#Daily_News
Published 26 July 2025
၁။ MSME လုပ်ငန်းများအား ကျပ်သန်း ၅၀ ချေးနိုင်ရန် SOP ရေးဆွဲနေ
၂။ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် UID နံပါတ်အတုအပပြုလုပ်ကိုင်ဆောင်သူများကို အရေးယူမည်
၃။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်
၄။ Meta က AI ပညာရှင်အများအပြားကို အလုအယက်ခန့်အပ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 July 2025
▪️ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ ဒီဇင်ဘာလတွင် ပြုလုပ်မည့် JLPTအတွက် သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်းဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီမှ သိရသည်။
▪️ ထို့ကြောင့် Group Form လျှောက်ထားမည့် သင်တန်းကျောင်းများအနေဖြင့် Online System တွင် Registration ပြုလုပ်ထားရန် လိုအပ်ပြီး မှတ်ပုံတင်လျှောက်ထား ခြင်း/Activate ပြုလုပ်ခြင်းအား ၂၈.၇.၂၀၂၅ မှ ၁.၈.၂၀၂၅ အထိ Online System မှ တဆင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လျှောက်လွှာလက်ခံမည့်ရက်နှင့် ပတ်သက်၍ ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်း ဖြင့် လက်ခံသွားမည်ဖြစ်ရာ သက်တမ်း ရှိလိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ကြောင်း၊ ပိုင်ရှင် အမည်တူ လိုင်စင်အခွဲများ အကြုံးမဝင်ကြောင်း၊ အချက်အလက် စုံလင်စွာမပါ သော လျှောက်ထားခြင်းများနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း သိရသည်။
▪️ ယခင်စာမေးပွဲတွင် Registration ပြုလုပ်ထားပြီး စာမေးပွဲဖောင်လျှောက်ထားခွင့် ရရှိထားပြီးသော သင်တန်းကျောင်းများအနေဖြင့် Registration ပြန်လည်လျှောက်ထားရန် မလိုအပ်သော်လည်း ယခင်က မှတ်ပုံတင်ထားသော သင်တန်းကျောင်းများ၏ Account မှာ Deactive status ဖြစ်နေမည် ဖြစ်သောကြောင့် Activate ပြန်လည် ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်အထိုင် ဒီဇယ်ဈေးတွေ နှစ်ပတ်ဆက်တိုက်တက်ပြီး ဓာတ်ဆီဈေးပြန်ကျလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး
ကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက်ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 26 July 2025
#ဒီဇယ်ဈေးတက် #ဓာတ်ဆီဈေးပြန်ကျ
#YMG/NN #Yangon_Times
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 26 July 2025
#တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း #မြန်မာ့အသံမှထုတ်လွှင့်ကြေညာ
#YMG/SW #Yangon_Times
နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ UID နံပါတ်များ အတုအပပြုလုပ်ကိုင်ဆောင်သူများကို ထိရောက်စွာအရေးယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်
#Local_News
Published 26 July 2025
#မှတ်ပုံတင်၊သန်းခေါင်စာရင်း #အတုကိုင်ဆောင်သူကိုအရေးယူ
#YMG/SW #Yangon_Times
အာမခံလုပ်ငန်းမှာ MSME လုပ်ငန်းတွေကို ကျပ်သန်း ၅၀ ချေးနိုင်ရန် SOP ရေးဆွဲနေတယ်လို့ ယမန်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေးက သိရပါတယ်။
#Local_News
Published 26 July 2025
#MSME #SOPရေးဆွဲနေ
#YMG/NN #Yangon_Times
#Local_News
Published 26 July 2025
▪️ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပြိုကျပျက်စီးခဲ့သော Sky Villa အဆောက်အဦ A အဆောင်မှ အမျိုးသား(၁)ဦး ရုပ်အလောင်းတစ်လောင်းကို ယနေ့ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ Sky Villa အဆောက်အဦ A အဆောင်အား Asiaworld ကုမ္ပဏီနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ဇူလိုင်၂၆ရက်နေ့၊ မနက်၁၁ နာရီအချိန်တွင် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် A အဆောင် (၄)လွှာ၊ အခန်းအမှတ် F4 မှ အမျိုးသား(၁)ဦး(စိစစ်ဆဲ )၏ ရုပ်အလောင်းအား ၁၁ နာရီ ခွဲ အချိန်တွင် ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 115 of 2220