မြွေဆိပ်ဖြေဆေး ထုတ်လုပ်ဖို မြွေပွေးနဲ့ မြွေဟောက် အကောင်ရေထောင်ချီ ဝယ်ယူမယ်
မြွေပွေး( ၁၂၀၀)ကောင်နဲ့ မြွေဟောက် (၄၀၀)ကောင်ကို ဝယ်ယူလို
Yangon_Time/my
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံးအနီးလမ်းများ ခေတ္တပိတ်ထားမည်
‘အာဇာနည်နေ့ အခမ်းအနားကျင်းပရန်ရှိ၍ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)နဲ့ အတွင်းဝန်ရုံးအနီးရှိလမ်းများ ခေတ္တပိတ်ထားရန်ရှိ’ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
Yangon_Time/tthl
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
သထုံ-ဘားအံလမ်းပိုင်းကားလေးများပေးဖြတ်နေပြီ
‘ရန်ကုန်ကနေ မြဝတီသွားမယ့်သူတွေ မော်လမြိုင်ကပတ်ပြီးတော့သွားလို့ရပါတယ်။လတ်တလောမှာ တော့ဘားအံ့-သထုံလမ်းမကြီးကို ကားလေးတွေပေးဖြတ်နေပြီလို့သိရတယ်’ လူမှုကူညီရေးအဖွဲ တာဝန်ရှိသူတစ်ဦး
Yangon_Time/tthl
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
မြန်မာနိုင်ငံ မြစ်ရေကြီးရာသီ ရောက်တော့မည်
‘ မြန်မာနိုင်ငံရေကြီးရာသီက ဇူလိုင်နဲ့ဩဂုတ်လ။ မြစ်တွေရှိတယ် ဧရာဝတီနဲ့ချင်းတွင်းပေါ့။ အပေါ်ကရေတွေ မြစ်အောက်ပိုင်းကိုစုပြီးရောက်သွားမှာဖြစ်တော့ သတိထားဖို့လိုတယ်၊၊ မြစ်ရေကြီးမယ့် စိုးရိမ်ရေအမှတ် ထုတ်ပြန်ရင်သတိထားဖို့ လိုအပ်တယ်’ဦးလှထွန်း(မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး)
Yangon_Time/tthl
#Local_News
#Published_ 10 July 2023
#YMG #Yangon_Times
Published_ 10 July2023
(၃၁၇) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန် တက်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက် က တိုကျိုမြို့ အခြေစိုက် ကမ္ဘောဒီးယားသံရုံး၌ ပြုလုပ်ခဲ့သော တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၁၇) ကြိမ်မြောက်အစည်းအဝေးကို ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. TUY Ry ကကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန် က ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးအတွင်း ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ်ရန်ကိစ္စရပ်များ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင် ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံအတွင်းရေးမှူးချုပ်H.E. Dr. Kao Kim Hourn နှင့် Dinner Talk ကိုလည်း ပြုလုပ်ခဲ့ရာ အာဆီယံအတွင်းရေးမှူးချုပ်မှ အာဆီယံဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ အာဆီယံသံအမတ်ကြီးများက အာဆီယံဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times



Published_ 10 July 2023
တရုတ်နိုင်ငံတစ်ဝှမ်းရှိ အသက် ၇ နှစ်မှ ၁၅ နှစ်ထိ မူလတန်း-အလယ်တန်း ကျောင်းများမှ ကျောင်းသားငယ်များ လာရောက်လေ့လာသည့် ယဉ်ကျေးမှုဖလှယ်ပွဲကို ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ ဇူလိုင် ၇ ရက်က ကျင်းပခဲ့ပါတယ်။
အဆိုပါပွဲကို မြန်မာ-တရုတ် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင် သည့်အနေဖြင့် တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ International Cultural Exchange Programme အစီအစဉ်ဖြင့်ကျင်းပတာ ဖြစ်ပါတယ်။
မြန်မာသံအမတ်ကြီးက အခမ်းအနားဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသည့် တာဝန်ရှိသူများနှင့် ပါဝင်တက်ရောက်ပေးကြသော မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း/ရေ/လေ) မိသားစုဝင်များ ဧည့်သည်တော်များ အားလုံးကို နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် တရုတ်ကျောင်းသားကလေးငယ်များအား မြန်မာသံရုံး၏ တာဝန်ရှိသူမှ မြန်မာနိုင်ငံအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း/ရေ/လေ) မိသားစုဝင်များ၏ မြန်မာကျောင်းသားကလေးငယ်များမှလည်း မြန်မာတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပါတယ်။
ထို့ပြင် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် ဗဟုသုတ အမေးအဖြေများ မေးမြန်းခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများပြုလုပ်ခဲ့ပြီး၊ မြန်မာ-တရုတ် ကျောင်းသား ကလေးငယ်များအကြား ချစ်ခင်ရင်းနှီးစွာ ယဉ်ကျေးမှုဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News
#YMG #Yangon_Times
Published_ 10 July 2023
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို ယနေ့ ဇူလိုင် (၁၀) ရက် ည (၇) နာရီအချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့် ထိုင်းလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကစားရာတွင် အုပ်စု(ဂ)ပွဲစဉ်အတွက် မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်း လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။
ပြီးခဲ့သော ဇူလိုင် (၈)ရက်က မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုင်းအသင်းဖြင့် ထပ်မံကစားသွားရမည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းကိုထပ်မံအနိုင်ရခဲ့ပါက ဆီမီးဖိုင်နယ်ကို တက်ရောက်ရမည်ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စု သုံးခု ခွဲထားပြီး အုပ်စု သုံးခုမှ အုပ်စု ပထမရ သုံးသင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ တစ်သင်း၊ စုစုပေါင်း လေးသင်းက ဆီမီးဖိုင်နယ် အဆင့်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် (၁၃)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနှင့် အုပ်စု(ဂ) ပထမ၊ အုပ်စု(က) ပထမနှင့် အကောင်းဆုံးအုပ်စု ဒုတိယ အသင်းတို့ ကစားကြရမည်ဖြစ်သည်။
ဗိုလ်လုပွဲကို ဇူလိုင် (၁၅) ရက်နေ့၌ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
အုပ်စု မဲခွဲမှုအရ အုပ်စု(က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ကစားရမည်ဖြစ်ပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ကစားကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
YMG/my
#YMG #Yangon_times

Page 1247 of 2277