ရန်ကုန်၊ မေ ၂
လှိုင်သာယာမြို့နယ်၏ မြို့ပြစနစ်ကို စနစ်တကျဖြစ်စေရန်အတွက် Town Plan အား တိကျစွာ တွက်ချက်ရေးဆွဲရန်နှင့် မြို့ပြအသစ်များ တည်ဆောက်ရာတွင် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သက်ဆိုင်ရာတာဝန်ရှိသူများသို့ ယနေ့တွင် တိုက်ရိုက်လမ်းညွှန်မှာကြားလိုက်သည်။
အဆိုပါ လမ်းညွှန်မှာကြားချက်ကို ယနေ့ မေလ ၂ ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင် ပန်းခြံ ရှင်းလင်းဆောင်၌ ပြုလုပ်သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါခဲ့ကြသည်။
ရှင်းလင်းဆောင်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများ၊ ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေး၊ လမ်းမကြီးများတစ်လျှောက် ဇလားပုံ ရေမြောင်းများ ဖောက်လုပ်နေမှုနှင့် တံတားများ တိုးချဲ့တည်ဆောက်မှုအခြေအနေများကို တင်ပြခဲ့သည်။ ယင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မြို့ပြဖွံ့ဖြိုးရေးအတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ လမ်းများ တိုးချဲ့ရာတွင် လူသွားပလက်ဖောင်းများနှင့် ရေနုတ်မြောင်းများကို စနစ်တကျထည့်သွင်းရန်၊ မိုးရာသီ မတိုင်မီ ရေစီးရေလာကောင်းမွန်စေရေးနှင့် အနံ့အသက်ဆိုးများ ကင်းစင်စေရေးအတွက် အမှိုက် စွန့်ပစ် မှုစနစ်များကို အဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ရန် ထပ်လောင်းမှာကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး အသိပညာပေး လုပ်ငန်းများနှင့် ကြပ်မတ်မှုအပိုင်းများကို စနစ်တကျလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် အများပြည်သူ အပန်းဖြေနိုင်မည့် ပန်းခြံများ၊ ဥယျာဉ်များနှင့် အားကစားကွင်းများ တည်ဆောက်ရာတွင် မြို့ပြနေ လူဦးရေအပေါ် မူတည်တွက်ချက်၍ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပမြို့နယ်များအတွင်း လမ်းနယ်နိမိတ် ကျူးကျော်မှုများ ဖယ်ရှားရှင်းလင်းထားမှု၊ လမ်းအင်္ဂါရပ်နှင့်အညီ လမ်းများအဆင့်မြှင့်တင် တိုးချဲ့ထားရှိမှုနှင့် လျှပ်စစ်ဓာတ်အားတိုင်များ ရွှေ့ပြောင်း ထားရှိမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်စတေ့ာ့အိတ်ချိန်း YSX ကို စာရင်းဝင်ကုမ္ပဏီ တစ်ခုထပ်မံဝင်ရောက်ဖို့ဆောင်ရွက်နေတယ်လို့ YSX ကနေသိရပါတယ်။
#Local_News
Published 02 May 2026
#YSX
#YMG/NN #Yangon_Times
မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီလကုန်ပိုင်းကပြုလုပ်ခဲ့တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 02 May 2026
#မြန်မာ့ပေါ်ဆန်းဆန်
#YMG/SW #Yangon_Times
မိုးလယ်နဲ့မိုးနှောင်းကာလများအတွင်း ဧရာဝတီအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မိုးလယ်နဲ့မိုးနှောင်းကာလခန့်မှန်းချက်အရသိရပါတယ်။
#Local_News
Published 02 May 2026
#မိုးလယ်နှင့်မိုးနှောင်း
#YMG/NN #Yangon_Times
#Daily_News
Published 02 May 2026
၁။ YSX၌ စာရင်းဝင်ကုမ္ပဏီ တစ်ခုထပ်မံဝင်ရောက်ရန်ဆောင်ရွက်နေ
၂။ မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပိံရောင်းချနိုင်ရေးဆောင်ရွက်နေ
၃။ မိုးလယ်နှင့်မိုးနှောင်းကာလများအတွင်း ဧရာဝတီအပါအဝင်မြစ် ရေများ စိုးရိမ်ရေမှတ့်အထက်သို့ကျော်လွန်နိုင်
၄။ တရုတ်ပြည်၏LNGသယ်ဆောင်ရေးအကြီးမားဆုံးသင်္ဘော စင်္ကာပူသိံစတင်ထွက်ခွာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 01 May 2026
■ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍လစာပေးပြီး စာသင်ပေးမည့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူနေပြီဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အသိပေးခေါ်ယူထားသည်။
■ အခြေခံပညာအထက်တန်းဆင့် Grade-10 Grade-11 နှင့် Grade-12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည်ဖြစ်သဖြင့် ကျောင်းသားသစ်များအဖြစ် လျှောက်ထားနိုင်မည်ဖြစ်သည်။
■ အဆိုပါ သင်ကြားလေ့ကျင့်ပေးမည့်ကျောင်းများကို အမှတ်(၁)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(ရဲမွန်)၊ အမှတ်(၂)တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လျှောက်ထားလိုသူသည် Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 သင်တန်းအတွက် Grade-10 အောင်မြင်ပြီး အသက် ၁၈ နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက် ၁၉ နှစ်ထက်မကြီးသူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
■ အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူအမျိုးသား(လူပျို)ဖြစ်ရမည်ဖြစ်သလို တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းခံရဖူးသူ မဖြစ်စေရဘဲ စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းအောင်မြင်ရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားသည်။
■ အဆိုပါ သတ်မှတ်အရည်အချင်းနှင့် ပြည်စုံသူအနေဖြင့် တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ ၃ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)၊ မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)၊ အိမ်ထောင်စုဝင်လူဦးရေစာရင်း(ပုံစံ-၆၆/၆)(မိတ္တူ)၊ ကျောင်းထွက်လက်မှတ်(မိတ္တူ)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း၊ မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်တို့ဖြင့် လျှောက်လွှာများကို နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ မေလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လျှောက်ထားသူကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များသို့ လျှောက်ထားနိုင်ကြောင်း ၊ကျောင်းသားသစ်အဖြစ်လျှောက်ထားသူကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းကြီးကြပ်ရေးနှင့် ကျောင်းသားစိစစ်ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ရန် အကြောင်းကြားလာပါက အထက်ဖော်ပြပါ စာရွက်စာတမ်းများမူရင်းနှင့် မိတ္တူ(၃)စောင်စီ ယူဆောင်၍ မေလ ၂၂ ရက်အရောက် မိဘ/အုပ်ထိန်းသူနှင့်အတူ သတင်းပို့ရမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြုရွေးချယ်သွားမည်ဖြစ်သည်။
■ အဆိုပါ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အခြား သင်ထောက်ကူပစ္စည်းများ၊ အခြေခံပစ္စည်းများ အခမဲ့ရရှိမည့်အပြင် ပညာသင်ကြားနေစဉ်ကာလအတွင်း လစာအဖြစ် တစ်လလျှင် Grade-10 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၃၀ ရာခိုင်နှုန်း(၄၃၂၀ဝိ/-ကျပ်)၊ Grade-11 အတန်းအတွက် အခြေခံ တပ်သားသစ်လစာ၏ ၄၀ ရာခိုင်နှုန်း(၅၇၆၀ဝိ/-ကျပ်)နှင့် Grade-12 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၅၀ ရာခိုင်နှုန်း (၇၂၀၀ဝိ/-ကျပ်)တို့ကိုပါ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
■ ယင်းကျောင်းသားများကို အခြေခံပညာအထက်တန်းဆင့်ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နှစ်အလိုက် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်မှကျင်းပပြုလုပ်သည့်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရမည်ဖြစ်ကာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူကျောင်းသားများသည် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့်သိပ္ပံများသို့ လျှောက်ထားခွင့်ရှိသည်ဟုလည်း ဆိုထားသည်။
■ ထိုပြင် တပ်မတော်ဆိုင်ရာတက္ကသိုလ်နှင့်သိပ္ပံများသို့တက်ရောက်ရန် သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီမှုမရှိပါက ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာပညာ သင်ကျောင်း၌ဖွင့်လှစ်သည့် တတိယအဆင့်ဆေးလက်ထောက်သင်တန်း(အထူး)သို့ လျှောက်ထားခွင့်ရှိမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ပညာရေးဌာနစု၊ ဖုန်း-၀၃၆-၃၀၅၃၁/၀၃၆-၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
April 30, 2026
It has been announced that Daw Aung San Suu Kyi's remaining sentences have been commuted, allowing her to serve the remainder of her term at a designated residence.
According to a government press release issued on the evening of April 30, Daw Aung San Suu Kyi, who had been serving her sentence in Nay Pyi Taw Prison, will have her remaining sentences commuted to a designated residence in accordance with Section 541, Sub-section (1) of the Code of Criminal Procedure.
The announcement further stated that the President of the Republic of the Union of Myanmar authorized this commutation in commemoration of the Kasone Full Moon Day (Buddha Day) of the year 1388 ME, in observance of humanitarian principles, and as a gesture of the State’s goodwill and loving-kindness.
Page 110 of 2478