ဓါတ်ဆီ 92တစ်လီတာ ၁၅ကျပ်၊ 95တစ်လီတာ ၃၀ကျပ်ဈေးမြင့် ဒီဇယ် တလီတာ ၇၀ကျပ်ခန့်ဈေးပြန်ကျ
ယခုတပတ် ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ ဓါတ်ဆီဈေး ထပ်မြင့်လာပေမယ့် ဒီဇယ်ကတော့ ဈေးကျလာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်ပေမည့် မိုးမပြတ်သေးဘဲ ရန်ကုန်အပါအဝင်ဒေသ(၉)ခု၌ မိုးသည်းဦးမည်
‘ အောက်တိုဘာလ(၃၁)ရက်၊ နိုဝင်ဘာလ(၁)ရက်နေ့တွေမှာတော့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သွန်းနိုင်တယ်’ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်တွင် ပုဂံသို့ ဘုရားဖူးတစ်သိန်းနီးပါး လာရောက်၊ အချို့နေရာများ ကားကြပ်မှုရှိ
‘ ရွှေစည်းခုံ၊ အာနန္ဒာ၊ ဓမ္မာရံကြီး အစရှိတဲ့ ပုဂံတန်ခိုးကြီးဘုရားတွေကို သွားရောက် လည်ပတ်သူတွေများနေပြီး ခရီးသွားတစ်သိန်းနီးပါး လာရောက်လည်ပတ်ပြီး ဘုရားဖူးမြော်နေတယ်။ အချို့နေရာဆိုရင် ကားကြပ်တဲ့အထိ ရှိနေတယ်’ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ၊ပုဂံရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်)
#Yangon_Times/tthl
#Local_News
#Published_ 30 October 2023
#YMG #Yangon_Times #Yangon_Media_Group
အောက်တိုဘာလ-၃၀ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
တပ်မတော်က အဆင့် ၃ ဆင့်ဖြင့် စနစ်တကျတိုက်ခိုက် ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တို ဘာလ ၂၉ ရက် သီတင်းကျွတ် လပြည့်နေ့တွင် ထန်တလန်မြို့ တစ်မြို့လုံးကို အပြီးတိုင် ပြန်လည် ထိန်းချုပ်နိုင် ခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ စတင်၍ KIA ၊ MNDAA ၊ TNLA ပူးပေါင်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများက ရှမ်းပြည် နယ်(မြောက်ပိုင်း)နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင် ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သောကြောင့် ယခုအခါ အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း လည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများ အလစ်အငိုက် တွင် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း၊ထန်တလန်မြို့အတွင်းမှဒေသခံများ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဆက်ကြေး ပေးရခြင်း၊ လူနေအိမ်များနှင့် နိုင်ငံပိုင်အဆောက်အဦများ ဖျက်ဆီးခြင်း၊ မီးရှို့ ခံရခြင်း များလည်း ရှိခဲ့ကြောင်း သိရသည်။
အလားတူ အစိုးရ၏ အုပ်ချုပ်မှုယန္တရား များ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများကိုမီးရှို့ဖျက်ဆီးခြင်း၊ ဆက်သွယ် ရေးလမ်းကြောင်းပေါ်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း စသည်တို့ကို ကျူးလွန်နေသော အဖွဲ့များကိုတပ်မတော်က အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီမှစ၍ မြို့လုံခြုံ ရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းနှင့် မြို့နယ်အဆင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များအလစ်အငိုက်တွင် သာလွန်အင်အားဖြင့် ထန်တလန်မြို့ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံသော် လည်း ရာသီဥတုအခြေအနေနှင့် နယ်မြေအခြေအနေအရ မြို့၏ တောင် ဘက်အစွန် နေရာသို့ ခေတ္တဆုတ်ခွာခံစစ်ဆင်နွဲခဲ့ရသေးကြောင်း၊ ထန်တလန်မြို့ကိုလည်း ထိန်းချုပ်ခံထားရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းပိတ်ဆို့လျက် သီးမြစ် ချောင်းကူးတံတားအထိ တဖြေးဖြေးခြိမ်းခြောက်လာ ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း များက ဩဂုတ်လမှစတင်ကာ ပထမအဆင့်အနေဖြင့် ဟားခါးမြို့မှ ၄ မိုင်ခန့် ကွာဝေး သည့် သီးမြစ်ချောင်းကူးတံတားအထိ ကနဦးခြေကုတ်ရယူ တိုက်ခိုက်သိမ်းပိုက်၍ လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် သီးမြစ်ချောင်းကူးတံတားမှတစ်ဆင့် ထန်တလန်မြို့ အဝင်နေရာ ထိလည်းကောင်း၊ တတိယအဆင့်အနေဖြင့် ထန်တလန်မြို့ နယ် ပြည်သူ့ ဆောက်လုပ်ရေးရုံးနှင့် CB Bank နေရာအထိလည်း ကောင်း၊ စတုတ္ထနှင့် နောက်ဆုံးအဆင့်အဖြစ် ထန်တလန်မြို့ ဆေးရုံကုန်းနှင့် အခြေခံပညာအထက်တန်း ကျောင်း တို့သို့လည်းကောင်း အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါလုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက် ရှိကာ ယိုယွင်းပျက်စီးခဲ့ရသည့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင် ရွက်ပေးနိုင်ရေး စီမံနေကြောင်းလည်း သိရသည်။
