#Local_News
Published 2 May 2025
▪️ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်ရန်စိတ်ပါဝင်စားသည့် အမျိုးသမီး များအတွက် ဆောက်လုပ်ရေးဆိုင်ရာ အတတ်ပညာများကို အခမဲ့သင်တန်းပို့ချပေး မည်ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့အစည်းမှ သိရသည်။
▪️ “ယနေ့လို အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်တွေရှားပါးလာတဲ့ အချိန် မှာ အမျိုးသမီးများအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမျိုးသားများနဲ့ တန်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန် “အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး”ပရိုဂရမ်ကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါမှာတော့ တတိယအကြိမ်မြောက် အသုတ်ကို စတင်နေပြီဖြစ်ပါတယ်” ဟု ဒို့အိမ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အဆိုပါ သင်တန်းသို့ အသက် ၁၈ မှ ၄၀ နှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်ရန်စိတ်ပါဝင်စားသည့် အမျိုးသမီးများ အခမဲ့ ပါဝင်နိုင်ပြီး ပရိုဂရမ်ကာလ (၃) လနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သင်ဆင်းရမည့် ကာလ (၁) လ၊ စုစုပေါင်း (၄) လ တက်ရောက်ရမည်ဖြစ်ကြောင်း၊ ပရိုဂရမ်ကာလတစ်လျှောက် လိုအပ် သည့် ကျန်းမာရေး အာမခံနှင့် ထောက်ပံ့မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်း၌ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အတတ်ပညာများကိုသင်ကြားရုံမကငွေကြေးဆိုင်ရာစီမံခန့်ခွဲခြင်း၊ မီဒီယာနှင့်ဒစ်ဂျစ်တယ်ဆိုင်ရာ စသဖြင့် ဘဝအတွက် အကျိုးရှိစေမည့် အသိပညာများကိုပါ လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ပရိုဂရမ်ကာလအပြီးတွင် ပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိ ဆောက်လုပ်ရေးနယ်ပယ်အတွင်း ကျွမ်းကျင်သူများဆီမှ အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အိမ်ထောင်စုတစ်စုအတွက် စားအုန်းဆီတစ်လစာ ၂ ပိဿာ ၇၅ကျပ်သား (၅ လီတာ)ကို နေအိမ်အရောက်မှာယူနိုင်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီက သိရပါတယ်။
#Local_News
Published 02 May 2025
#စားအုန်းဆီ #အိမ်အရောက်မှာယူနိုင်ပြီ
#YMG/NN #Yangon_Times
မတ်(၂၈) ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ယာယီရပ်နားထားခဲ့တဲ့ အွန်လိုင်းမှတဆင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို မေလ၁ရက်က စတင်ပြီး ပြန်လည်လက်ခံနေပြီလို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 02 May 2025
#အွန်လိုင်း #နိုင်ငံကူးလက်မှတ်လျှောက်ထားမှုလက်ခံ
#YMG/SW #Yangon_Times
#Local_News
Published 2 May 2025
▪️ ရန်ကုန်မြို့တွင်း၌ မေလအတွင်း၌ မီးပေးအုပ်စုသုံးစုအား အလှည့်ကျစနစ်ဖြင့်လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ပေးရာတွင် မေလ၁ရက်နေ့မှစတင်၍ A,B,Cအုပ်စုသုံးစုအား လေးနာရီလာ ရှစ်နာရီပျက်စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ မေလ၂ရက်နေ့တွင် A အုပ်စု မှာ မနက်၅နာရီမှ ၉နာရီ အထိ လာပြီး ရှစ်နာရီ ပျက်မည်ဖြစ်ကာ ညနေ ၅နာရီမှ ည၉နာရီ အထိ ပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက်လေးနာရီပျက်ကာ နောက်တစ်နေ့မနက် ၁နာရီမှ ၅နာရီအထိပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။
▪️ B အုပ်စုမှာမူ မနက်၉နာရီမှ နေ့လယ်၁နာရီ အထိလာပြီး ရှစ်နာရီပျက်မည်ဖြစ်ကာ ည၉နာရီမှ နောက်တစ်နေ့ မနက် ၁နာရီအထိ ပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ Cအုပ်စုမှာ ယနေ့နေ့လယ် ၁နာရီမှ ညနေ ၅နာရီအထိလာပြီး ရှစ်နာရီ ပျက်မည်ဖြစ်ကာ နောက်တစ်နေ့မနက် ၁နာရီမှ ၅နာရီ အထိ ပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါကဲ့သို့ လေးနာရီလာ ရှစ်နာရီပျက်ပုံစံဖြင့်အလှည့်ကျစနစ်များဖြင့်မေလ တစ်လတာအတွင်းလျှပ်စစ်မီးများပေးသွားမည်ဖြစ်ကာ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများရှိသည့်အတွက် လျှပ်စစ်မီးပေးသည့် နာရီ ပိုမိုရရှိလာကြောင်း တာမွေနှင့်ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 May 2025
▪️ မန္တလေးမြို့ရှိ မြပါဝါဆီဆိုင်၌ စက်သုံးဆီကား မီးလောင်မူ တစ်ခု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ 'မန္တလေး ၃၅လမ်းနဲ့ ၆၆လမ်းထောင့်မှာရှိတဲ့ မြပါဝါဆီဆိုင် မှာ စက်သုံးဆီကား မီးလောင်တာပါ၊ မိနစ်ပိုင်းအတွင်းမီးငြိမ်းပါတယ်'ဟု မန္တလေးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ဖြစ်စဉ်မှာ မေလ၂ ရက်နေ့၊ မနက် ၇ နာရီ ၃၂ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်းနှင့် ၆၆ လမ်းထောင့်တွင် ဆီဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရာ
မနက်၇ နာရီ၄၁မိနစ် အချိန် ၌ မီးထိန်းနိုင်ခဲ့ပြီး ၇နာရီ ၄၆မိနစ် အချိန် ၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးများအား ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 May 2025
▪️ ယနေ့မနက်အစောပိုင်း၌ ကွမ်းခြံကုန်းမြို့နယ်၌ ဂိုဒေါင်အတွင်းရှိ ကွန်တိန်နာကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ မေလ ၂ ရက်နေ့၊ မနက်၁နာရီ ၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာအပိုင် ထန်းတောအပိုင်းတွင် ဂိုဒေါင်အတွင်းရှိ ကွန်တိန်နာကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၁ နာရီ ၆ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 01 May 2025
၁။ ငလျင်အဆောက်အအုံများ ပြန်ဆောက်ရေး နည်းလမ်း ၃ မျိုးဖြင့်ဆောင်ရွက်မည်
၂။ ငလျင်ဒဏ်ခံစားခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးမှုများ ဆောင်ရွက်ပေးနေ
၃။ ယခုလမုတ်သုံစတင်ဝင်ရောက်ပြီး ဒေသအများစု၌ မိုးဦးတွင် မိုးပိုနိုင်
၄။ ရှန်ဟိုင်း၌လက်ခံဖွင့်လှစ်လိုက်သည့် ဖွံ့ဖြိုးရေးဘဏ်သစ်သို့ တရုတ်သမ္မတရှီကျင့်ဖျင်လာရောက်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 129 of 2129