#Local_News
Published- 8 June2023
ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေးကျင်းပပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများအား MoU U-Turn စနစ်ဖြင့် စနစ်တကျ ပြန်လည်စေလွှတ်နိုင်ရေး ဇွန်လ၆ရက်က နေပြည်တော်တွင်ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လက်ရှိလုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအား U-Turn စနစ်ဖြင့် ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့် MoU စနစ် အလုပ်သမား(လူဟောင်း)များကို ယခင်အလုပ်ရှင်ထံသို့ ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ လုပ်ငန်းစဉ်ကို သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး အလုပ်ရှင်၊ အလုပ်သမား နှင့်အေဂျင်စီများအကြား တာဝန်ယူမှုစနစ် တည်ဆောက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားများ ပြန်လည်စေလွှတ်ရာတွင် သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး ပြန်လည်စေလွှတ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင် အလုပ်ခေါ်စာတွင်ပါရှိသည့် အမှန်တကယ် ခေါ်ယူလိုသော အလုပ်သမားအရေအတွက်အပေါ် မြန်မာအေဂျင်စီများမှ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် အလုပ်သမားကလည်း မည်သည့်အေဂျင်စီက တာဝန်ယူဆောင်ရွက်ပေးနေသည်ကို သိရှိရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
#ymg/BM #Local_News #MoU U-Turn #မြန်မာ - ထိုင်းနှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်း #YMG #Yangon_Media_Group
#Local_News
Published _8 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ်(၉၀/၉၁) ၊ မိဘမေတ္တာမူကြိုကျောင်း(ပုဂ္ဂလိကပိုင်)၌ မူကြိုဆရာမများ အဖြစ်လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေါ်သဲမာလာဝင်း(ဘ)ဦးရွှေခိုင်နှင့် ဒေါ်ဆောင်းသဇင်ဦး (ဘ)ဦးမောင်ဦး တို့အား ဇွန်လ ၆ ရက် ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် PDF များက လုပ်ကြံခဲ့ကြတယ်လို့ နစကသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါဆရာမများက မူကြိုကျောင်းအတွင်း ရှိနေစဉ် PDF ၄ ဦးက အဖြူရောင်အငှားယာဉ် ၁ စီးဖြင့် အနော်ရထာလမ်းဘက်မှ အေးမေတ္တာလမ်းအတိုင်း မောင်းနှင်ရောက်ရှိလာပြီး မူကြိုကျောင်းအတွင်းသို့ ဝင်ရောက်ကာပစ္စတိုသေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်၍ လာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် မူကြိုကျောင်းဆရာမ ၂ ဦးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ ရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#ymg/BM #Local_News #ထန်းတပင် #မူကြိုကျောင်းဆရာမ
နှစ်ဦး သတ်ဖြတ်ခံရ #YMG #Yangon_Media_Group
#Local_News
Published 7 June 2023
မိုးရာသီမှာ ဖြစ်ပွားလေ့ရှိတဲ့ ရေကြီးရေလျှံဖြစ်ခြင်းနှင့် မြွေအန္တရာယ်အတွက်ကူညီပေးဖို့ကြိုတင််ပြင်ဆင်ထားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်နေပြီလေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့်မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနိုင်ကြောင်း မိုးလေ၀သနဲ့ဇဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၇ရက်နေ့ မနက်ပိုင်းတွင် ထုတ်ပြန်ထားပါတယ်။
#Local_News #လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
လက်ရှိမှာ ကမ္ဘာ့ရွှေစျေး အနည်းငယ်ကျဆင်းနေပေမယ့်လည်း ပြည်တွင်းရွှေစျေးနှုန်းဟာ သိန်း၃၀အထက်မှာပဲ ရှိနေပါတယ်။ ပြည်တွင်းရွှေစျေးနှုန်းမတည်ငြိမ်မှုကြောင့် ပြည်ပရွှေတင်ပို့မှုကို ရပ်နားထားရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ရွှေစျေးနှုန်းများမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
ဇွန်လ ၆ရက်နေ့ ညပိုင်းက ပုဂံတွင်မိုးသည်းထန်စွာရွာသွန်းခဲ့ မိုးကြိုးများပစ်ခတ်မှုကြောင့် ဗူးဘုရား ရဲ့ကိုယ်လုံးတော်တွင် မိုးကြိုး ၅ချက်ခန့် ချက်ထိမှန်ခဲ့ကြောင်း ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေးအသင်း တာ၀န်ခံကYMG ကို အတည်ပြုပြောကြားပါတယ်။
#Local_News #မိုးကြိုးပစ်ခတ်မှုကြောင့် ဗူးဘုရားမိုးကြိုးခ
#YMG #Yangon_Media_Group
#Daily_News
Published_ 7 June 2023
၁။ ပုဂံတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဗူးဘုရားမိုးကြိုးခ
၂။ ပြည်တွင်းရွှေစျေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်ပရွှေတင်ပို့မှုရပ်နားထား
၃။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်နေ
၄။ လူထောင်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်သည့် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကြီး ပဲရစ်တွင်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1364 of 2351