#LocalNews
Published_ 21 March 2023
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ နတ်တလင်းမြို့၊ ရန်ကုန်-ပြည်လမ်းဘေးမြောင်းထဲ မှာမတ် ၁၉ ရက်နေ့လယ်ပိုင်းက မိသားစုငါးဦး ရေဆင်းချိုးရာမှ သုံးဦးမှာ ရေနစ်သေဆုံးခဲ့တယ်လို့ ရွှေကြာလူမှုကယ်ဆယ်ရေးအသင်းထံမှသိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published-21 March 2023
ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ်တွင် နိုင်ငံခြားပြန်သင်္ဘောသား ၂ ဦးအရက်သောက်ရင်း ရေဆင်းကူးရာမှရေနစ်သေဆုံးခဲ့ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းကသိရသည်။
မတ်လ၂၀ရက် ညနေ၄နာရီခန့်က အဆိုပါ နိုင်ငံခြားက ပြန်လာသည့် သင်္ဘောသား ၂ ဦး က သန်လျင် အမှုထမ်းရပ်ကွက် ရွှေဝါလမ်းသွယ် အမှတ်၁၇ ရှိ ဦးကိုကိုမြတ်နေအိမ်သို့အလည်လာပြီးနောက် သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက် ၊ စက်ကန် ၂ တွင်ရေသွားကူးကြရာ အထက်ပါအတိုင်း ၂ ဦးမှာ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ခဲ့သူမှာ ဦးသူရိန်ဖြစ်ပြီး ၎င်းရေနစ်နေသည်ကို ဦးပြည့်စုံက သွား၍ကယ်ရာတွင် ၂ ဦးလုံး ပြန်မပေါ်လာတော့ကြောင်း အသက်ရှင် ကျန်ရှိသူ ဦးကိုကိုမြတ်က ပြောပြချက်အပေါ် ကိုးကား၍ ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုသည်။
ဦးသူရိန်မှာ အင်းစိန်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ဦးပြည့်စုံမှာ ဒလ မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
"အရက်သောက်နေရင်း ရေဆင်းကူးတာလိုက် သောက်လိုက်နဲ့ အင်းစိန်က အစ်ကိုက ရေနစ်တဲ့အခါ ဒလက အစ်ကိုသွားကယ်တာ။ အဲဒီမှာ ၂ ယောက်လုံး ပြန်မပေါ်မလာတော့တာ။ နောက်တစ်ယောက်ကတော့ ရေမကူးတတ်တော့ ကမ်းစပ်မှာသောက်နေတာကြောင့် အသက်ရှင်ပါတယ်"ဟု ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းနှင့်လူမှုကူညီရေးအသင်းများ ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်ရာတွင် ဦးပြည့်စုံအလောင်းကို မတ်လ၂၀ရက် ညနေ၅နာရီအချိန်တွင်ပြန်လည်တွေ့ရှိသဖြင့် သန်လျင်ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ လက်ရှိတွင်ဦးသူရိန်၏အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းလည်း အသင်းကသိရသည်။
#ymg/mt
#ရေဆင်းကူး
#အရက်သောက်
#သင်္ဘောသား
#ရေနစ်သေဆုံး
#Yangon-Media-Group
#LocalNews
Published_ 21 March 2023
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ် ပါရီလမ်းမပေါ်ရှိ မဉ္ဇူလမ်းထိပ်တွင် သမီးရည်းစားနှစ်ဦး စကားများရန်ဖြစ်ပြီး လူငယ်အမျိုးသားက ကိုယ့်ကိုကိုယ်ကတ်ကြေးဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကင်းပရဟိတလူငယ်ဥက္ကဌ ကိုရွှေမိုးအောင် က YMG ကိုပြောသည်။
