Published 10 February 2024
မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် အက်တမ် (ATOM) ကို လယ်ဝယ်ပိုင်ဆိုင်သည့် Investcom PTE Ltd. မှာ ရှယ်ယာပါဝင်ထားသည့် ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်လိုက်ကြောင်း အက်တမ် (ATOM) မြန်မာ၏ ထုတ်ပြန်ချက်အရသိရသည်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ သက်ဆိုင်သူများကို အက်တမ်(ATOM) ၏ ဒါရိုက်တာဘုတ်အဖွဲ့မှ ထုတ်ပယ်လိုက်ပြီး Myancom Holding Ltd. သို့ ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရှယ်ယာများကို အပြီးတိုင်လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အက်တမ် (ATOM) သည် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်း ပြောကြားသည်။
ထို့အပြင် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမှ အစုရှယ်ယာရှင်/ အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်အနေနှင့် ခန့်အပ်ထားရှိခြင်း မရှိကြောင်း သိရသည်။
အက်တမ် (ATOM) အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုအပါအဝင် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် ဦးသိန်းဝင်းဇော်၊ ဦးဝင်းပိုင်ကျော်၊ ဒေါ်တင်လတ်မင်းတို့သည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဦးဝင်းပိုင်ကျော်သည်လည်း အက်တမ်မြန်မာ (ATOM Myanmar) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ကာ ယခုလက်ရှိအချိန်တွင် ထိုလစ်လပ်သောရာထူးအတွက် အသစ်ထပ်မံခန့်အပ်ထားခြင်း မရှိသေးကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုက ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့ အရေးယူခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် စီးပွားရေး လက်တွဲလုပ်ကိုင်နေသည့် ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ဇနီး တင်မင်းလတ်၊ သား သမီး ၂ ဦးဖြစ်သည့် မသိမ့်ဝင်းထက်နှင့် ကိုဝင်းပိုင်ကျော်တို့ ၄ ဦးကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူထားခြင်းဖြစ်သည်။
Atom အနေဖြင့် Telenor Myanmar ကို အပြီးသတ် ဝယ်ယူပြီးနောက် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း
ပြောကြားထားသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 10 February 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် ရှင်းလင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို ရွှေဘုံသာလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက်ပေးချေမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးနှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ဗဟိုဘဏ် (RBI) နှင့်လည်းကောင်း ဆွေးနွေးညှိနှိင်းမှုများပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ တွင်ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက်ပိုကုန် အများဆုံးတင်ပိုသည့်နိုင်ငံနှင့် ဆဋ္ဌမမြောက် သွင်းကုန်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း၊ အာရှဗဟိုဘဏ်များ စာရင်းရှင်းလင်း ရေးအဖွဲ(အေစီယူ) အဖွဲဝင်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးပြုလုပ်တာလည်း ဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကိုအသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) ကို ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် ပေးချေမှုများ စတင်နိုင်ပြီဖြစ်ပါတယ်။
ထို့ကြောင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင်မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကာ ကုန်သည်ကြီးများအနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီးဖြင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းမှတစ်ဆင့် တရားဝင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Shri Vinay Kumar၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူး ချုပ်များ၊ အိန္ဒိယ-မြန်မာကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Rajeev Rawal နှင့် အသင်းဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
