#Local_News
Published 17 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် လူ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံကာ ဩဝါဒစကားပြောကြားခဲ့ကြောင်းသိရသည်။
■ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများနှင့် စစ်သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးချီးကျူးပြောကြားခဲ့ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
Yangon Times/pp
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်ကို တရုတ်သမ္မတရှီကျင့်ဖျင်က အခမ်းအနားဖြင့်ကြိုဆို. (ရုပ်သံသတင်း)
Source : CCTV+
တစ်နေ့ကို အမှိုက်တန်ချိန် ၈၀ ကနေ ၁၀၀ အထိထွက်ရှိတဲ့သီရိမင်္ဂလာဈေးမှ စွန့်ပစ်အသီးအနှံအမှိုက်များ အသုံးပြုကာ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချပေးလျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 16 June 2026
#စွန့်ပစ်အသီးအနှံအမှိုက် #သဘာဝမြေဩဇာ
#YMG/SW #Yangon_Times
မြန်မာ့ဝဥများ တရုတ်နိုင်ငံသို့တင်ပို့နိုင်ဖို့ MOUလက်မှတ်ရေးထိုးခဲ့လို့ ပြည်တွင်းကထွက်ရှိတဲ့ ဒူးရင်းသီးအပါအဝင်သစ်သီးဝလံ ခြောက်မျိုးကို လွယ်ကူလျင်မြန်စွာတင်ပို့ရေးဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 16 June 2026
#ဝဥ #တရုတ်
#YMG/NN #Yangon_Times
ငှက်ပျောပင်မှတဆင့် လူသုံးကုန်အမျိုးမျိုးကို ထုတ်လုပ်လျှက်ရှိရာ အဆိုပါ လူသုံးကုန် ထုတ်လုပ်တဲ့သင်တန်းတွေကို မြန်မာနိုင်ငံတစ်ဝန်း ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ငှက်ပျောထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချတဲ့Green Banana Myanmar မှ သိရပါတယ်။
#Local_News
Published 16 June 2026
#ငှက်ပျောပင် #လူသုံးကုန်
#YMG/SW #Yangon_Times
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမာန်နေ့ မွန်းလွဲ (၁) နာရီက ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပခဲ့ပါတယ်။
#Local_News
Published 16 June 2026
#ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
#YMG/NN #Yangon_Times
#Daily_News
Published 16 June 2026
၁။ စွန့်ပစ်အသီးအနှံအမှိုက်များမှ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချ
၂။ တရုတ်သို့ဝဥတင်ပို့ရန် MOUရေးထိုး၊သစ်သီးဝလံများတင်ပို့ရေးဆွေးနွေး
၃။ ငှက်ပျောပင်မှ လူသုံးကုန်များထုတ်လုပ်ရန် သင်တန်းပေးနေ
၄။ မက္ကဆီကို၌ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းပရိသတ်များကိုသယ်ယူပို့ဆောင်ပေးမည့် တရုတ်ပြည်ထုတ်ရထားများ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 120 of 2528