံကုမ္ပဏီများမှရောင်းချပေးလျက်ရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အစိုးရ၊ဖက်စပ်၊ပုဂ္ဂလိကပိုင် ကုမ္ပဏီစုစုပေါင်း(၂၇)ခုမှ အာမခံအမျိုးအစား(၄၂)မျိုးကိုဝန်ဆောင်မှုများပေးနေကြောင်း သိရသည်။
Yangon_Times/Tthl
#Local_News
#YMG #Yangon_Times
Publishded_ 26 July 2023
ဧရာဝတီမြစ်အဖြစ်စတင်မြစ်ဖျားခံစီးဆင်းရာ မေခနှင့်မလိခမြစ်ပေါင်းဆုံရာ ဒေသဖြစ်သည့် မြစ်ဆုံဒေသကို မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဂ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြစ်ဆုံဒေသ၏ မူလသဘာဝအလှအပများကို ပျက်ဆီးဆုံးရှုံးမူ့မရှိစေရန်နှင့်ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်ရန်အတွက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
မြစ်ဆုံဒေသကိုအဆင့်မြင့်တင်ဆောင်ရွက်ရာတွင် ပထမငါးနှစ်တာကာလအတွင်း မြစ်ဆုံသွားလမ်းနှင့် မြစ်ကြီးနားဆွန်ပရာဘိုပြည်ထောင်စုလမ်းမကြီးလမ်းဆုံနေရာများတွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်နှင့်အထိမ်းအမှတ်များပါဝင်သောမုဒ်ဦးတည်ဆောက်ခြင်း ၊မြစ်ဆုံသွားလမ်းအဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် မြစ်ဆုံဧရိယာအတွင်းတွင် ကျယ်ဝန်းသောကားပါကင်တည်ဆောက်ခြင်း၊ Hallခန်းတွင် ရိုးရာစားသောက်ခန်းများထားရှိခြင်း၊ မြစ်ဆုံကျောက်များဖြင့်အလှဆင်သည့်လုပ်ငန်းများအားဖော်ထုတ်ပြသခြင်းတို့အပြင် နေရာရှူခင်းများကိုပြုပြင်၍အလှပန်းဥယျာဥ်ဆောင်ရွက်ခြင်း နှင့် ကလေးကစားကွင်းများကိုထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ် မြစ်ဆုံဒေသသည် မြစ်ကြီးနားမြို့နှင့် ( ၂၈ )မိုင်ကွာဝေးပြီး မော်တော်ယာဥ်ဖြင့်သွားလာပါက တစ်နာခွဲအချိန်ခန့်သာကြာမြင့်သည့်အတွက်ခရီးသွားများနှင့် ဒေသခံပြည်သူများ အများဆုံးလာရောက်လည်ပတ်ကြသည့်နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
Yangon_Times/MND
#Local_News
#YMG #Yangon_Times
Published_ 26 July 2023
မုတ်သုန်အားကောင်းပြီး လေဖိအားနည်းရပ်ဝန်း၏သက်ရောက်မှုကြောင့် ရန်ကုန်အပါအဝင်ဒေသအချို့တွင် မိုးသည်းထန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံထဲသို့ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုဆိုသည်။
ထူးခြားချက်အနေဖြင့် ဖိလစ်ပိုင် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီသည်လည်းဇူလိုင်၂၈ရက်တွင်တရုတ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားသည်။
နောက်နှစ်ရက်အတွင်းတနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင်မိုးပိုမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုန်းရွာမည်ဖြစ်သလို မန္တလေးနှင့် နေပြည်တော်တွင်လည်း နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
အခုရက်ပိုင်းအတွင်း စစ်တွေ၊ရေး။ပြည်၊ကျိုက်မရော၊ဘားအံ၊ခန္တီး၊တမူး၊ပေါင်၊ရန်ကုန်မင်္ဂလာဒုံ၊ ပူတာအို၊သထုံတို့တွင် မိုးသည်းထန်ခဲ့ပြီး မိုးရေချိန်များများခဲ့သည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
Published_ 26 July 2023
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြာင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သူ ပြည်သူများအား မိတ္တာ(Matta Clinic)အဖွဲ့က နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။
မိတ္တာအဖွဲ့အနေဖြင့် လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ ပေါက်တောမြို့နယ် ၊ ဘူးသီးတောင်မြို့နယ် သုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ကွင်းဆင်းကာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရသည်။
ယင်းသို့ ပြုလုပ်ပေးရာတွင် ပြီးခဲ့သော ဇွန်လမှာစတင်ကာ ယနေ့အချိန်အထိ ကျေးရွာပေါင်း (၃၀)ခန့်ရှိ ကျေးရွာသူ/ကျေးရွာသားများအား နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါအဖွဲ့အနေဖြင့် ရခိုင် ပြည်နယ်အတွင်း အိမ်တိုင်ရာ ရောက် ဆွေးနွေးနှစ်သိမ့်မှုများ ပြု လုပ်ပေးနေသလို၊ အွန်လိုင်းမှတဆင့်လည်း ပြုလုပ်ပေးလျက်ရှိပြီး၊ ယင်းအတွက် အခကြေးငွေယူခြင်းမရှိဘဲ ဝန်တောင်မှုပေးနေခြင်းဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times
မြန်မာယူ ၁၂ 2023 အတွက် ဆန်ခါတင်ကစားသမား (၂၅)ဦး ရွေးချယ်ပြီးစီး
သြဂုတ်လ ဒုတိယအပတ်တွင်း အပြီးသတ်ကစားသမား (၁၈)ဦးကို ထပ်မံရွေးချယ်မည်။
Yangon Times/my
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
အမြန်လမ်းက မေတ္တာကမ်းလက် မိဘမဲ့ကလေးများစောင့်ရှောက်ရေးတွင်ဆေးဝါးနှင့်စားသောက်ကုန်များလိုအပ်နေ
ပညာသင်ယူနေသည့်ကလေးငယ် ၁၄၄ ယောက် ကို ဆရာဆရာမ ၉ ယောက်က ပညာဒါနအဖြစ် စာသင်ကြားပေးနေပါတယ်။
Yangon Times/mnd
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
ရန်ကုန်မြို့ ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း ပြီးစီးပါက ယခင်ခုတ်မောင်းချိန်ထက် လျော့ချသွားမည်ဟုဆို
အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ပြီးဆုံးရင်တော့ မိနစ် ၅၀ အကြာအထိ လျော့ချခုတ်မောင်းနိုင်မည်
Yangon Times/my
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
Page 1359 of 2419