“ဝီဖာ” မုန်တိုင်းအရှိန်ကြောင့် ဒေသအများစုမှာ မိုးကြီးပြီးလေပြင်းတိုက်နိုင် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယမန်နေ့ညပိုင်းကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#Local_News
Published 23 July 2025
#“ဝီဖာ”မုန်တိုင်း #မိုးကြီးပြီးလေပြင်းတိုက်နိုင်
#YMG/NN #Yangon_Times
ယခုလ၂၄ရက်ကစတင်ပြီး ရန်ကုန်တိုင်းအတွင်းကမြို့နယ် ၉ခုရဲ့ ဈေး၉ ဈေးမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ရက် (၉၀) ဆန်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 23 July 2025
#လိုက်လံရောင်းချပေး #သက်သာတဲ့ဈေးနှုန်း
#YMG/SW #Yangon_Times
စိမ်းလဲ့မြေဆန်စက်ဆိုလာစီမံကိန်းကို ညောင်တုန်းမြို့နယ်မှာ စတင်လိုက်ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 23 July 2025
#စိမ်းလဲ့မြေဆန်စက်ဆိုလာစီမံကိန်း #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 23 July 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နှစ်ရက်ဆက်တိုက် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး Level1 အဆင့်မီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ပထမဖြစ်စဉ်မှာယမန်ေန့၂၂.၇.၂၀၂၅ ရက်နေ့၊ ည၆နာရီ၅၃မိနစိ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာခဲ့ပြီးနောက် ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ဒုတိယဖြစ်စဉ်မှာ ယနေ့ နံနက် ၀၉နာရီ ၂၇ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းတွင် စက်ရုံမီးလောင်မှုဖြစ်ပွားသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၀၉ နာရီ ၄၉ မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက်၁၀ နာရီ၀၄ မိနစ်အချိန်တွင်မီးငြိမ်းခဲ့ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 July 2025
▪️ စိတ်ကျန်းမာရေး အခမဲ့ဆွေးနွေးပွဲတစ်ခုကို လာမည့်ဇူလိုင်လ၂၆ရက်၊နေ့လယ် ၂ နာရီမှ ၄ နာရီအထိDoh Eain Youth Space အမှတ် (၁၆၇)၊ ၄၇ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "နေ့စဥ်ဘဝမှာ ရှင်သန်လှုပ်ရှားနေကြရင်း ကိုယ်ခန္ဓာတွေ နာမကျန်း ဖြစ်တတ်သလိုမျိုး စိတ်ပင်ပန်းပြီး နေမကောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်အဆင်မပြေ ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ နေထိုင်မှုဘဝပုံစံနဲ့ ကျန်းမာရေးကို ထိခိုက်မှုနည်းစေဖို့ ထိရောက်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြန်လည် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်"ဟု Doh Eainမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ထို့ကြောင့်လူငယ်များ၏စိတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး စိတ်လူမှုရေး အခက်အခဲများအကြောင်းကို တတ်သိကျွမ်းကျင်သည့် Counsellor များနှင့်ဆွေးနွေးမှုများ ရယူနိုင်မည့်Screening & Well-being အစီအစဉ်တစ်ခုကို ဒို့အိမ်က ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဇာတ်လမ်းတိုများကို ကြည့်ရှုပြီး အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ခံစားချက်များကို ပြန်လည် ပြောပြနိုင်မည့် အစီအစဥ်များပါဝင်ကြောင်း၊လူဦးရေ ( ၂၀ ) သာလက်ခံပေးသွားမည် ဖြစ်ရာပါဝင်တက်ရောက် လိုသူများအနေဖြင့် ဒို့အိမ်ပေ့ချ်တွင်ေဖာ်ပြထားသောလင့်ခ်မှ တစ်ဆင့်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Yangon, Myanmar – July 23, 2025 – Myanmar Police Force announced a major bust of a drug trafficking ring operating via maritime routes, seizing over 48.4 billion Myanmar Kyats (MMK) worth of psychotropic drugs in Insein Township.
