ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတဆင့်မြန်မာလုပ်သား(၆၀၀ကျော်ကို ထပ်မံစေလွှတ်ခဲ့ရာ ယခုလအတွင်း မြန်မာလုပ်သား၂၀၀ခန့် ကိုရီးယားနိုင်ငံလုပ်ငန်းခွင်မှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေပြီဖြစ်တယ်လို့ ဆိုးလ်မြို့ရှိမြန်မာသံရုံးမှ သိရပါတယ်။
#Local_News
Published 28 June 2026
#POEA #ကိုရီးယား
#YMG/SW #Yangon_Times
မြန်မာသင်္ဘောသားများ MSME လုပ်ငန်းများဆောင်ရွက်နိုင်မယ့် သမဝါယမအသင်းဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)ကသိရပါတယ်။
#Local_News
Published 27 June 2026
#MSME #မြန်မာသင်္ဘောသား
#YMG/NN #Yangon_Times
နိုင်ငံတကာမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ကိုရီးယားဈေးကွက်နှင့် ချိတ်ဆက်ပေးရန်၊ Global Supply Chain ချဲ့ထွင်ရန်နှင့် Business Matching အခွင့်အလမ်းများဖန်တီးပေးရန်ရည်ရွယ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့တစ်ခုတည်းသော သွင်းကုန်အထူးပြု B2B ကုန်စည်ပြပွဲဖြစ်တဲ့တောင်ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၆မှာ မြန်မာပြခန်းပါဝင်ပြသကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလာမှုမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 27 June 2026
#တောင်ကိုရီးယားသွင်းကုန်ပြပွဲ
#YMG/SW #Yangon_Times
အမေရိကန်ဒေါ်လာနဲ့ ငွေထုတ်ပေးမယ့် မြန်မာသင်္ဘောသားများအတွက်ပင်စင်စနစ်ဖော်ဆောင်ဖို့ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ် (MSF)ကသိရပါတယ်။
#Local_News
Published 27 June 2026
#သင်္ဘောသား #ပင်စင်
#YMG/NN #Yangon_Times
#Daily_News
Published 27 June 2026
၁။ သင်္ဘောသားများ MSME လုပ်ငန်းများဆောင်ရွက်နိုင်မည့် သမဝါယမအသင်းဖော်ဆောင်မည်
၂။ တောင်ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၆တွင် မြန်မာ့ထုတ်ကုန်များပါဝင်ပြသ
၃။ သင်္ဘောသားများအတွက်ဒေါ်လာဖြင့်ပေးမည့် ပင်စင်စနစ်ဖော်ဆောင်ရန်ဆောင်ရွက်နေ
၄။ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးများတိုးချဲ့မြှင့်တင်ရန် တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်တို့ပေကျင်း၌တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 June 2026
■ FIFA ယူ-၁၅ ကမ္ဘာ့ဖလား နှင့် ဘောလုံးပွဲတော်တွင် မြန်မာ ယူ-၁၅ အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အဆိုပါအသင်းအားစုစုပေါင်း အဖွဲ့ဝင် ၂၀ ဦး ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
■ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံတွင် ၁၀ ရက်ကြာ ကျင်းပသွားမည့်အဆိုပါပြိုင်ပွဲအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ထံ မြန်မာယူ၁၅ အသင်းပါဝင်ယှဉ်ပြိုင်ရေးအတွက် တရားဝင်အကြောင်းကြားစာ ပေးပို့ထားပြီး MFF အနေဖြင့်လည်းပါဝင်ယှဉ်ပြိုင်ရန် တရားဝင်ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ MFF သည် ပြီးခဲ့သည့် ၃ နှစ်တာအတွင်း မြန်မာ ယူ၁၅ လိဂ်ပြိုင်ပွဲများအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ဇုန်များတွင် နှစ်စဉ်ကျင်းပလျက်ရှိသလို ယခု ၂၀၂၆ လိဂ်ပြိုင်ပွဲကိုလည်း ယခင်နှစ်ကထက် ပြိုင်ပွဲဝင်အသင်း ပိုမိုများပြားစွာဖြင့်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
■ ထို့ကြောင့် မြန်မာယူ ၁၅ အသင်းကို အသင်းတစ်သင်းလျှင် ကစားသမား ၁၄ ဦး (အနည်းဆုံး ဂိုးသမား ၂ ဦး ပါဝင်ရမည်) နှင့် အသင်းအရာရှိ/ဝန်ထမ်း ၆ ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၂၀ ဦး ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာ ယူ၁၅ ပဏာမ ကစားသမားရွေးချယ်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ထူးချွန်လူငယ်များ၊ ပါရမီရှင် ရွက်ပုန်းသီး လူငယ်များမကျန် စနစ်တကျ ရွေးချယ်မှုများပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါကမ္ဘာ့အဆင့် လူငယ်ဘောလုံးပွဲတော်ကြီးသည် မြန်မာ့လူငယ်ကစားသမားများအတွက် နိုင်ငံတကာအတွေ့အကြုံကောင်းများစွာ ရရှိစေမည့်အပြင် အနာဂတ် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက်ပါအရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 June 2026
■ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင် အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
■ အစည်းအဝေးတွင် လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ၏ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ ဖျက်သိမ်းမည့် အဆောက်အအုံများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီဖွဲ့စည်းထားရှိမှု၊ အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများစနစ်တကျ လေလံတင်ရောင်းချဖျက်သိမ်းနိုင် ရေး ဆောင်ရွက်ထားရှိမှု၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 109 of 2528