#Myanmar_News
Publlished_ 15 April 2023
အလုံ CECC) ဓာတ်အားပေးစက် မောင်းနှင်ချိတ်ဆက်ခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်မြို့နယ်အချို့ ယနေ့ ဧပြီ ၁၅ ရက် မွန်းတည့် ၁၂နာရီမှ မွန်းလွဲ၂ နာရီအထိ ဓာတ်အားပြတ်တောက်နေမည်ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာပါတယ်။
ကြေညာချက်အပြည့်အစုံမှာ မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အလုံ (CECC) ဓာတ်အားပေးစက် မောင်းနှင်ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် 66kV Bus Shut Down အား ယနေ့(၁၅.၄.၂၀၂၃ ) ရက်နေ့၊ (၁၂:၀၀) နာရီ မှ (၁၄:၀၀) နာရီအချိန်ထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း အလုံ၊ လမ်းမတော်၊ ဒဂုံ ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ တောင်ဉက္ကလာပ မြို့နယ်များ၏ နေရာအချို့တို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်းနှင့် အရေးကြီး နေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ပါသည်။
#ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
#YMG #Yangon_Media_Group
#Local_News
Published_ 15 April 2023
မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုတွင် အိန္ဒိယငွေကြေးရူပီးနှင့်မြန်မာကျပ်ငွေတို့တိုက်ရိုက်လဲလှယ်ခွင့်ပြုလိုက်ပြီဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးတွင်စတင်အသုံးပြုမည်ဖြစ်သလိုပဲတင်ပို့ခြင်းကဲ့သို့ပုံမှန်ကုန်သွယ်မှုအတွက်လည်းကျင့်သုံးသွားမည်ဖြစ်ကြောင်းသိရသည်၊၊
အိန္ဒိယဗဟိုဘဏ်(Reverse Bank of India)က မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV)Accountလက်ခံဆောင်ရွက်မည့် အိန္ဒိယဘဏ်(Designated Bank)အဖြစ် Punjab National Bank ,Indiaကို ရွေးချယ်ထားကြောင်းသိရသည်၊၊
ရူပီး/ကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ်ကို နယ်စပ်ကုန်သွယ်ရေးတွင်စတင်မည်ဖြစ်ပြီး သင်္ဘောဖြင့် ပဲတင်ပို့ရောင်းချခြင်းပုံမှန်ကုန်သွယ်မှုအတွက်လည်း ကျင့်သုံးရန်ရည်ရွယ်ထားသည်ဟုဆိုသည်၊၊
လက်ရှိတွင်တရုတ်ယွမ်၊ထိုင်းဘတ်တို့ဖြင့် နယ်စပ်ကုန်သွယ်ရေးပေးချေမှုများလက်ခံဆောင်ရွက်သည့်နည်းတူအိန္ဒိယကုန်သွယ်ရေးတွင် ရူပီး/ကျပ်ပေးချေမှုများဆောင်ရွက်မည်ဖြစ်သည်ဟုဖော်ပြထားသည်၊၊
ဧပြီလ(၁)ရက်ကစတင်ကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒသစ်သည်နိုင်ငံတကာကုန်သွယ်မှုများတွင်ရူပီးအသုံးပြုရန်အတွက် အထောက်အပံ့ပြုမည့်အစီအစဥ်များပါဝင်ကြောင်းသိရသည်ဟုထုတ်ပြန်ချက်တွင်ပါဝင်သည်၊၊
ymg/tthl
#Local_News #နယ်စပ်ကုန်သွယ်ရေး #ရူပီးနှင့်ကျပ်တိုက်ရိုက်ပေးချေမှုစနစ်
#YMG #Yangon_Media_Group
#Myanmar_News
Published 15 April 2023
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်စွာဖြင့် မန္တလေးသို့ ပြန်လည် ကြွရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဗန်းမော်ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ကြွရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဗန်းမော်ဆရာတော်ကြီးကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နစကအဖွဲ့ဝင်ဦးမောင်ကို၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူတွေ၊ဆရာတော်ကြီးရဲ့ ဆွေတော်မျိုးတော်တွေက လာရောက်ကြိုဆိုခဲ့ကြတယ်လို့ သိရှိရပါတယ်။
-ymg/knl
#နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ
#ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး
#YMG #Yangon_Media_Group
#Local_News
Published_ 15 April 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်)တွင် မြိတ်ကျွန်းစုရှိ သဘာဝ အလှများဖြင့် သာယာသည့်ကျွန်းများသို့ ခရီးသွားဧည်သည်များနှင့် ဒေသခံများအပန်းဖြေခရီးအဖြစ် မြိတ်ဆိပ်ကမ်းမှ Speed Boat များဖြင့် သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရသည်။
သင်္ကြန်ကာလတွင် ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် မြိတ်ကျွန်းစုရှိ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥသောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ မင်းသားကျွန်း၊ သဲနက်တန်း(နှစ်ဖက်လှ)ကျွန်း၊ ဒုံးညောင်မှိုင်းရွာ၊ ဘေလီကျွန်း၊ သမီးလှကျွန်း စသည့် ကျွန်းများသို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြိတ်ဆိပ်ကမ်းမှ ယနေ့တွင် ခရီးစဉ်(၃)ခုအဖြစ် ဘေလီကျွန်း၊ စမတ်ကျွန်းနှင့် ကြယ်လိပ်ကျွန်း ခရီးစဉ်၊ လေးကျွန်း၊ သမီးလှကျွန်းနှင့် မင်းသားကျွန်း ခရီးစဉ်၊ စမတ်ကျွန်း၊ ဒုံးရေတံခွန်နှင့် ဒုံးညောင်မှိုင်းရွာ ခရီးစဉ်များ ကို သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးအဖြစ် ခရီးသွားလုပ်ငန်းများမှ Speed Boat များဖြင့် ပို့ဆောင်ပေးကြကြောင်းလည်း သိရသည်။
ခိုင်ထူး(မြိတ်)
#Local_News #သင်္ကြန်အကျနေ့ #မြိတ်ကျွန်းစု #စမတ်ကျွန်းနှင့်လေးကျွန်း #သွားရောက်လည်ပတ်ကြ
#YMG #Yangon_Media_Group
#Local_News
Published_ 14 April 2023
မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ က အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ရေသဘင်ပွဲတော်ကို သွားရောက် ကြည့်ရှုအားပေးခဲ့တယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ ၏ဇနီးနှင့် အဖွဲ့ဝင်များကစစ်တက္ကသိုလ်မိသားစု ချယ်ရီသစ္စာ ပိတောက်ဝါ အတာ ရေသဘင်မဏ္ဍပ်နှင့် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ ချယ်ရီမေ အတာ ရေသဘင်မဏ္ဍပ်၊ နွေဦးကဗျာ ပိတောက်ဝါ အတာရေသဘင်မဏ္ဍပ်နှင့် ပိတောက်ဧကရီ အတာရေသဘင်မဏ္ဍပ်တို့သို့ ရောက်ရှိကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြင်ဦးလွင်မြို့၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ် သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့တယ်လို့နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg/mt
#Local_News #ပြင်ဦးလွင် #မိသားစုရေသဘင်မဏ္ဍပ်များ #နစကဥက္ကဌ၏ဇနီးသွားရောက်
#YMG #Yangon_Media_Group
#Myanmar_News
Published_ 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန်
#မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group
#MyanmarNews
Published 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန် #မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group
Page 1251 of 2130