#Local_News
Published-25 October 2023


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဂုံတိုင်လမ်း ဝင်း Battery ဆိုင်ရှေ့ ဓါတ်တိုင်လဲသည့်အတွက် ဓါတ်တိုင်ပေါ်ရှိ ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်း(ဗဟန်းမြို့နယ်)မှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၂၅ရက်၊ နေ့လယ်ပိုင်းအချိန်က အလယ်ရွှေဂုံတိုင်ရပ်ကွက်ရွှေဂုံတိုင်လမ်း ဝင်း Battery ဆိုင်ရှေ့၌ လျှပ်စစ်မီးပြန်လည်ရရှိရန်အတွက် လျှပ်စစ်ဝန်ထမ်းများက ပြန်လည်ပြုပြင်နေကြစဉ်လဲကျခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ဒဏ်ရာ ရရှိခဲ့သော လျှပ်စစ်ဝန်ထမ်းများအား ဗဟန်းကြက်ခြေနီအသင်း လူနာတင်ယာဉ်တစ်စီး၊ ရွှေဂုံရိပ်မွန် လူမှုကူညီရေးအသင်း လူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင် ပေးခဲ့ရကြောင်းသိရသည်။

 

#Local_News #ဓါတ်တိုင်လဲ #လျှပ်စစ်ဝန်ထမ်းနှစ်ဦးဒဏ်ရာရ #Yangon_Times/PP