နေပြည်တော်၊ ဧပြီ ၁၀ - ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည့် အကျပ်အတည်းကို ဖြေရှင်းရန်နှင့် သက်တမ်းရင့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေမှ ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် North Petro-Chem Corporation (Myanmar) Limited (NPCM) နှင့် ရေနံတိုးတက်ထုတ်ယူရေးစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးလိုက်သည်။
ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပသော အဆိုပါ လက်မှတ်ရေး ထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘော တူစာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း" ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရေနံစိမ်းများ ပိုမိုထွက်ရှိလာပါက ပြည်တွင်း၌ စက်သုံးဆီများ တိုးမြှင့်ချက်လုပ်နိုင် မည်ဖြစ်၍ ပြည်သူများအတွက် လက်ငင်းအကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်း ပြောကြားသည်။
သက်တမ်းရင့် ရေနံမြေများနှင့် နည်းပညာလိုအပ်ချက်
မြန်မာနိုင်ငံရှိ ရေနံမြေအများစုမှာ သက်တမ်း နှစ် (၁၀၀) ဝန်းကျင်ရှိနေပြီဖြစ်ပြီး၊ ယခုစာချုပ်ချုပ်ဆို သည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်း နှစ် (၅၀) ခန့်ရှိပြီဖြစ်သည်။ ထို့ကြောင့် ထုတ်လုပ်မှုတိုးတက်စေရန် ခေတ်မီနည်းပညာ၊ သင့်လျော်သော စက်ပစ္စည်းနှင့် အရင်းအနှီးများစွာ လိုအပ် လျက်ရှိရာ ယင်းအချက်များကို ဟန်ချက်ညီ ဖြည့်ဆည်းပေးနိုင်မည့် အသင့်လျော်ဆုံး အဖွဲ့အစည်းအဖြစ် NPCM ကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။
စက်သုံးဆီအကျပ်အတည်းနှင့် အစိုးရ၏ ဖြေရှင်းမှု
ကမ္ဘာတစ်ဝှမ်း စက်သုံးဆီအခက်အခဲများ ကြုံတွေ့နေရချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ထွက်ရှိလာမည့် ရေနံစိမ်းများကို ပြည်တွင်း၌ပင် ကိုယ်တိုင်ချက်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ရန် စီမံနေသကဲ့သို့၊ ၁၉၈၂ ခုနှစ်က တည်ဆောက်ခဲ့ သော သံပရာကန် ရေနံချက်စက်ရုံကိုလည်း စွမ်းအားပြည့် လည်ပတ်နိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။
ထို့အပြင် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရေးအတွက် ရေနံလက်ယက်တွင်း တူးဖော်မှုများကို ပိတ်သိမ်းခဲ့သည်။ ယင်းအစား ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း (၃၆) ခုကို စံချိန်စံညွှန်းမီ နည်းစနစ်ကျတွင်း (Standard Well) များ တူးဖော်ခွင့်ပြုထားပြီး မကြာမီ စတင် လုပ်ငန်း များစတင်ဆောင်ရွက်တော့မည်ဖြစ်ရာ ပြည်တွင်းရေနံစိမ်းထွက်ရှိမှု ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းရသည်။
စာချုပ်ပါ ကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးပေါ်ထွက်လာစေရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း NPCM ဥက္ကဋ္ဌက အခမ်းအနားတွင် ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတော်အတွက် နစ်နာမှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူကာ စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း တည်ရှိသော ထောက်ရှာပင်-ကမ်းနီ ရေနံမြေတွင် ထောက်ရှာပင်ရေနံမြေကို ၁၉၆၉ ခုနှစ်ဝန်းကျင်တွင် စတင်တွေ့ရှိခဲ့ပြီး ကမ်းနီရေနံမြေကို ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဆက်လက်ဖော်ထုတ်ခဲ့သည်ဟုသိရသည်။ ၁၉၈၅ခုနှစ်ခန့်တွင် ထုတ်လုပ်မှု အမြင့်မားဆုံ းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရေနံစိမ်းထွက်ရှိမှုများဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
#ymg/knl
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ'လမ်းလျှောက်သင်္ကြန်ပွဲတော်'ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 April 2026
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #လမ်းလျှောက်သင်္ကြန်
