ရိုးမရိပ်သာအိမ်ရာတွင် အခန်းဝယ်ယူခွင့်မဲပေါက်ထားသူများအနေနဲ့ အခန်းဝယ်ယူခွင့် အကြောင်းကြားစာကို ဩဂုတ်လ ၂၅ ရက်နောက်ဆုံးထားထုတ်ယူရမယ်လို့ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 04 August 2025
#ရိုးမရိပ်သာအိမ်ရာ #အခန်းဝယ်ယူခွင့်
#YMG/SW #Yangon_Times
#Local_News
Published 04 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ Business Management နှင့် Digital Marketing သတင်းများကို အွန်လိုင်းမှ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း
သိရသည် ။
▪️ အဆိုပါ သင်တန်းကာလမှာ ၃လကြာမြင့်မည်ဖြစ်ကာသက်ဆိုင်ရာ အွန်လိုင်းလျှောက်လွှာများကို အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဩဂုတ်လ ၁၂ ရက်နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည် ။
▪️ ယင်းသင်တန်း၌ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Entrepreneurship and Business Management - CEBM)နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စျေးကွက်ဖော်ဆောင်မှု နှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Digital Marketing and Innovation - CDMI) ပေးအပ်သွားမည် ဖြစ်သည် ။
▪️ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကြေးမှာ (၁ သိန်း)ကျပ် သတ်မှတ်ထားကာ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တို့မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 04 August 2025
▪️ ဆင်သေဆည်ရေသောက်စနစ်အတွင်း ယခုနှစ် မိုးစပါးနှင့်သီးနှံဧက တစ်သောင်းကျော်စိုက်ပျိုးရန်လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ လျာထားရာတွင် ယခုနှစ် လျာထားမိုးစပါး ၈၄၈၆ ဧကနှင့် မိုးသီးနှံ ၃၁၂၃ ဧက အပြည့်အဝစိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမာန်နေ့ကဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ်အတွင်း လျာထားချက်အတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ရန် ရေသောက်စနစ်အတွင်း စိုက်ပျိုးရေအဆင်ပြေချောမွေ့စွာပေးဝေနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးသည် ယာယီရေသွယ်မြောင်းများအတွင်း ဝင်ရောက်လျက်ရှိသည့် သဲနုန်းများရှင်းလင်းဖယ်ရှားနေမှုနှင့်နုန်းဖမ်းတာတည်ဆောက်ရန် ဆောင်ရွက်နေမှု၊ မိုးစပါး၊နွေစပါးစိုက်ပျိုးခြင်းအတွက် ဆက်လက်ရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သဲနုန်းတူးဖော်ခြင်း၊ ယာယီနုန်းထိန်းကန်တည်ဆောက်ခြင်း၊ လိုအပ်သော တူးမြောင်းအဆောက်အအုံလုပ်ငန်းများကို သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ ရေလွှဲဆည်အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့စွာအသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံနှင့် တည်ဆောက်မှုလုပ်ငန်းဖြစ်စေရေး ဆွေးနွေးမှာကြားပြီး ဆင်သေရေလွှဲဆည် အသစ်တည်ဆောက်ရန် လျာထားရွေးချယ်ထားသောနေရာကို ကြည့်ရှုစစ်ဆေးကာ လေ့လာဆန်းစစ်ချက်များ ပြီးစီးပြီဖြစ်၍ အသစ်ရေးဆွဲသောဒီဇိုင်းအား ဩဂုတ်လအတွင်း ပြီးမြောက်အောင်ရေးဆွဲ၍ အတည်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဆင်သေရေလွှဲဆည်၏ ပင်မတမံ(Head Work) တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ရေသောက်စနစ်အတွင်းရှိ မိုးစပါးနွေစပါးစိုက်ပျိုးခြင်းအတွက် ရေပေးဝေရာ၌ စနစ်တကျရေစီမံခန့်ခွဲမှုပြုလုပ်နိုင်ရန် ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ဆင်သေရေလွှဲဆည်အသစ်မတည်ဆောက်မီနှင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ရေသောက်စနစ်အတွင်း ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေပေးဝေရမည်ဖြစ်၍ ရေလွှဲဆည်၏ Under Sluice အပိုင်း၊ ရေခေါ်မြောင်းများအပိုင်းနှင့် ရေသောက်စနစ်အပိုင်းများကို လိုအပ်သည့်နေရာများ၌ ပြုပြင်ခြင်း၊ Structure များ တည်ဆောက်ခြင်း၊ သဲနုန်းတူးဖော်ခြင်းနှင့် ရေသွားလမ်းရှင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 August 2025
