#Local_News
Published _ 6 December 2022
မြန်မာနိုင်ငံအတွင်းသကြားစက်ရုံတွေကနေ ကြံတစ်တန်ကို ကျပ် ၇၀၀၀၀ ကနေ အများဆုံး ကျပ် ၉၀၀၀၀ ဈေးအထိ သတ်မှတ်ဝယ်ယူနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် ၃ ဒသမ ၅ ဒေါ်လာနဲ့ ညီမျှတဲ့လုပ်ခလစာကိုရရှိဖိုအတွက် Brand ပေါင်း ၃၈ ခုကိုတင်ပြထာတယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်းဝင်းက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 December 2022
၁။ ၃ ဒသမ ၅ ဒေါ်လာနှင့်ညီမျှသည့် လုပ်ခလစာရရှိရန် brand ၃၈ ခုကိုတင်ပြထား
၂။ ကြံတစ်တန် ၉သောင်းကျပ်စျေးဖြင့် အရောင်းအဝယ်ကောင်းလျှက်ရှိနေ
၃။ ၃၇မင်းနတ်အကများနှင့် အပျိုတော်အကဖျော်ဖြေတင်ဆက်မှုများကို အမျိုးသားအဆင့် အမွေအနှစ်အဖြစ်ထိန်းသိမ်းမည်
၄။ ခေတ်ကုန်ဆုံးသွားသည့်အသံများကို ယူကေမှလူတစ်ဦး မှတ်တမ်းတင်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၅ ရက်အထိ ၈ လတာကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၇၃ ဒသမ ၈ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
ရုရှား-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၇ ခုကို ဒီဇင်ဘာလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်ပြုလုပ်သော တတိယအကြိမ် ရုရှား-မြန်မာအစိုးရချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် အထက်ပါအတိုင်း လက်မှတ်ရေးထိုးလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးသည့်အချက်များမှာ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(Strategy for the Development of Russia-Myanmar Economic Cooperation)ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအနေဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းခြင်း၊ သံနှင့်သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊တွင်းထွက်ပစ္စည်း ထုတ်လုပ်ခြင်း၊စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှု ထုတ်ကုန်များ ထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင် ရွက်ခြင်းတို့ကို အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 December 2022
မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းသို့ လက်နက်ကိုင်အဖွဲ့များက Drone ယာဉ်ဖြင့် Drop Bomb တစ်လုံးကို ပစ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး Drop Bomb မှာ အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သတ္တမဝေပုလ္လဓမ္မာရုံပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဓမ္မာရုံ၏ အမိုးပွင့်ထွက်သွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လက်ရှိတွင် ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 December 2022
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်နက်ကိုင်များထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရုံးဝန်ထမ်းတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာလ ၅ ရက် နံနက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သီနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်လျက် ရှိစဉ် ရုံး၏လက်ယာဘက်ခြမ်း ပြတင်းပေါက်အနီး၌ အဆိုပါ လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရုံးဝန်ထမ်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ခြင်း ဖြစ်ရာ အမျိုးသား ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယခုအခါ ကျန်လူနာများအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦအနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1252 of 1891