#Local_News
Published_ 2 May 2023
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တာမွေပလာဇာရှေ့က ပလက်ဖောင်းဘေးမှာ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံက သိရသည်။
မေလ ၂ရက်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ တာမွေပလာဇာရှေ့က ပလက်ဖောင်းဘေးမှာ အသက် ၃၃နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးနေခြင်းဖြစ်သည်။
အဆိုပါသေဆုံးသူသည် တာမွေကြီး(က+ဂ)ရပ်ကွက်၊ ၁၅၆လမ်းနေသူ ဦးဝင်းအောင်ကို(အသက် ၃၃နှစ်)ဖြစ်တယ်လို့ သိရပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
သေဆုံးသူရဲ့ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ကုသိုလ်ယူခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့က ထုတ်ပြန်ထားသည်။
ymg/ppk
#YMG #Yangon_Media_Group





#Local_News
Published_ 2 May 2023
ဧရာဝတီမြစ်အတွင်း ရေဆော့သူ ၊ ရေချိုးလာသူ ၊ အပန်းဖြေသူများ အသက်အန္တရာယ်မဖြစ်စေရေး အတွက် သတိပေး ဆိုင်းဘုတ်များကို ဧပြီလ ၃၀ ရက်က စိုက်ထူခဲ့ကြောင်း ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းကသိရသည်။
ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာမှ မကြာခဏ ရေနစ်မြုတ်သေဆုံးသူများ ရှိလာနေသည့်အတွက် ယင်းဆိုင်းဘုတ်များကို ပြည်မြို့ ဘောတံတားအောက်တစ်လျှောက် မြစ်ကမ်းဘေးတွင်အသက်အန္တရာယ်မဖြစ်စေရေးအတွက်ရည်ရွယ်၍ "သတိ-ရှေ့ဆက်တိုးလျှင်သေတတ်သည်" ဟု ရေးသားထားကြောင်း သိရသည်။
"အခု ရက်ပိုင်းအတွင်းမှာ အရမ်းပူနေတာကြောင့် မြစ်ထဲမှာ ရေဆင်းချိုးသူတွေ များနေတယ်။ရေချိုးတာကနေ ရေနစ်တာတွေ ဖြစ်တယ်။ဒါကြောင့် ဒီလို အန္တရာယ်တွေ မဖြစ်အောင် ဆိုင်းဘုတ် စိုက်တာ ဖြစ်ပါတယ်"ဟု ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ၂၇ရက်ကလည်း ပြည်မြို့ဧရာဝတီမြစ်အတွင်းမိသားစု ၆ဦး ပြည်မြို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာ ၃ဦးရေနစ်ခဲ့သေးကြောင်း၊ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရတနာပုံတံတားအောက် ဧရာဝတီမြစ်အတွင်း အမျိုးသား၁ဦးရေဆင်းချိုးရာမှရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News ##ဧရာဝတီမြစ် #အသက်အန္တရာယ်မဖြစ်စေရေးသတိပေ #ဆိုင်းဘုတ်
#YMG #Yangon_Media_Group



#Local_News
Published_ 2 May 2023
ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ကာ လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
တပ်မတော် (ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)များကိုလည်းကောင်း တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများကို သက်ဆိုင်ရာမြို့ နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်း လူငယ်စခန်း များတွင်လည်းကောင်း သင်ကြားလျက်ရှိကြောင်း သိရသည်။
တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးတို့ကို မေလ ၁ ရက်တွင် သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည်။
ယင်းအပြင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်းလူငယ်စခန်း ၁၁ ၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊တပ်မတော်(လေ)က လည်း လေကြောင်း လူငယ်စခန်း ၁၇ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ymg/pl
#Local_News #ရေကြောင်းနှင့်လေကြောင်းလူငယ် #အခြေခံသင်တန်းများ
#YMG #Yangon_Media_Group