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းနဲ့အတူမြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သိန်းခွဲအထိ ပြန်လည်ကျဆင်းခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 11 April 2026
#ရွှေ #ကမ္ဘာ့ရွှေဈေး
#YMG/SW #Yangon_Times
ဆန်ဈေးနှုန်းများ သင့်တင့်မျှတစေဖို့ ရည်ရွယ်ပြီးဆန်စက်နဲ့ကုန်စည်ဒိုင်တွေမှာ သက်သာတဲ့ဈေးနှုန်းများနဲ့ ဆန်ရောင်းချပေးမှုအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးလာပါတယ်။
#Local_News
Published 11 April 2026
#ဆန်စက် #ကုန်စည်ဒိုင်မျ
#YMG/NN #Yangon_Times
#Daily_News
Published 11 April 2026
၁။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ 'လမ်းလျှောက်သင်္ကြန်ပွဲတော်'ကျင်းပမည်
၂။ ရွှေဈေးတစ်ရက်အတွင်း ကျပ်တစ်သိန်းခွဲပြန်ကျ
၃။ ဆန်စက်၊ ကုန်စည်ဒိုင် နှင့်စက်မှုဇုန်များတွင်သက်သာဈေးဖြင့် ဆန်များတိုးမြှင့်ရောင်းချပေးမည်
၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အထူးကိုယ်စားလှယ်နဲ့နေပြည်တော်၌
တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 April 2026
■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်းကို ယခုလ၉ရက်ကထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။
■ ၎င်းအပြင် စားသုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈.၁၆ သန်းကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။
■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုလအတွင်းပထမအကြိမ်အဖြစ်အမေရိကန်ဒေါ်လာ ၄၉ သန်းကို ၃ရက်နေ့ကလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
■ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာတွေ ဆက်တိုက် ရောင်းချပေးေနခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း အမေရိကန်ဒေါ်လာ ၁၆၇သန်းကို ရောင်းချပေးခဲ့ပြီးဖြစ်ရာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် မတ်လအတွင်းပထမအကြိမ်အဖြစ် ၅ရက်နေ့က အမေရိကန်ဒေါ်လာ ၃၂ သန်းကိုလည်းကောင်း၊ဒုတိယအကြိမ်အဖြစ် ၁၁ရက်နေ့က အမေရိကန်ဒေါ်လာ သန်း ၃၀ တတိယအကြိမ်အဖြစ် ၁၉ရက်နေ့ကအမေရိကန်ဒေါ်လာ ၃၄သန်းနှင့် စတုတ္ထအကြိမ်အဖြစ် ၂၃ရက်နေ့က အမေရိကန်ဒေါ်လာ ၄၅သန်းကိုလည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၂၅ရက်နေ့က အမေရိကန်ဒေါ်လာ ၂၆သန်းကိုလည်းကောင်အသီးသီးရောင်းချပေးထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 April 2026
■ မဟာသင်္ကြန်ကာလတွင် ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ မလုပ်ကြရန်၊မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများမပြုလုပ်ကြရန်၊အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများမပြုလုပ်ကြရန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
■ အဆိုပါ ထုတ်ပြန်ချက်၌ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြရန်၊ ဘာသာတရား၏ အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြရန်၊ သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေ မည့်ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း သိရသည်။
■ ထို့ပြင် သူတစ်ပါးသို့မဟုတ်အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက် ခြင်း စသည့်အပြုအမူများ ရှောင်ကြဉ်ကြရန်၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက် ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စား ဆင်ယင်မှုမျိုးဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ်ကြရန်နှင့် အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာ များ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ရှောင်ကြဉ်ကြရန် ဝန်ကြီးဌာနက အသိပေးထားသည်။
#YMG/NN #Yangon_Times
Page 123 of 2478