ဒလ - တွံတေးကို YBS ယာဉ်လိုင်းသစ် ရှေ့ပြေးစီမံချက်အနေနဲ့ ဇွန်လ (၁) ရက်နေ့ကနေ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 02 June 2026
# ဒလ_တွံတေး #YBS
#YMG/NN #Yangon_Times
မေလဒုတိယပတ်မှစတင်ကာ ကျဆင်းလာခဲ့တဲ့ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ ယခုဇွန်လဆန်းအထိ ဆက်တိုက်ကျဆင်းလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှသိရပါတယ်။
#Local_News
Published 02 June 2026
#မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း အခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဝါ ၁၇,၈၃၇ ဧက စိုက်ပျိုးဖို့လျာထားတယ်လို့ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေသိရပါတယ်။
#Local_News
Published 02 June 2026
#မုံရွာ #ဝါ
#YMG/NN #Yangon_Times
#Daily_News
Published 30 May 2026
၁။ ဒလ - တွံတေးYBS ယာဉ်လိုင်းသစ်စတင်ပြေးဆွဲ
၂။ မြန်မာ့ရွှေဈေးဆက်တိုက်ကျဆင်းနေ
၃။ မုံရွာ၌မိုးသီးနှံရာသီအတွင်း ဝါ ၁၇,၀၀၀ ဧကကျော်စိုက်ပျိုးမည်
၄။ ဟော်မုဇ်ရေလက်ကြားသင်္ဘောဖြတ်သန်းခကောက်ခံခြင်းမပြုဟု အိုမန်အာမခံ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းရဲ့ ဆန်စပါးဈေးကွက်မှာ မေလ နောက်ဆုံးပတ်အတွင်းက ဆန်၊ စပါး အမျိုးအစားအများစု ဈေးပြန်ကျလာတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းခွဲ (ဧရာဝတီ) က ထုတ်ပြန်တဲ့ဈေးကွက်အရောင်းအဝယ်အခြေအနေများအရ သိရပါတယ်။
#Local_News
Published 02 June 2026
#ဆန်စပါးဈေးကွက်
#YMG/SW #Yangon_Times
🇲🇲🇮🇳 မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက် အနှစ်ချုပ်
နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ် - ၂၀၂၆ ခုနှစ် မေ ၃၀ မှ ဇွန် ၃ ရက်အထိ
🔹 သမိုင်းဝင် ပထမဆုံး တရားဝင်ခရီးစဉ်
▪️နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ် ဖြစ်သည်။
🔹ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ
▪️အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများ ဆွေးနွေး။
▪️အိန္ဒိယသမ္မတ ဒရောပါတီ မာမူ၊ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် အမျိုးသားလုံခြုံရေးအကြံပေး အာဂျစ် ဒိုဗယ်တို့နှင့်လည်း တွေ့ဆုံ။
🔹 ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုဆက်နွယ်မှု အားကောင်းစေခြင်း
▪️ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်နှင့် မြန်မာဘုန်းတော်ကြီးကျောင်းများသို့ ဖူးမြော်ကြည်ညို။
▪️နှစ်နိုင်ငံအကြား ရှေးဟောင်း ဘာသာရေးနှင့် ယဉ်ကျေးမှုဆက်နွယ်မှုများကို ထပ်မံအတည်ပြု။
🔹 စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
▪️မြန်မာ-အိန္ဒိယ စီးပွားရေးဖိုရမ် ကျင်းပ။
▪️ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ချဲ့ထွင်ရေး ဆွေးနွေး။
▪️စိုက်ပျိုးရေး၊ စွမ်းအင်၊ သတ္တုတွင်းနှင့် ထုတ်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ။
🔹 ရူပီး-ကျပ် ငွေပေးချေမှုစနစ် တိုးတက်အောင်မြင်
▪️၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သည့် Rupee-Kyat Payment Mechanism မှတစ်ဆင့် ငွေလွှဲပြောင်းမှုပမာဏ ဆက်လက်တိုးတက်လာကြောင်း အသိအမှတ်ပြု။
🔹ဒေသတွင်း ချိတ်ဆက်မှုစီမံကိန်းများ အရှိန်မြှင့်မည်
▪️ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Project) ကို အမြန်ပြီးစီးရေး။
▪️အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး (Trilateral Highway) ကို အပြီးသတ်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်။
🔹ပညာရေးကဏ္ဍ ပံ့ပိုးမှု တိုးချဲ့
▪️မြန်မာကျောင်းသားများအတွက် Mekong-Ganga ICCR ပညာသင်ဆုများကို ၃၆ ဆုမှ ၁၀၀ ဆုအထိ တိုးမြှင့်ပေးမည်။
🔹လုံခြုံရေးနှင့် နယ်စပ်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း