Published 1 May 2023
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာကို မေလ(၁)ရက် တနင်္လာနေ့က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံ၏ နီးကပ်သော အိမ်နီးချင်းနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု အခြားသော နိုင်ငံများထက် တရုတ်နိုင်ငံ ယုံကြည်မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်က ပြောပါတယ်။ ဒါပေမယ့် မြန်မာ့ပြဿနာရဲ့အကြောင်းရင်းဟာ ရှုပ်ထွေးပြီး ပြဿနာတွေကို ခပ်မြန်မြန်ဖြေရှင်းလို့ မရဘူးလို့လည်း သူက ကုလအထူးသံတမန်ကို ဆက်လက်ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေ အားလုံးအကြား ခြားနားမှုတွေကိုပေါင်းကူးပေးကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အောက်ကနေ နိုင်ငံရေးဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရေး ထောက်ခံအားပေးသင့်တယ်လို့လည်း ချင်က ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ ဖျန်ဖြေစေ့စပ်ရေးကြိုစားအားထုတ်မှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက လေးစားသင့်ပြီး အကြမ်းဖက်မှုတွေချက်ခြင်းရပ်ဆိုင်းရေး၊အဖွဲ့တွေအကြားစေ့စပ်ဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် အဖွဲ့အားလုံးနှင့်တွေ့ဖို့ မြန်မာနိုင်ငံကိုသွားရောက်မယ့် အထူးသံတမန် တစ်ဦးခန့်ထားရေးတွေပါဝင်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်မှု တိုးမြှင့် လုပ်ဆောင်သင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။
တင်းမာမှုတွေအရှိန်မြင့်တက်လာမှာနှင့် မြန်မာ့ပဋိပက္ခပြန့်နှံ့သွားမယ့်အရေးကနေ ဟန့်တားနိုင်ဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့တွေဟာ ချင့်ချင့်ချိန်ချိန်နှင့် လက်တွေ့ကျကျဆောင်ရွက်ဖို့လိုအပ်တာကိုလည်း နိုင်ငံခြားရေးဝန်ကြီးချင်က အလေး ပေးပြောဆိုခဲ့ပါတယ်။ အဲဒီအပြင် ဟေဇာရဲ့ စေ့စပ်ညှိနှိုင်းရေးကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်နိုင်ငံအနေနှင့် ထောက်ခံမှုပေးလိုတဲ့ဆန္ဒရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
မြန်မာ့ပြဿနာ ပြေငြိမ်းရေးဟာ မြန်မာကသာဦးဆောင်သင့်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစာသင့်တယ်လို့ ဟေဇာကပြောဆိုပါတယ်။
ဆွေးနွေးမှုတွေဟာ အတိတ်ကိုမပြောင်းလဲနိုင်ပေမယ့် အနာဂတ်ကိုတော့ ကွဲပြားခြားနားအောင်လုပ်ပေးနိုင်ပါတယ်လို့ သူမကဆက်လက်ပြောဆိုပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေကတစ်ဆင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းလုံခြုံမှုရရှိရေးနှင့်လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရင်းနှင့် စေ့စပ်ဆွေးနွေးမှု၊ ဒေသတွင်း ဘုံဖွံ့ဖြိုတိုးတက်မှုနှင့်ချမ်းသာကြွယ်ဝမှုတိုးမြှင့်ရေးတို့အတွက် ကုလသမဂ္ဂက ရပ်တည်ထားပါတယ်လို့လည်း သူမက ဆက်ပြောပါတယ်။
မြန်မာပြဿနာမှာ အာဆီယံက တက်ကြွတဲ့ အခန်းကဏ္ဍကပါဝင်နေခြင်းအပေါ်လည်း ကုလမသဂ္ဂက ထောက်ခံအားပေးတယ်လို့ ဟေဇာက ဖြည့်စွက်ပြောကြားပါတယ်။
မြန်မာပြဿနာ ပြေငြိမ်းရေးတိုးမြှင့်လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍအပေါ် ချီးကျူးတဲ့ အကြောင်းလည်း ဟေဇာကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ တရုတ်က ဆက်လက်လုပ်ဆောင်လိမ့်မယ်လို့လည်း သူမက မျှော်လင့်ယုံကြည်တဲ့အကြောင်းပြောခဲ့ပါတယ်။
Source CCTV+
#တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်နိုလင်းဟေဇာတွေ့
#မြန်မာ့နိုင်ငံရေး
#YangonMediaGroup
#Loacl_News
Published_ 1 May 2023
အလှူပွဲလမ်းသဘင်များတဲ့ ပွင့်လင်းရာသီနဲ့ သင်္ကြန်တွင်းကာလတွေအပြီး အသားတိုးကြက် ခြံဖမ်းဈေးဟာ ဈေးအနည်းငယ်သာပြန်ကျလာတယ်လို့ အသားတိုးကြက် မွေးမြူသူများသူထံမှ သိရပါတယ်။
#Loacl_News #အသားတိုးကြက် #ဈေးပြန်ကျ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ဆေးရုံကြီး ကိုးထပ်ဆောင်ကို အောက်ဆီဂျင်ဖြန့်ဝေပေးတဲ့ Stationမှာ မီးလောင်ကျွမ်းမှုဧပြီလ (၃၀)ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ ပုသိမ်ရှိ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်၊၊
#Local_News #အပူချိန်မြင့် #ပုသိမ်ဆေးရုံ #အောက်ဆီဂျင်ဖြန့်ဝေပေးသည့်Station #မီးလောင်ကျွမ်းခဲ့ #ထိခိုက်ဒဏ်ရာရသူ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို့ ကျဆင်းခဲ့ပြီး ၉၂တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီဈေးနှုန်း
#YMG #Yangon_Media_Group
Page 1360 of 2274