#Local_News
Published 30 July 2025
▪️ တနင်္သာရီတိုင်း မြိတ်၌ ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းတိုင်းအစိုးရအဖွဲ့မှ သိရသည်။
▪️ အဆိုပါ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့ကြား ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြို စူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၂၉ ရက်က ကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍ တနင်္သာရီတိုင်းအနေဖြင့် မဟာဓာတ်အားလိုင်းရောက်ရှိခြင်းမရှိသေးသဖြင့် တိုင်းအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။
▪️ မြိတ်မြို့တွင်ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂဝပ် ခင်းကျင်းနိုင်အောင် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မကြာခင်ကာလ၌ ရေနက်ဆိပ်ကမ်းတွင် ၆၆၀ မဂ္ဂဝပ် လျှပ်စစ်ဓာတ် Power Plant ဆောင်ရွက်ထားသည်ဟုလည်း ဆို သည်။
▪️ ယင်းသို့ ဆောင်ရွက်ထား၍ လျှပ်စစ်ဓာတ်အားထွက်ရှိလာပါက တိုင်းသို့ National Grid မရရှိသော်လည်း တိုင်း Grid တစ်ခုရရှိပါက ဒေသအတွက် လျှပ်စစ်မီးပြည့်ဝစွာရရှိမည်ဖြစ်၍ လုပ်ငန်းအား ကြိုဆိုပြီး တိုင်းအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အကူအညီများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green PowerCo.,Ltd တို့၏တာဝန်ရှိသူများက ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S(MOU)အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 July 2025
မြန်မာနိုင်ငံ၏ ဝါးအခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ကနေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပသည့် ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောကြားခဲ့သည်။
ယခုအလုပ်ရုံဆွေးနွေးပွဲကိုမျှစ်ထုတ်လုပ်မှု၊ ဝါးအခြေခံလက်မှု ပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာနှင့် စျေးကွက်အခွင့်အလမ်းများ ဆွေးနွေးဖလှယ်နိုင်ရန်နှင့် လုပ်ငန်းရှင်နှင့်ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ဝါးသည် မျှစ်ထုတ်လုပ်မှုမှစတင်၍ လက်မှုလုပ်ငန်း ထုတ်ကုန်အထိ စီးပွားရေးတန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် သဘာဝထုတ်ကုန် ဖြစ်ရာ မျှစ်နှင့် ဝါးထုတ်ကုန်များအား ပြည်တွင်း စျေးကွက်သာမက ပြည်ပစျေးကွက်များအထိရောက်ရှိ စေရေးအတွက် လုပ်ငန်းအဆင့်မြှင့်တင်မှု၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့် အရည်အသွေးစံနှုန်းပြည့်မီမှုများသည် များစွာအရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်၊ ကြိမ်၊ ဝါးကုန်ကြမ်း များ အသုံးပြုထုတ်လုပ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ကြမ်းရရှိရေး၊ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် နည်းပညာမြှင့်တင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး နှင့် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုး နှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပေါက်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်စဉ် ဝါးတော ထွက်နှုန်းမှာ ဝါးလုံးရေ ၃၁၈ သန်းရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 July 2025
▪️ ၂၀၂၅ -၂၀၂၈ ခုနှစ် ကာလအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်- Programme of Cooperation (POC) in Science and Technology လက်မှတ်ရေးထိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ ရုံးအမှတ် (၂၁) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
▪️ အဆိုပါ Programme of Cooperation (POC) ကို ၂၀၁၂-၂၀၁၅ ခုနှစ်နှင့် ၂၀၁၈-၂၀၂၁ ခုနှစ်တို့အတွက် လက်မှတ်ရေးထိုးေဆာင်ရွက်ခဲ့ကြပြီးဖြစ်ရာ ယခု ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်ကာလအတွင်း သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်ရည်ရွယ်၍ထပ်မံ လက်မှတ်ရေးထိုးချုပ်ဆိုခြင်းဖြစ်ပြီးသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr Abhay Thakur တို့က သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးကြကြောင်း သိရသည်။
▪️ ထို POC ကို လက်မှတ်ရေးထိုးခြင်းဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များ အထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့်စိုက်ပျိုးရေးအပါအဝင် ဇီဝနည်းပညာ၊ နာနိုနည်းပညာ၊ Smart University အတွက် နည်းပညာများ၊ အစိမ်းရောင်နည်းပညာများ၊ စက်ရုပ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာနှင့် Blockchain နည်းပညာ၊ Virtual Reality နှင့် Augmented Reality (3D ပုံရိပ်ဖော်နည်းပညာများ)၊ Advanced Material Science၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားနည်းပညာ၊ ဓာတ်သတ္တုကဏ္ဍ၊ Geospatial Technology နှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ မဟာဗျူဟာစီမံကိန်းများ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရုရှားနိုင်ငံကို ပြည်တွင်းထွက် သရက်သီးအနှစ်နဲ့အခြောက်တွေအပြင်အရည်အသွေးမြင့်ကော်ဖီကိုပါ တိုးမြှင့်တင်ပို့သွားမယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 30 July 2025
#သရက်သီး #ကော်ဖီ
#YMG/NN #Yangon_Times
လာမယ့်ဩဂုတ်လဆန်းပိုင်းတွင် နေပြည်တော်နဲ့မန္တလေးမြို့တွေမှာ ဆန်ကိုသင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published 30 July 2025
#နေပြည်တော် #မြန်မာနိုင်ငံဆန်စပါးကုန်သည်
#YMG/SW #Yangon_Times
#Local_News
Published 30 July 2025
▪️ ဂျပန်နိုင်ငံ မိုးလေဝသနဌာနက ထုတ်ပြန်သည့်ဆူနာမီသတိပေးချက်ေကြာင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ သတိထားနေထိုင်ကြရန် ထုတ်ပြန်တိုကျိုမြို့ရှိမြန်မာသံရုံးက ထုတ်ပြန်ထားသည်။
▪️ ယနေ့ ဇူလိုင်လ (၃၀) ရက် နံနက်ပိုင်းကရုရှားနိုင်ငံ၊ ကမ်ချတကျွန်းဆွယ်အနီးတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၈ ဒသမ ၇ မဂ္ဂနီကျုရှိသည့် ငလျင်ကြောင့် ဂျပန်နိုင်ငံ မိုးလေဝသနဌာနက ဂျပန်ကမ်းရိုးတန်းတလျှောက် ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမပြည်နယ်အထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရာအဆိုပါဒေသတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိပေးချက်များကို အလေးထားနားစွင့်ပြီး ကုန်းမြင့်ဒေသများတွင် နေထိုင်ကြရန်နှင့် ဆူနာမီ သတိပေးချက် ရုပ်သိမ်းခြင်းမပြုမီ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်းအား ရှောင်ရှားကြရန် အသိပေးနှိုးဆော်ထားခြင်းဖြစ်သည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြားမြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်( Quick Impact Project) များ အကောင်အထည်ဖော်ရေးဆိုင်ရာသဘောတူစာချုပ် သက်တမ်းတိုးမြှင့် စာချွန်လွှာလဲလှယ်ခြင်းနှင့် မြန်မာ-အိန္ဒိယနယ်နိမိတ်မြေပုံ (၃၆) ချပ်အား နှစ်နိုင်ငံက အခွင့်အာဏာလွှဲအပ်ထားသော ကိုယ်စားလှယ်များအဆင့် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 30 July 2025
#Quick_Impact_Project #မြန်မာနှင့်အိန္ဒိယ
#YMG/SW #Yangon_Times
Page 111 of 2220