▪️အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် သဘောတူ။
▪️မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယက ထောက်ခံကြောင်း ထပ်လောင်းအတည်ပြု။
🔹မြန်မာဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထောက်ခံ
▪️ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကို အိန္ဒိယက ထောက်ခံကြောင်း ဖော်ပြ။
🔹စွမ်းအင်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု
▪️စွမ်းအင်နည်းပညာ သုတေသနဌာန NETRA သို့ သွားရောက်လေ့လာ။
▪️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ဓာတ်အားစနစ် ခေတ်မီဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး။
🔹မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထပ်မံအတည်ပြု
▪️နှစ်နိုင်ငံသည် ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် အဆင့်တိုင်းတွင် နီးကပ်စွာ ထိတွေ့ဆောင်ရွက်သွားရန် သဘောတူညီ။
အဓိကရလဒ် (Key Takeaway)
▪️မြန်မာ-အိန္ဒိယ ဆက်ဆံရေးကို စီးပွားရေး၊ လုံခြုံရေး၊ ပညာရေး၊ ချိတ်ဆက်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံက ကတိကဝတ်ပြုခဲ့သည်။
▪️Kaladan Project၊ Trilateral Highway၊ Rupee-Kyat Payment System နှင့် ပညာသင်ဆုတိုးမြှင့်ရေးတို့သည် ခရီးစဉ်၏ အထင်ရှားဆုံး ရလဒ်များဖြစ်သည်။
ကိုးကား- မြန်မာ-အိန္ဒိယပူးတွဲကြေညာချက်
#Local_News
Published 02 June 2026
■ ၂၀၂၅ခုနှစ်ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲ) များ ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်များမှ ဝတ္ထုတို (၂၆) ပုဒ်၊ ဆောင်းပါး (၅၂) ပုဒ်၊ ကဗျာ (၄၅) ပုဒ်နှင့် ဓာတ်ပုံ (၁၁၅) ပုံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
■ ပြိုင်ပွဲဝင်များ၏ ဝတ္ထုတိုပြိုင်ပွဲတွင် နီလင်းနွယ်က “နှင်းပွင့်ကြားက ရွှေရောင်အိပ်မက်များ” ခေါင်းစဉ်ဖြင့် ပထမ၊ အင်ကြင်းသူ (မြန်မာစာ) က “ကောင်းမြတ်တဲ့အလှူ” ခေါင်းစဉ်ဖြင့် ဒုတိယ၊ မောင်ငြိမ်းမွန် (ချောင်းဦး) က “ကိုယ်စိုက်တဲ့အပင်” ခေါင်းစဉ်ဖြင့် တတိယ၊ စုသက်မှူး (မရမ်းကုန်း) က နှစ်သိမ့်ဆု၊ ဆောင်းပါးပြိုင်ပွဲ တွင် ပြည့်ထူး(မင်းဘူး)က “အောင်မြင်သော ကမ္ဘာ့အားကစားဇာတ်ခုံဆီသို့ တက်ကြွသောလူထုကြံ့ခိုင်သောလူငယ်ဖြင့် လှမ်းချီစို့” ခေါင်းစဉ်ဖြင့် ပထမ၊ မောင်ကျော်ဇော (ရှင်မတောင်နံ့သာမြေ) က “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးမှသည် အားကစားကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသို့” ခေါင်းစဉ်ဖြင့် ဒုတိယ၊ တင်ဝင်း (အား/ကာ-ငြိမ်း) က “မြန်မာနိုင်ငံ၏ အားကစားကဏ္ဍလက်ရှိအခြေအနေအဆင့်နှင့် ပိုမိုတိုးတက်အောင်မြင်လာစေရန် သုံးသပ်အကြံပြုတင်ပြချက်များ” ခေါင်းစဉ်ဖြင့် တတိယ၊ အောင်ချမ်းမြေ့က နှစ်သိမ့်ဆု၊ ကဗျာပြိုင်ပွဲတွင် မင်းယဉ်စုက “အားကစားဖြင့် နိုင်ငံမြှင့်လော့” ခေါင်းစဉ်ဖြင့် ပထမ၊ မင်းသွေးနွယ် (ဇီးကုန်း) က “အားကစားစွမ်းဖြင့် လူ့ဘောင်ကျန်းမာပြည်ကျိုးမြှင့် နိုင်ငံလူမျိုးဂုဏ်ရောင်တင့်” ခေါင်းစဉ်ဖြင့် ဒုတိယ၊ အညာသားဗထူး (ကျားတက်မြေ) က “သက်ရှည်ကျန်းမာကြံ့ခိုင်ရာပြုပါအားကစား” ခေါင်းစဉ်ဖြင့် တတိယ၊ ကြည်သိန်းဇော်က နှစ်သိမ့်ဆု၊ ဓာတ်ပုံပြိုင်ပွဲတွင် အောင်ကျော်ထွန်း (ပံသုကျီ) က ပထမ၊ မိုးဟိန်းထွန်း (မွန်ဆွန်း၊ ရှမ်း/တောင်) က ဒုတိယ၊ မောင်ရ (ခ) စိုးလွင်-ရွှေဓနုက တတိယနှင့် နှစ်သိမ့်ဆု (၁)၊ အောင်နိုင်ဝင်း (အား/ကာ) က နှစ်သိမ့်ဆု (၂)၊ ကျော်ဆန်းမြင့်က နှစ်သိမ့်ဆု (၃)၊ ဘိုသင်း (မန်းတက္ကသိုလ်) က နှစ်သိမ့်ဆု (၄)၊ မျိုးမင်းထိုက် (The Eagle) က နှစ်သိမ့်ဆု (၅) တို့က အသီးသီးဆွတ်ခူးရရှိခဲ့ရာ ဆုပေးပွဲကျင်းပမည့်ရက်အား ဆုရရှိသူများထံ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ်၊ ၀၉-၄၂၈၇၁၀၇၀၀၊ ၀၉-၂၅၀၈၄၈၅၁၂ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။
#YMG/NN #Yangon_Times
Page 132 of 2528