ယနေ့ မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက အဆိုပါ ကပ်ကြေးဖြင့် ကိုယ့်ကိုကိုယ်ထိုးသူ အသက်၁၉နှစ်အရွယ် လူငယ်အမျိုးသားမှာ ကောင်မလေးဖြစ်သူ ပြန်သွားသည့်အခါ ကိုယ့်ကိုကိုယ် ဓါးဖြင့် ထိုးသောကြောင့် ဗိုက်တွင် ပြတ်ရှဒဏ်ရာ ၆ ချက်ရရှိခဲ့ပြီး ရဲဆေးစာဖြင့် စံပြဆေးရုံသို့ ပို့ပေးခဲ့ကြောင်း သိရသည်။
ဘေးပတ်ဝန်းကျင်မှ ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားသည့်အတွက် သွားရောက်ခေါ်ဆောင်ဆောင်စဉ် ပြတ်ရှဒဏ်ရာများဖြင့်လူနာမှာ သွေးထွက်လွန်ကာ အားနည်းမူးဝေနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အသက်အန္တရာယ်စိုးရိမ်ရန်မလိုတော့ကြောင်းနှင့် စံပြဆေးရုံတွင်ကုသမူခံယူနေကြောင်း ရန်ကင်းလူငယ်ပရဟိတအသင်းမှသိရသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
မလေးရှားနိုင်ငံတွင် ထိုင်လျက် သေဆုံးနေသည့် မြန်မာတစ်ဦးကို ယနေ့တွေ့ရှိခဲ့သောကြောင့် ယခုအခါ ရေခဲတိုက်သို့ ပို့ဆောင်ထားပြီး မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း လိုက်ပါကူညီခဲ့သည့် မြန်မာလူမူကူညီရေးအသင်း (မလေးရှား) က သိရသည်။
ယနေ့တွင် အဆိုပါ သေဆုံးနေသည့် အမည်မသိ အမျိုးသားအလောင်း ကို တွေ့ရှိကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား) သို့ မလေးရှားနိုင်ငံ ချဲရပ်ရဲစခန်းက ဆက်သွယ်လာခြင်း ဖြစ်ကြောင်း၊အဆိုပါ အမျိုးသားမှာ ချဲရပ်မြို့ ALAMAT:KEDAI 33, KOPITIAM, NO.30, JALAN WARAS 1, TMN CONNAUGHT, KLအောက်ဖက်တွင်ထိုင်လျက်သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
"အခုက ဆေးရုံ ရေခဲတိုက်ကို ပို့ထားတယ်။ဘယ်သူဆိုတာ စုံစမ်းနေဆဲပါ"ဟု မြန်မာလူမူကူညီရေးအသင်း (မလေးရှား) ၏ တာဝန်ရှိသူကိုဆန်းဝင်းက ပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
ဂျာမနီနိုင်ငံတွင် ပညာသင်ကြားရန်စိတ်ဝင်စားသူများ(သို့မဟုတ်)ဂျာမန်ဘာသာစကားလေ့လာချင်နေသူများအတွက် Goethe-Institut Myanmarက Edu Fairပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်၊၊
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် Edu Fairပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး မတ်လ(၂၁)ရက်နှင့်(၂၂) ရက်တွင် မန္တလေးမြို့၊ Hotel Mandalay ၌ Edu Fairပွဲကျင်းပပြုလုပ်လျက်ရှိသည်ဟုဆိုသည်၊၊
မတ်လ(၂၅)ရက်နှင့်(၂၆) ရက်တွင် ရန်ကုန်မြို့၊ Sule Shangri La Hotel ၌ Edu Fairပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပွဲတွင် ဂျာမနီတွင်ပညာသင်ကြားရန် သို့မဟုတ် ဂျာမန်ဘာသာစကားသင်တန်းများတက်ရောက်ရန် အခွင့်အလမ်းများကို စူးစမ်းလေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်၊၊
ဒါ့အပြင် စိတ်လှုပ်ရှားစရာကောင်းသည့် ဉာဏ်စမ်း မေးခွန်းလေးတွေကိုဖြေပြီး ဆုလက်ဆောင်များကံစမ်းနိုင်မည့်အခွင့်အရေးကိုလည်းရနိုင်မည်ဖြစ်သည်ဟုဆိုသည်၊၊
