Published_ 30 June 2023
မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်(မိုင်တိုင်အမှတ်၊ ၁၃၁/၆ နှင့် ၁၃၁/၇ ကြား၊ တံတား အမှတ်(၃/၁၃၂)၊ အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသောကြောင့် မော်တော်ယာဉ်ကြီးများသွားလာရန် ခက်ခဲနေကြောင်း သိရသည်။
ဇွန်လ ၂၉ ရက် နံနက်ပိုင်းက အထက်ပါအတိုင်း ဖောက်ခွဲခံခဲ့ရခြင်းဖြစ်သောကြောင့် ကျုံအိတ်တံတား၏ အနောက်ဘက်ခြမ်း ၆၆ ပေခန့် ပဲ့ကျပျက်စီးခဲ့ပြီး ယင်းသို့ ဖြစ်စဉ်ဖြစ်ပွား ချိန် တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ် ၃ စီးပြုတ်ကျ ပျက်စီးခဲ့ကာ အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက သွားရောက်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိစဉ် Drop Bomb များ အသုံးပြု၍ ထပ်မံလုပ်ကြံခဲ့သောကြောင့်အရပ်သား၂ ဦးထပ်မံသေဆုံး ခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်ကလည်း ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)ကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခဲ့သောကြောင့် တံတား၏ ကမ်းကပ်ခုံနှင့် ကပ်လျက် ၁၃၀ ပေခန့် ပြိုကျ ပျက်စီးခဲ့ရသေးသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ထိ စာရင်းများအရ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်းရှိ တံတားများ ဖောက်ခွဲဖျက်ဆီးခံရသည်မှာ၂၄ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times




Published_ 30 June 2023
ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသသည့် အခမ်းအနားတွင် အလှူရှင် ၁၀၁ ဦးက ကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့သော ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး ထပ်မံတည်ဆောက်ရန်အတွက် မလွယ်ကူသည့်အပြင် တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ချိန်တွင် အခက်အခဲများလည်းရှိခဲ့ကြောင်း၊ သာသနာ့ဗိမာန် တော်ကြီး အချိန်မီပြီစီးနိုင်ရေး နေ့၊ ည မပြတ်ဆောင်ရွက်ခဲ့ရကာ သာသနာတော်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေး ဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးလိုသဖြင့် ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလှူရှင် များ၏ အမည်များကိုကျောက်ချပ်များပေါ်တွင် ရေးထိုး၍ ကဗ္ဗည်းမှတ်တမ်း ထားရှိပေးမည်ဖြစ်ကြောင်းနှင့် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times



#Daily_News
Published_ 29 June 2023
၁။ မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ကိုရီးယားနဲ့ဂျပန်နိုင်ငံက ဆန်ရိက္ခာ (၅၅၄) တန်နဲ့ အသင့်စားဆန်ထုပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်
၂။ တစ်ရက်အတွင်း ကိုဗစ်ဓာတ်ခွဲနမူနာ ၇၀၀၀ ကျော်အနက် အတည်ပြုလူနာသစ် ၄၅ ဦးထပ်မံတွေ့ရှိ
၃။ အာဆီယံ အမျိုးသမီး U-19 ပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်နှင့် ထိုင်းတို့ဖြင့် ယှဉ်ပြိုင်ကစားမည်
၄။ အီဂျစ်နိုင်ငံ အလက်ဇန်ဒရီယာမြို့တွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ(၇)ဦးအထိရှိလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ဂုံဆိပ်ကမ်းမြို့နယ်တွင် ငွေကျပ် ၁၅၂၃ ဒဿမ ၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကနဦး ဖမ်းဆီးရမိသူနှစ်ဦးကို စစ်ဆေးချက်အရ ကွင်းဆက်တရားခံ နှစ်ဦးကိုပါ မူးယစ်ဆေးဝါးတွေနဲ့အတူ ထပ်မံ ဖမ်းဆီးရမိ
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
မြန်မာ့လက်ရွေးစင် ဘောလုံးသမား သန်းပိုင်ကို ချင်းမိုင်ယူနိုက်တက်အသင်းက ခေါ်ယူကစားရန် သဘောတူ စာချုပ် ချုပ်ဆို
၂၀၂၃/၂၀၂၄ ခုနှစ်အတွင်း ကျင်းပမယ့် M-150 ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် ချင်းမိုင်ယူနိုက်တက်အသင်းကသဘောတူစာချုပ် ချုပ်ဆို
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု(ဂ)ပွဲစဉ်မှာ ဖိလစ်ပိုင်နဲ့ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမည်
အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်းမြို့မှာ လာမယ့် ဇူလိုင် ၅ ရက်နေ့ ကနေ ဇူလိုင် ၁၇ ရက်နေ့အထိကျင်းပပြုလုပ်
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
ယနေ့အချိန်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၉၃၁၀) ဉီးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း (၁၉,၄၉၄) ဉီး ရှိ
ယနေ့အချိန်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ( ၁၀,၈၄၅,၁၂၃)ဉီးကို စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၄၀,၃၉၁ )ရှိ
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
Page 1260 of 2277