#Daily_News
Published_ 30 June 2023
၁။ ရုရှားနှင့် တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲတော့မည်ဖြစ်၍ လာမည့်ခရီးသွားရာသီတွင် ရုရှားခရီးသွားများ ပိုများလာနိုင်
၂။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အမှန်တကယ် နေထိုင်ရေး အခက်အခဲရှိပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို (၅)နစ်ကြာ ငှားရမ်းနေထိုင်ခွင့် ပြုသွားမည်
၃။ ရန်ကုန်-မန္တလေးမှ တရုတ်နိုင်ငံမန်စီမြိုသို့ လေကြောင်းခရီးဖြင့် အပတ်စဉ်သွားနိုင်ပြီ
၄။ တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် အဲယားဘတ်စ်လေယာဉ်အား ဥရောပတစ်သို့ ပထမဆုံးအကြိမ်ပို့ဆောင် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ရန်ကုန်-မန္တလေး-မန်စီတိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲ
‘ရန်ကုန်-မန္တလေး-မန်စီခရီးစဉ်သစ် ပျံသန်းပြေးဆွဲမှုဟာမြန်မာနိုင်ငံနဲ့ တဲဟုန်ပြည်နယ်ခွဲအကြားစီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ်ရေးစတဲ့ ကဏ္ဍတွေမှာ ပိုမိုနက်ရှိင်းစွာပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ အပတ်စဉ် အင်္ဂါနေ့၊ကြာသပတေးနေ့နဲ့စနေနေ့တွေမှာပြေးဆွဲသွားမယ်’(နိုင်ငံခြားရေးဝန်ကြီးဌာန)
Yangon Times/tthl
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အမှန်တကယ် နေထိုင်ရေးအခက်အခဲရှိပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့်
နိုင်ငံ့ဝန်ထမ်းများကို (၅)နစ်ကြာ ငှားရမ်းနေထိုင်ခွင့် ပြုသွားမည်
ဌားရမ်းခွင့် ရရှိသူများအနေနဲ့ ကနဉီး ငှားရမ်းခ သုံးလစာ ပေးသွင်းသွားရမည်
Yangon Times/my
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
တိုက်ရိုက်လေကြောင်းလိုင်း ရှိလာမည်ဖြစ်၍ ရုရှားခရီးသွားများ တိုးလာနိုင်
‘ပြီးခဲ့တဲ့နှစ်တွေက ရုရှားခရီးသွားတွေကို ဗီဇာFreeပေးခဲ့ပေမယ့် တိုက်ရိုက်လေကြောင်းပြေးဆွဲမှုမရှိသေးတဲ့အတွက် ခရီးသည်တွေကထင်သလောက်မတက်လာခဲ့ဘူး။ဒီနှစ်မှာတော့တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲမှုတွေရှိလာတော့မှာဖြစ်လို ရုရှားခရီးသွားဝင်ရောက်မှုတိုးလာနိုင်ခြေရှိတယ်’ဦးနောင်းနောင်းဟန်(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ)
Yangon_Time/tthl
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
ယာဉ်စည်းကမ်းမလိုက်နာသည့် YBS ယာဉ်များကို မှတ်တိုင်များရှိ စစ်ဆေးရေးအဖွဲက ဓာတ်ပုံမှတ်တမ်းဖြင့် စောင့်ကြည့် အရေးယူမည်
စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်း (၁၀၀) ဉီးကို ခေါ်ယူပြီး အသိပညာပေး
Yangon Times/myn
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
၅၂ ကြိမ်မြောက်အောင်ဘာလေထီ ဆုချီးမြှင့်ပွဲမှာ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ကျပ်သန်း(၃၆၂၃ဒဿမ၆၉၂)ချီးမြှင့်
ဇွန်လအတွင်းက ရောင်းချထားတဲ့ အောင်ဘာလေသိန်းဆုထီလက်မှတ်နဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်တွေကနေ ကျပ်သန်း (၅၁၇၆ ဒဿမ ၇၀၃ )အထိ ရောင်းချရ
Yangon_Times/ my
#Local_News
#Published_ 30 June 2023
#YMG #Yangon_Times
Published_ 30 June 2023
မန္တလေးမြို့တိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ဘုန်းတော်ကြီးတစ်ပါးရေတွင်းထဲပြုတ်ကျ၍ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ကသိရသည်။
ဖြစ်စဥ်မှာ ၂၉ရက် ညနေ ၅နာရီ၃၀မိနစ်ခန့်က အမရပူရမြို့နယ် မြပုခက်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း အနက်ပေ (၄၀) ဝန်းကျင်ရှိ သုံးရေတွင်းထဲသို့ ဘုန်းတော်ကြီးတစ်ပါးပြုတ်ကျခဲ့ကြောင်းသိရသည်။
"အနက်ပေ (၄၀)ဝန်းကျင်ရှိ ရေတွင်းထဲမှာ ရေအနက်က ၅ပေကျော်လောက်ရှိပါတယ်။ သေဆုံးနေတာတွေ့ရပြီး ပြန်ဆယ်တင်ပေးခဲ့ပါတယ်"ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
ဖြစ်စဥ်နေရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) တိုင်းရုံး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ချက်ချင်းသွားရောက်ခဲ့ပြီး အမှိုက်ဆင်းဆယ်ရင်း ပြုတ်ကျသည်ဟုယူဆရကြောင်းလည်း နီးစပ်သူတစ်ဦးကဆိုသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
Page 1259 of 2277