ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန် ပွဲ တော်ကို ဒီကနေ့မှာစတင်ကျင်းပသွားနေပြီလို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 07 April 2026
#ဘားအံ #သဲသောင်ပြင်သင်္ကြန်
#YMG/NN #Yangon_Times
ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ ဈေးတက်လာပြီးစားအုန်းဆီ ပြင်ပပေါက်ဈေး တစ်ပိသာ(၁၂၀၀၀) သို့ရောက်ရှိလာတယ်လို့ သိရပါတယ်။
#Local_News
Published 07 April 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်(EV)များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ ကင်းလွတ်ခွင့်ပြုထားရာမှ ယခု ဧပြီလ မှ စတင်ကာကောက်ခံသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 07 April 2026
#EVယာဉ် #ကညန
#YMG/SW #Yangon_Times
#Daily_News
Published 07 April 2026
၁။ ရွှေတိဂုံစေတီတော်၌ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပမည်
၂။ ဘားအံ၌ သဲသောင်ပြင်သင်္ကြန်ပွဲတော်(၁၄)ရက်တိုင်ကျင်းပမည်
၃။ အခြေခံစားသောက်ကုန်များ ဈေးတက်လာပြီးစားအုန်းဆီ ပြင်ပပေါက်ဈေး တစ်ပိသာ(၁၂၀၀၀)သို့ရောက်ရှိ
၄။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်ဖိလစ်ပိုင်မှပို့ဆောင်ရေးလုပ်သားများ လောင်စာဆီဈေးနှုန်းမြင့်တက်မှုပြဿနာကြုံတွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 07 April 2026
■ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia မှ ဧပြီ ၆ ရက်မွန်းလွဲပိုင်းက ပထမဆုံးအဖြစ် လာရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။
■ ထိုသို့ တွေ့ဆုံစဥ််နိုင်ငံတော်သမ္မတမှ မိမိအားနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်းကြေညာပြီးနောက်ပိုင်း ပြည်ပနိုင်ငံသံတမန်များအနက် ပထမဆုံး လာရောက်တွေ့ဆုံသည့်သံအမတ်ကြီးဖြစ်၍ ဝမ်းမြောက်ကာ တရုတ်နိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်သည်လည်း မိမိကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့မှုကိုလည်း အထူးပင်ကျေးဇူးတင်ကြောင်း၊
ထို့ပြင် အိမ်နီးနားချင်း မိတ်ဆွေကောင်းနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံမှုပြသခြင်းဖြစ်၍ ကျေးဇူးတင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
■ တရုတ်နိုင်ငံသံအမတ်ကြီးမှလည်း အဆွေတော်အား နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရမှုကို ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်ခဲ့မှုများကိုလည်းကျေးဇူးတင်ကာအဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ် လာမည်၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်လာမည်ကိုယုံကြည်သည်ဟုပြောကြားခဲ့သည်။
■ ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကုန် သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုများပြန်လည်ဆောင်ရွက်နိုင်ရေး၊ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့ရမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ တွေ့ဆုံမှုအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပေးပို့သည့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လက်ရောက်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 07 April 2026
■ “မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် တန်ခူးလဆုတ် (၁၂) ရက်နေ့မှ ကဆုန်လဆန်း (၁) ရက်နေ့အထိ (၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက်များကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
■ အဆိုပါ ထုတ်ပြန်ချက်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများအနေဖြင့် မူးယစ်သောက်စားယာဉ်မမောင်းရန်၊ အပျော်လွန်ကျူး စည်းကမ်းမဲ့ပြိုင်မောင်းခြင်း၊ လုမောင်းခြင်းမပြုရန်၊ မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မောင်းခြင်းမပြုရန်၊ ယာဉ်နံပါတ်ပြားမပါရှိဘဲ မောင်းနှင် ခြင်းမပြုရန်၊ယာဉ်နံပါတ်အတုများ၊ အခြားယာဉ်နံပါတ်များ တပ်ဆင် မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင် ခြင်းမပြုရရန် ၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်(ဝှီးတက်)မပါဘဲ မောင်းနှင်ခြင်းမပြုရန်၊ဖျက်သိမ်းထားသော ယာဉ်အို/ ယာဉ်ဟောင်းများ၊ မှတ်ပုံ မတင်ရသေးသောယာဉ်များနှင့် ပြုပြင်ဆဲယာဉ်များ မောင်းနှင်ခြင်းမပြုရန်၊ နိုင်ငံတကာအလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်း မပြုရန် ၊ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်/ ဘေးတွဲ ဆိုင်ကယ်များမှ စီးနင်းခြင်း လုံးဝမပြုရန်၊ပစ်ကပ်ယာဉ်များ(လိုက်ထရပ်/မီနီပစ်ကပ်)သည် သတ်မှတ်ထားသည့် ဝန်အလေးချိန် (လူဦးရေ) ထက်ပိုမိုတင်ဆောင် မောင်းနှင်ခြင်းမပြုရန်လိုအပ်ကြောင်းသိရသည်။
■ အဆိုပါ သတ်မှတ်ချက်များကိုဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည် ဖြစ် ကြောင်း ၊ယာဉ်မောင်းသူများအား အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာ စစ်ဆေး၍ ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ၊သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူမည်ဖြစ်ကြောင်း ၊ ယခုအခါ အချက်အချာကျသော လမ်းဆုံ/လမ်းခွ မီးပွိုင့်များတွင် CCTV Camera များ တပ်ဆင်ထားပြီးဖြစ်သဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများအား အဆိုပါကင်မရာများဖြင့် ရိုက်ကူးထားပြီး ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ “သင့်ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုမဖြစ်ပါစေနှင့်ဟုဖော်ပြထားသည်။
#YMG/NN #Yangon_Times
နယူးဒေလီ-ဧပြီ၆၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ အိန္ဒိယအစိုးရကိုယ်စား အိန္ဒိယ နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒုတိယဝန်ကြီး ရှရီ ကီရတီ ဝါဒန်ဆင်း(the Minister of State for External Affairs and Environment, Forest & Climate Change Shri Kirti Vardhan Singh) ဟာ နေပြည်တော်မှာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ကျင်းပမယ့် နိုင်ငံတော် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ ၂၀၂၆ ခုနှစ် ဧပြီလ ၈ ရက်နေ့ ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ယနေ့ ဧပြီ၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီခရီးစဉ်အတွင်းမှာ၊ မစ္စတာ ဆင်းဟာ နေပြည်တော်က မြန်မာအစိုးရ အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံဖို့၊ အခုလက်ရှိ လုပ်ဆောင်နေတဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံအကျိုးတူ အခမ်းအနားတွေကို တက်ရောက်ဖို့နဲ့ ရန်ကုန်မြို့က အိန္ဒိယနွယ်ဖွားတွေ၊ အိန္ဒိယမိတ်ဆွေများအဖွဲ့ (Friends of India) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေး ဖို့လည်း မျှော်လင့်ထားတယ်လို့လည်းသိရပါတယ်။
ဧပြီ၁၀ရက်နေ့မှာ နေပြည်တော်တွင်ကျင်းပမယ့် နိုင်ငံတော်သမ္မတသစ် ဦးမင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ဖို့ နိုင်ငံတကာ အစိုးရတွေကို ဖိတ်ကြားထားတယ်လို့သတင်းရရှိပါတယ်။
Page 127 of 2478