#Local_News
Published 24 June 2025
▪️ ကရင်ပြည်နယ် မြဝတီမြို့၌ယနေ့မနက်ပိုင်းက သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့်နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၄ရက်နေ့၊ မနက်၆နာရီ အချိန်ခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁/၂/၃/၅)ရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ စက်လှေ(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရ်ှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ယခုနှစ်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်းနဲ့ ပြည်ပခရီးသွားစစ်တမ်းများ ကောက်ယူသွားမယ်လို့ ယမန်နေ့က ကျင်းပတဲ့အဏ္ဏဝါခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ်များ အကောင်အထည်ဖော်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲမှ သိရပါတယ်။
#Local_News
Published 24 July 2025
#ပြည်ပခရီးသွားစစ်တမ်း #အဏ္ဏဝါခရီးသွားလုပ်ငန်း
#YMG/SW #Yangon_Times
လေပြင်းတိုက်ခတ်ပြီးမိုးကြီးခဲ့တာကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှာ သစ်ပင်တွေလဲပြိုပျက်စီးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
#Local_News
Published 24 July 2025
#သစ်ပင်များလဲပြို #လေပြင်းတိုက်ခတ်
#YMG/NN #Yangon_Times
နောင်လုံထွန့်ပတိုင်မှ ဆဒ္ဒန်ဂူသို့ မိုးရာသီအပျော်စီးလှေပြေးဆွဲပေးနိုင်ရေးဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက သိရပါတယ်။
#Local_News
Published 24 July 2025
#ဆဒ္ဒန်ဂူ #မိုးရာသီအပျော်စီးလှေ
#YMG/NN #Yangon_Times
မတည်ငွေရင်းပမာဏမှာ ကျပ်သန်း ၃,၀၀၀ တန်ဖိုးရှိတဲ့ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအပါအဝင် ရင်းနှီးမြုပ်နှုံမှုလုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 24 July 2025
#စက်မှုလုပ်ငန်း #ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ
#YMG/SW #Yangon_Times
#Local_News
Published 24 July 2025
▪️ ယနေ့ ဇူလိုင် နံနက်ပိုင်းက ဗိုလ်တထောင် ဆိပ်ကမ်း၌စက်လှေတစ်စီး တိမ်းမှောက်ပြီး လူ(၃)ဦးပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။
▪️ ယမန်နေ့ညပိုင်းမှ စတင်၍လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဒလမြို့နယ်နှင့် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ကူးနေသည့်စက်တပ် သမ္မန်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ(၃)ဦး ပျောက်ဆုံးနေကြောင်း လက်ရှိတွင် ပျောက်ဆုံးနေသူ (၃)ဦးကို ရှာဖွေကယ်ဆယ်နိုင်ရေးလုပ်ဆောင်နေကြကြောင်း သိရသည်။
▪️ လေပြင်းတိုက်ခတ်မှုများကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီတိုင်းဒေသကြီးတို့တွင် သစ်ပင်လဲခြင်းများနှင့် အမိုးလန်ခြင်းများကြောင့် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
#Photo-CJ
#YMG/SW #Yangon_Times
#Local_News
Published 24 June 2025
▪️ ရှမ်းပြည်နယ်၊လင်းခေးမြို့အနီး၌ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ယင်းငလျင်သည် ဇူလိုင်လ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၁၅) မိနစ်၊ (၃၃) စက္ကန့်အချိန်တွင် လင်းခေးမြို့အနီး၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ တောင်ကြီးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ ခြင်းဖြစ်သည်။
▪️ အဆိုပါ တောင်ကြီးမြေငလျင်စခန်းမှအရှေ့-အရှေ့တောင်ဘက် (၆၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လင်းခေးမြို့၏ အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၉၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 119 of 2221