▪️ ဆော်ဒီနိုင်ငံ Riyadh မြို့၌ ကျင်းပခဲ့သည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲ PMWC 2025 တွင် မြန်မာ ကိုယ်စားပြု Yangon Galacticos အသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
▪️ “ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း (၄,၀၀၀) ကျော်အကွာ ESports အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲပြိုင်ပွဲမှာတော့ ကျွန်တော်တို YG PUBGM အသင်းအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ PMWC 2025 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် အကောင်းဆုံးရယူနိုင်ခဲ့ပါပြီ။
▪️ ဒီချန်ပီယံဆုဟာ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ပထမဆုံး Esports ကမ္ဘာ့ဖလားဖြစ်တဲ့ World Champion Title ကို ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင်အသစ်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
▪️ နောက်နှစ်တွေလဲ ဒီထက်မကအောင်မြင်မှုတွေ ရရှိအောင်ကြိုးစားသွားပါမယ်ခင်ဗျာ” ဟု Yangon Galacticos အသင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
▪️ YG အသင်းအနေဖြင့် နိုင်ငံတကာမှ PUPG အသင်းပေါင်း ၁၅သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပြီးနောက် ချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်ကာ ဆုကြေးအနေဖြင့် အမေရိကန်ဒေါ်လာ၅၄၇၀၀၀ရရှိခဲ့ကြောင်း သိရသည်။
▪️ ဆော်ဒီနိုင်ငံတွင် ကျင်းပသည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ PUBG နှင့် MLBB ကိုယ်စားပြု အသင်းတို့ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး MLBB ကိုယ်စားပြု အဖြစ် Mythic Seal ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 8 အဆင့်ရရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၄ ဩဂုတ် ၂၀၂၅
တောင်ငူဘူတာရုံကို ခေတ်မီဘူတာရုံတစ်ခုအဖြစ် အသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါ တယ်။
အဆိုပါဘူတာရုံအသစ်နှင့်ဆက်စပ်ပြီး တောင်ငူမြို့ရှောင် ရထားလမ်းကိုလည်း ဖောက်လုပ်နေပါတယ်။
အဆိုပါဆောင်ရွက်ချက်များကို လအက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသယာယာရေးကော်မရှင် (လအက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရေး လျာထား ဆောင်ရွက် ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ဖို့မြေလုပ်ငန်းဆောင်ရွက် သွား မည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် လအကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်း နှင့် ဘူတာရုံ အသစ် တည်ဆောက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေး ပြည့်မီအောင် တည်ဆောက်သွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။
#ymng/knl
#Daily_News
Published 02 August 2025
၁။ လွိုင်ကော်စက်မှုဇုန်ရှိလုပ်ငန်းများအရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရန် ကူညီမည်
၂။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးထောင်အထိရှိလာပြီး ၂၆ ဦး ၊ ေ-သဆုံး
၃။ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသည့် မြန်မာအမျိုးသမီးများ အပြန်လေယာဉ်လက်မှတ်ခ စပေါ်ငွေပေးသွင်းခြင်းကို သံရုံးဘဏ်အကောင့်သို့ တိုက်ရိုက်ပေးသွင်းရမည်ဟုဆို
၄။ ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကြောင့်စစ်ဘေးရှောင်နေကြသူများ နေရပ်ပြန်ချင်နေကြပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 2 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်း အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ၂.၈.၂၀၂၅ ရက်နေ့၊ ၁၁ နာရီ ၀၅မိနစ် အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲလမ်းဆုံရှိ အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကို ၁၁ နာရီ ၂၂ မိနစ်အချိန် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 105 of 2220