ပုဂံဒေသရှိ နံရံဆေးရေးပန်းချီရေးဆွဲထားတဲ့ စေတီ၊ ပုထိုးရဲ့သမိုင်းကို နိုင်ငံခြားသား ခရီးသွားဧည့်သည် တိုးရစ်စ်များပိုမိုစိတ်ဝင်စားလေ့ရှိကြတယ်လို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပုဂံရုံးခွဲမှ သိရပါတယ်။
#Local_News
Published 04 May 2026
#ပုဂံ #နံရံဆေးရေးပန်းချီ
#YMG/NN #Yangon_Times
ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေရဲ့ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၇,၃၈၀ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 04 May 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ အခု ၂၀၂၆ ခုနှစ် လေးလတာအတွင်း ယခုနှစ်အတွင်းအမြန်လမ်း၌ ယာဉ်မတော်ဆမှုကြောင့် ၃၂ဦးေ-သဆုံးခဲ့တယ်လို့အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 04 May 2026
#ရန်ကုန်_မန္တလေးအမြန်လမ်းမကြီး
#YMG/NN #Yangon_Times
ပြည်တွင်းပြောင်းဈေးဆက်တိုက်မြင့်တက်လာရာ ယခုရက်သတ္တပတ်တွင် ပြောင်းဈေးမှာ ပြည်တွင်းဈေးသာမက ပြည်ပဈေးပါမြင့်တက်လာပြီး ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးမှာ တစ်တန်လျှင် ၅ ဒေါ်လာခန့် ဈေးတက်လာတယ်လို့ ပြောင်းကုန်သည်များထံမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 04 May 2026
#ပြောင်း #FOB
#YMG/SW #Yangon_Times
#Local_News
Published 04 May 2026
■ ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့၌ ယနေ့မနက်အစောပိုင်း တွင်မီး လောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ မေလ ၄ရက်နေ့၊ မနက်၈ နာရီ၁၅မိနစ် အချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ အဆိုပါသတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာမနက် ၀၈ နာရီ၃၀ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ ကြောင်းသိရသည်။
■ ယင်းမီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကိုဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 May 2026
■ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် ယမာန်နေ့ နံနက်ပိုင်းကလှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့်ရွှေပြည်သာမြို့နယ် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
■ ထိုသို့စစ်ဆေးရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် ရေမြောင်းရေစီးရေလာအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းတစ်လျှောက် ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
■ ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ အင်းဂလိုင်ချောင်းအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုနှင့် ကနောင်မင်းသားကြီး လမ်းပေါ်ရှိ အများပြည်သူသုံးအားကစားကွင်းကို အများပြည်သူများ လွယ်ကူစွာလာရောက် ကစားနိုင်ရေးအတွက် အဆင့်မြှင့်တင်ရန်လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။
■ ယင်းနောက် ရွှေပြည်သာမြို့နယ် ရွှေပြည်သာတံတားဆင်းနေရာကို ယာဉ်များသွားလာရာတွင် အဆင်ပြေစေမှုရှိစေရန် လမ်းသားအား ညီညာစွာပြုပြင်ပေးရန်မှာကြားပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပစေရန် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် လှော်ကားလမ်းပေါ်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနပိုင်မြေနေရာ၌ ပန်းခြံဖော်ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မိုးစပါးစိုက်ပျိုးဧက (၁၅) သန်းအတွက်လိုအပ်တဲ့ စက်သုံးဆီများကို တောင်သူများသို့ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားပြီးဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 03 May 2026
#မိုးစပါးစိုက်ပျိုးဧက #စက်သုံးဆီ
#YMG/SW #Yangon_Times
Page 109 of 2478