Yangon_Yimes/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
၃၀ အောက်တိုဘာ၊၂၀၂၃
နယ်စပ်ဒေသတွေ လုံခြုံတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှားက မြန်မာအစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ဘေဂျင်းမြို့မှာ ပြောကြားလိုက်ပါတယ်။
Source CCTV+
Published 30 October 2023
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြိုနယ်ရှိ ပန်းတစ်ပွင့်တောင်သာသနာ့နယ်မြေတွင် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏အဂ္ဂမဟာကမ္မဌာနာစရိယဘွဲပူဇော်ပွဲနှင့် သီတင်းကျွတ်ဆီမီး၉၀၀၀၊ပန်း၉၀၀၀လှူဒါန်း ပူဇော်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ၂၈ရက်တွင် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာသာရ၏ (၁၃)ဘွဲမြောက် အဂ္ဂမဟာကမ္မဌာနာစရိယဘွဲတော်ပူဇော်ပွဲ အခမ်းအနားကို ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြု တက္ကသိုလ်ငါးထပ်ကျောင်းဆောင်၌ကျင်းပခဲ့သည်။
‘‘ပန်းတစ်ပွင့်တောင်မှာ သီတင်းကျွတ်ကာလ စနေနေ့မှာ ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏အဂ္ဂမဟာ ကမ္မဌာနာစရိယဘွဲပူဇော်ပွဲနဲ့ တနင်္ဂနွေနေ့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆီမီး(၉၀၀၀)ပန်း(၉၀၀၀)ပူဇော်ပွဲကျင်းပခဲ့ပါ တယ်။
လာမယ့်တန်ဆောင်တိုင်မှာတော့ ကထိန်ပွဲတော်နဲ့အတူဆရာတော်ကြီးရဲ့မွေးနေ့ရှိပါတယ်’ဟု ဆရာတော်ကြီး၏တပည့်ဒါယကာရင်းများကပြောသည်။
ပန်းတစ်ပွင့်တောင်တွင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းလည်းရှိသဖြင့် စာသင်သားများ၊ အလည်အပတ် လာရောက်ကြသည့်ဧည့်သည်များနှင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
ဆရာတော်ဘုရားကြီး၏ဘွဲတော် ပူဇော်ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင်ရာဇာပေါက်စီ၊လန်ဒန်နှင့်ဟာသရာဇများကလည်းဖျော်ဖြေတင်ဆက်ပြီးကုသိုလ်ပါဝင်ခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group

#Local_News
Published-29 October 2023
ကိုရီးယားဘာသာအရည်အချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK)ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့်နိုဝင်ဘာလမှစတင်၍အလုပ်လျှောက်လွှာများတင်သွင်းနိုင်ပြီဖြစ်ကြောင်းအစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA–EPSထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ (Special EPS-TOPIK) အောင်မြင်ပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သူများကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင်အလုပ်အကိုင်ကိစ္စနှင့်ပတ်သက်၍နိုဝင်ဘာလ၌စတင်လုပ်ဆောင်ပေးမည်ဖြစ်ရာအလုပ်လျှောက်လွှာကိုအချိန်မီတင်သွင်းနိုင်ရန်နှင့်ကျန်းမာရေးအထူးဂရုပြုကြရန်အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က ကြိုတင်အသိပေးထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကိုရီးယားဘာသာအရည်ချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) ကို အောက်တိုဘာ(၄)ရက်မှ အောက်တိုဘာ(၂၀)ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁,၆၉၇ ဦး ရှိသည့်အနက် ၁,၄၉၅ဦးစာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။
ကိုရီးယားဘာသာ အရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် (၃) နှစ်နှင့် အထက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် အလုပ်သမားဟောင်းများအတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးအထိရှိကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်မှု စာရင်းများအရ သိရသည်။
#Local_News #စာမေးပွဲအောင်မြင်ပြီးသူ #ကိုရီးယားဘာသာ #YMG/LW #Yangon_Times
Page 1055 of 2280