မန္တလေးမြို့ Edu Fairပွဲတွင်ဆုလက်ဆောင်များအဖြစ်ပထမဆု - Goethe-Institut မြန်မာတွင် ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်ခွင့်၊ဒုတိယဆု - Staycation at Hotel Mandalay၊တတိယဆု - Goethe မှအမှတ်တရဆုလက်ဆောင်ပစ္စည်းအိတ်တို့ရရှိမည်ဖြစ်သည်၊၊
ရန်ကုန်မြို့ Edu Fairပွဲတွင်ဆုလက်ဆောင်များအဖြစ်ပထမဆု - Goethe-Institut မြန်မာတွင် ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်ခွင့်၊ဒုတိယဆု - Goethe Café မှ တစ်သိန်းတန် ဘောင်ချာ၊တတိယဆု - Goethe မှအမှတ်တရဆုလက်ဆောင်ပစ္စည်းအိတ်တို့ရရှိမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
ပုသိမ်ကြီးမြို့နယ်၊ အုန်းချော ကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အားရှောင်ကွင်း၍ မူးယစ်ဆေးဝါးများအား LAND CRUISER မော်တော်ယာဉ်ဖြင့် သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မသင်္ကာယာဉ်ရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းနောက် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညနေ ၃ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ ၅၈(A)လမ်းနှင့် ၁၁၀ လမ်းထောင့်အရောက်မှာ အဆိုပါယာဉ်ပေါ်တွင် ဆာလာအိတ် ၂၂ အိတ်အတွင်းမှ ဆပ်ပြာခွက် ၄၈၄၀ ခွက်ဖြင့်ထည့်ထားသော ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာသတင်းထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ လမ်းတစ်လျှောက်ရှိ ရှာဖွေစစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ပြစ်မူကျူးလွန်သူယာဉ်မောင်းအား ဥပဒေအရအရေးယူထားရှိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published-21 March 2023
မွန်ပြည်နယ် မော်လမြိုင်တွင် ဆေးခန်းလာပြသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုးလုဖြတ်ပြေးသူကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့က သိရသည်။
ဖြစ်စဉ်မှာ မတ်လ၂၁ရက် နံနက်၁၁နာရီအချိန်တွင် မော်လမြိုင် ချမ်းမြေဂုဏ်ဆေးခန်းလာပြသူ ကျိုက်က္ခမီမြို့နေမှ အသက်(၄၀)ဝန်းကျင်အမျိုးသမီး ၂ ဦး ထမင်းဆိုင်ရှေ့ကားစောင့်နေစဉ် ရွှေဆွဲ ကြိုး ၃ ကျပ်သားကို ဖြတ်လုခံရခြင်းဖြစ်သည်။
ယင်းကဲ့သို့ လုဖြတ်ပေးစဉ် ပြည်သူများကလိုက်လံဖမ်းဆီးရာ ဝါဆိုင်ကျော်ရွာထဲတွင် တရားခံအား နပန်းလုံးသတ်ပုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
"အဖိုးတန်လက်ဝတ်ရတနာတွေကို ဝတ်ဆင်ထားသူတွေ အသိသတိရှိဖို့ လိုအပ်ပါတယ်။ အတတ်နိုင်ဆုံး အခုခေတ်ကာလမှာ အဖိုးတန်လက်ဝတ်ရတနာတွေ ဝတ်ဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်" ဟုလည်း ဘိုဘိုဝင်းက သတိပေးထားသည်။
ဖမ်းဆီးရမိသူကို ရခိုင်ကုန်းအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ပေးခဲ့၍ လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။
#ymg/mt
#ဆွဲကြိုးလုပြေး
#Yangon-Media-Group
Page 1246 of 2074