On July 12, at 6:30 PM, a joint team from the Anti-Narcotics Task Force, acting on intelligence, raided a rented house in Kyoekone East Ward, Insein Township. They apprehended Zaw Zaw Lwin with 1,875 kg of ICE (methamphetamine), valued at an estimated 46.875 billion MMK, and 1.6 million ecstasy pills with a local street value of 1.6 billion MMK. A Toyota Dyna vehicle was also seized at the scene.
Further investigation led to the arrest of Nay Myo Kyaw at 7:00 PM the same day on Parami Road in Hlaing Township (Ward 16). Nay Myo Kyaw was identified as the individual who transferred the seized psychotropic drugs.
Continuing the operation, on July 15, Kyi Phyu (aka Kyaw Win Htay) and Zaw Min Naing, who were responsible for transporting the psychotropic drugs and had fled towards Dawei, were apprehended near Nyaung Khashay Village in Waw Township, along with a KLUGER vehicle. It was revealed that Kyi Phyu (aka Kyaw Win Htay) was also a wanted fugitive in another drug-related case.
Later that day, at 4:30 PM, Soe Lin Paing (aka Lin Lin), who was responsible for transporting the psychotropic drugs by sea to Malaysian waters, was arrested at Nawaday Bridge in Pyay Township. The following day, July 16, at 10:30 AM, Ye Tun (aka Pae Nin aka Phoe Tha Gi), the owner of the motorboat used to transport drugs from the mouth of the Yangon River to Malaysian waters, was apprehended in Pathein Gyi Township. Ye Tun was also found to be a wanted fugitive for a previous drug offense.
Similarly, on July 17, at 4:30 PM, Thein Than Htay (aka Zaw Zaw Aung aka Ngay Htay), the owner of the Aung Ratana motorboat responsible for transporting psychotropic drugs to the mouth of the Yangon River, along with Kyaw Swar Min (aka Min Min) and Myo Tun (aka Ko Tun), were individually arrested in Mingalardon Township.
All arrested individuals have been charged under the Narcotic Drugs and Psychotropic Substances Law. Authorities are continuing to investigate and identify additional accomplices.
The Myanmar Police Force stated that this drug trafficking ring had repeatedly engaged in the illicit trade of narcotics and psychotropic drugs using maritime routes for international transport. Efforts are underway to confiscate their assets and financial gains derived from these illegal activities under the Anti-Money Laundering Law, with the aim of seizing them as public property.
Mgne/knl/ymg


#Local_News
Published_23 July 2025
▪️ DPLA အဖွဲ့ဝင် ၁၉ ဦး ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နီးစပ်ရာ တပ်မတော်စခန်းများမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကောင်း သိရသည်။
▪️ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြား ချက်များအရ အများစုသည် ရိုးသားစွာ တောင်ယာလုပ်ငန်းလုပ်ကိုင် နေကြသူများ ဖြစ်ကြောင်းနှင့် အတင်း အဓမ္မခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စု ဆောင်း ခံရသူများဖြစ်ပြီး သီပေါမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာမန်လွယ်ကျေးရွာအနီးတွင် သင်တန်း တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တော တွင်း စခန်းများတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှင်းပမ်း နှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်း များကို လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။
▪️ ယင်းကြောင့် ဥပဒေဘောင်အတွင်းဝင်ရောက်ရန်အတွက် အင်ကြင်းကုန်းကျေးရွာ မှတစ်ဆင့် သုံးဆယ်ကျေးရွာ၊ ထိုမှတစ်ဆင့် လွယ်ခွန်ကျေးရွာ၊ ၎င်းမှတစ်ဆင့် ဇီးဖြူပင်ကျေးရွာလမ်းကြောင်းအတိုင်း ထွက်ခွာလာခဲ့ပြီး နောင် ချိုမြို့နယ်၊ ယင်းငူပင် ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ မှုများမှာ ဇူလိုင်လ ၁၇ ရက်က ယနေ့အထိTNLAအဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့ဝင် ၁၅ဦးနှင့် DPLA အဖွဲ့ဝင် ၄၁ဦး ဖြစ်ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ကျည်မျိုးစုံ ၁၅၁၅ တောင့် ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 121 of 2222