May 7, 2026
Myanmar President U Min Aung Hlaing announced that his administration is an official, elected government. He said it was put together by representatives chosen by the public during a free and fair multiparty democratic election, where people voted of their own free will. The Myanmar President made these comments at a Union Government meeting at the Presidential Office in Nay Pyi Taw on May 6.
He went on to say that the fact people showed up enthusiastically and followed the rules to vote proves they support not just the election, but the government's political agenda too. He emphasized that the election was totally clean, fair, and respectable, without any cheating or voter list mistakes.
On top of that, the Myanmar President pointed out that during the second term of the previous democratic government, careless actions by state and union officials cost the country $13.344 million and 226.107 billion Kyats. He warned that corruption can cause huge losses for the country, so officials need to stay clean to avoid being prosecuted. He pushed for strict oversight at all levels—Union, Region, and State—to keep corruption out.
During his speech, the Myanmar President also gave specific instructions about farming, energy, small and medium businesses, rural development, and other key areas. Vice Presidents U Nyo Saw and Daw Nan Ni Ni Aye, along with Union Ministers and the Nay Pyi Taw Council Chairman, were there in person, while regional and state Chief Ministers tuned in via video call.
၇ မေ၊၂၀၂၆
မိမိတို့အစိုးရအဖွဲ့သည်လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားသည်။
မေလ ၆ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့်ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲများတွင် ပြည်သူများသည် သူတို့၏ သဘောဆန္ဒများနှင့် တက်ကြွစွာ စည်းကမ်းတကျ လာရောက်မဲပေးကြရာ ယင်းသည် ရွေးကောက်ပွဲကိုထောက်ခံအားပေးမှုကိုပြသခြင်းဖြစ်သည့်အပြင် အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်ကများကို ထောက်ခံမှုပြသခြင်းလည်းဖြစ်ကြောင်းလည်း သမ္မတ က ဆက်လက်ပြောကြားသည်။ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ် ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်းလည်း သူက ပြောသည်။
ထို့အပြင် နိုင်ငံတော်သမ္မတက ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်နှင့်ပြည် ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ၁၀၇ ဘီလီယံ နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့ရကြောင်းလည်း ထည့်သွင်း ပြောကြားးသည်။
အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှု များနှင့်ပတ်သက်၍ အရေးယူရသည်များ မဖြစ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများမရှိစေရေး ပြည် ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြပ်မတ် ထိန်းသိမ်းကြရန်လို ကြောင်းလည်း သတိပေးပြောကြားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတက လယ်ယာစီးပွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ MSMEကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေး ကဏ္ဍနှင့် အခြား လိုအပ်သည်များကိုလည်း သူ၏မိန့်ခွန်းတွင် အသေးစိတ်မှာကြားခဲ့သည်။
အစည်းအဝေးသို့ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီး များနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
နိုင်ငံတော်အစိုးရက စက်သုံးဆီ(ဒီဇယ်ဆီ)နဲ့သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းတွေအတွက် လျော့ချပေးထားတဲ့အခွန်နှုန်းထားတွေကို သက်တမ်းထပ်မံတိုးမြှင့်ပေးလိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာများမှ တဆင့်အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 07 May 2026
#စက်သုံးဆီ #နိုင်ငံပိုင်သတင်းစာ
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရက် (၁၀၀) လုပ်ငန်းဆောင်ရွက်မှုအဖြစ် Mandalay Commercial Complex စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး)မှ သိရပါတယ်။
#Local_News
Published 07 May 2026
#Mandalay_Commercial_Complex
#YMG/SW #Yangon_Times
#Local_News
Published 07 May 2026
#ဆေးဝါးစက်ရုံ
#YMG/NN #Yangon_Times
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသော ကုမ္ပဏီများအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ဖိတ်ခေါ်ထားပါတယ်။
#Local_News
Published 07 May 2026
#တရုတ် #ဆန်_ဆန်ကွဲ
#YMG/SW #Yangon_Times
#Daily_News
Published 07 May 2026
၁။ တရုတ်သို့ ဆန်/ဆန်ကွဲ တင်ပို့လိုသူများ စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းနိုင်
၂။ ဆေးဝါးစက်ရုံ (အင်းစိန်) ၌ အခြေခံအကျဆုံး ဆေးအမျိုးအစား ၁၉၀ ကို စံချိန်စံညွှန်းနှင့်အညီထုတ်လုပ်နေ
၃။ ပြည်ပပို့ကုန်မြှင့်တင်ရေး Mandalay Commercial Complex စီမံချက် စတင်
၄။ နှစ်ထောင်ချီသက်တမ်းရှိတတိယလပွဲတော်မြင်းပြိုင်ပွဲ တရုတ်ယူနန်၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 105 of 2478