#LocalNews
Published_ 14 February 2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာရုံရှိ အမှတ်(၁)စင်္ကြံပလက်ဖောင်းပေါ်တွင် ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်အချိန် နစက ဆန့်ကျင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မိုင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးနှင့် ဘူတာရုံအတွင်းရှိ ခရီးသွားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး ညောင်လေးပင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာရရှိသူများအနက်မှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒဏ်ရာ ရရှိသူများအား ပဲခူးမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနိုင်ရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 February 2023
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၁ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမူဦးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 February 2023
စပါးပေါ်ချိန်ဖြစ်တဲ့အတွက် ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ အရောင်းအနည်းငယ်ပြန်လိုက်လာပြီး အဝယ်မရှိတဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်ငန်းရှင်တွေကို မေးမြန်းချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 February 2023
အခုရက်ပိုင်းတွေမှာ မနက်ခင်းပိုင်းရာသီဥတုအေးလာတဲ့အတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုးသူတွေ၊ တုပ်ကွေးရောဂါဖြစ်သူတွေများနေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_12 October 2022
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့ရှိ ညောင်လေးပင်ဘူတာရုံမိုင်းခွဲခံရသောကြောင့် ညောင်လေးပင်ဘူတာရုံမိုင်းခွဲခံရသည့်အတွက် ပွဲချင်းပြီးသေဆုံးသူ ၃ ဦးနှင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန်က ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ယင်း ဘူတာရုံရှေ့တည့်တည့် ပလက်ဖောင်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်းကြောင့် အခင်းဖြစ်နေရာတွင် ရထားစီးရန်စောင့်ဆိုင်းနေကြသော ပြည်သူများထဲမှ ၃ ဦးမှာ ပွဲချင်းပြီး ဆုံးပါးသွားကြောင်း သိရသည်။
"၃ ယောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်။ဆေးရုံမှာလည်း ထပ်ပြီးဆုံးတယ်လို့ သိရတယ်။ကျွန်တော်သိရသလောက်ကတော့ သေတဲ့သူ ၅ ယောက်လောက် ရှိမယ်တဲ့၊ဘူတာရုံပိုင်ကြီး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်"ဟု အဆိုပါ ဖြစ်စဉ်ကို သိရှိခဲ့သူတစ်ဦးက ပြောသည်။
ယခုအခါ ဒဏ်ရာရသူများအား ညောင်လေးပင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 February 2023
ဖေဖော်ဝါရီလ မနက် ၆နာရီ အချိန်ကစပြီး ရန်ကုန်မြစ်မှာ မြူတွေပိတ်ဆိုင်းနေတဲ့အတွက် ဒလပန်းဆိုးတန်း ကူးတို့ဆိပ်ခေတ္တပိတ်ထားတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 13 February 2023
၁။ မြူတွေပိတ်နေတဲ့အတွက် ဒလပန်းဆိုးတန်း လူကူးကူးတို့ဆိပ် အချိန်ပိုင်းခေတ္တပိတ်ထား
၂။ မနက်ခင်းပိုင်းအေးလာ၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့် တုပ်ကွေးများအဖြစ်များနေ
၃။ ရန်ကုန်ရွှေဈေးကွက်မှာ အရောင်းသာရှိပြီးအဝယ်မရှိ
၄။ ပြင်သစ်နိုင်ငံထုတ် TGV နှစ်ထပ်ရထားသစ်ကြီး စမ်းသပ်မောင်းနှင်ရန် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1354 of 2130