#Local_News
Published_17 January 2023
တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၃၀ ကျော်ကို ယနေ့ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့၊ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
ယနေ့(ဇန်နဝါရီလ ၁၇ ရက်) တွင် ကုန်ထုတ်လုပ်သားသစ် (၈၃) ဦး၊ CBT ကုန်ထုတ်လုပ်သား (၅) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၄၅) ဦး၊ Re-entry စိုက်ပျိုး၊ မွေးမြူရေးလုပ်သား (၃) ဦး၊ စုစုပေါင်း (၁၃၆) ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး၊ မွေးမြူရေးလုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံးစေလွှတ်ထားပြီး လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန်အတွက် EPS စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 17 January 2023
နာဂဒေသ လဟယ်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓ သာသနာပြု သီလရှင်ကျောင်းတို့တွင် လှူဖွယ်ပစ္စည်းများကို နစက ဥက္ကဌက ဇန်နဝါရီလ ၁၆ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓက ဘဒ္ဒန္တသုမန အမှူးပြုသည့် သံဃာ တော်များအား ဖူးမြော်ကြည်ညိုကာ သာသနာတော် ထွန်းကား ပြန့်ပွား ရေးဆိုင်ရာများ၊ ကလေးငယ်များပညာသင်ကြားရေး ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန် တော်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများနှင့် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓ သာသနာ ပြု(ဗဟို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမ များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ ရောက်ရှိကြပြီး သာသနာနွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများကို ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ၊ ပညာသင်ကြားရေးဆိုင်ရာများနှင့် သီလရှင်ကျောင်းအတွက် လိုအပ်ချက်များကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 January 2023
အရက်သေစာသောက်စားခြင်းများကို တတ်နိုင်သမျှအသိတရားဖြင့် ထိန်းသိမ်းကြရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်နှင့်ကွမ်းသုံးစွဲမှုများကိုလည်း ရှောင်ကြဉ်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဇန်နဝါရီလ ၁၆ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ လဟယ်မြို့ရှိ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်၏ မူလတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေး စွမ်းရည်များပြည့်ဝနေရန်လိုကြောင်း၊ စွမ်းရည်များတိုးတက်စေရေးအတွက်အမြဲ လေ့ကျင့်နေရမည်ဖြစ်ပြီး စွမ်းအားများတိုးတက်စေရေးအတွက်လည်း တပ်မတော်ကို အဆင့်မြင့်တင်ခြင်းများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်းစွမ်းရည်များတိုးတက်စေရန်အတွက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှုများကို စနစ် တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စွမ်းရည်ရှိသည့် တပ်ဖြစ်လာမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ယင်းအပြင် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက်လည်း အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံနှင့် စစ်သည်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာရရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ကိုဗစ်ကြောင့် ပိတ်ထားရသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ ဖြစ်တဲ့ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်တွေကို ပြန်ဖွင့်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ယခုလအတွင်းမှာ စားအုန်းဆီဈေးနှုန်းက တစ်ပိဿာကို ကျပ် ၆၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာတယ်လို့ ရောင်းချသူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 January 2023
ပြင်ပဈေးကွက်ထဲမှာ ရွှေဈေးကို ဈေးကစားမှုတွေရှိနေတာကြောင့် ဈေးအတင်အချ ပြုလုပ်မှုတွေမရှိစေဖို့အတွက် သက်ဆိုင်ရာဌာနကနေ မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
အိမ်နီးချင်းနိုင်ငံတွေနဲ့ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကျော့ပြန်ကိုဗစ်တွေအဖြစ်များနေတဲ့အတွက် မြန်မာမှာတစ်ကျော့ပြန် ကိုဗစ်မဖြစ်အောင် သတိပြုကာကွယ်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1349 of 2071