'အုန်းသီးအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲ ပြိုင်ပွဲမှာ ပြခန်း (၃၀)ခန့် ပါဝင်ပြသဖို့ လျာထားပြီး ပြသထားတဲ့ အုန်းသီးအခြေခံ ထုတ်ကုန်ပစ္စည်းတွေထဲက ပြည်ပတင်ပိုနိုင်ဖို့ အလားအလာရှိတဲ့ ၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်တွေကို ရွေးချယ်အမှတ်ပေးကာ ဆုချီးမြှင့်တာ ၊ ပြည်ပဈေးကွက်ဝင်ရောက်နိုင်ဖို့ ချိတ်ဆက်ပေးတာ၊ ပြည်ပကုန်စည်ပြပွဲတွေမှာ ပါဝင်ပြသနိုင်ဖို့ ဆောင်ရွက်ပေးတာ တို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
Yangon Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်ခင် ငါးရက်ခန့်ကတည်းက အရောင်းသွက်တာ သစ်သီးဈေးတွေကလည်း အကုန်မြင့်ပဲ အရင်က ကျွဲကောသီး အလုံး၂၀ကနေ၃၀ပါ တစ်အိပ်ကို ၆သောင်း ၇သောင်းကနေ အခု တစ်သိန်း၂သောင်းလောက်ပေးရတယ်၊ နဂါးမောက်သီးဆိုလည်း အရင်က ၇သောင်းလောက်ကနေ အခုတစ်သိန်းကျော်တယ် အခြားသစ်သီးတွေလဲ ဈေးတွေတတ်တယ်။
Yangon Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
စူဠာမဏိအပါအဝင်ပုဂံဘုရား(၅)ဆူတွင် မိုးကြိုးလွှဲဆက်တပ်မည်
"ရှေ့ဆက်ပြီး စူဠာမဏိ၊ပြဿကြီး၊ မဟာဗောဓိ၊သပိတ်မှောက်ဘုရား(ခေါ်) ပံ့သကူမဟာထေရ်ဂူဘုရား ၊သိကြားပုန်းဘုရားစတဲ့ ပုဂံဘုရား(၅)ဆူမှာ မိုးကြိုးလွှဲတွေထပ်မံတပ်ဆင်သွားမှာဖြစ်တယ်။ ထီးလိုမင်းလို၊ ဓမ္မရာဇိက၊ မြစေတီနဲ့ ဓမ္မာရံကြီးဘုရား(၄)ဆူမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ရွှေဆံတော်နဲ့ မနူဟာဘုရားမှာ (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ" ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း
Yangon Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 10 February 2024
ယခု၂၀၂၄ခုနှစ်အတွင်း EVကား ကုမ္ပဏီ ၅၀ ကျော်ကို တင်သွင်းခွင့် ထပ်မံခွင့်ပြုပေးထားကြောင်အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သိရသည်။
ထိုသို့ခွင့်ပြုရာတွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခု ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၅၁ ကို ထပ်မံခွင့်ပြုပေးလိုက်ခြင်းဖြစ်ကာပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်ကုမ္ပဏီ ၃၀ ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခု၂၀၂၄ ခုနှစ်တွင် EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကုမ္ပဏီ ၈၁ ခုကို တာဝန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင် ထုတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published_ 10 February 2024
ယာဉ်အန္တရာယ်ကင်းရှင်းအောင် လမ်းညွှန်း (၂၁၀၅၇)ခု၊လမ်းအမှတ်အသားနှင့်အချက်ပြအမှတ်အသားများကိုပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း ၃၇၁၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း ၂၁၀၅၇ ခု၊ အလျားလိုက်မျဉ်း အမှတ် အသား ၁၂၂၄ မိုင် ၃ ဒသမ ၄ ဖာလုံ ၄၄၄ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၁၁၉၅ ခု၊ အခြားလမ်းအမှတ် အသား ၁၁၁၆၁ ခုနှင့် အချက်ပြ ၁၁၁၈ ခု ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့သည်ကို စိစစ်တွေ့ရှိရသည်ဟုနည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေးဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်ကလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တစ်နှစ်ကျော်ကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု၌ မြေပြင်ကွင်းဆင်းစစ်ဆေးမှု (၁၆) ကြိမ်ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ ၆၀ ၌ Road Safety Audit ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်တွင် အများစု လွဲမှားလေ့ရှိသည့်အချက် ၁၉ ချက်ကို အမြန်ဆုံးပြန်လည်ပြင်ဆင်ရမည့် အနိမ့်ဆုံးအခြေခံသတ်မှတ်ချက်များအဖြစ် ဖော်ထုတ်ဖြန့်ဝေထားပြီးဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့်
အသစ်ဆောင်ရွက်မှုအနေဖြင့် လမ်းညွှန်း ၂၃၄၆၂ ခု၊ အလျားလိုက်မျဉ်း အမှတ်အသား ၁၁၉၃ မိုင် သုည ဒသမ ၁၅ ဖာလုံ ၁၄၃ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၂၀၆၉ ခု၊ အခြားလမ်းအမှတ်အသား ၈၆၅၀ နှင့် အချက်ပြ ၁၉၀ ထပ်မံဆောင်ရွက်နိုင်ခဲ့ပြီး အသစ်ဆောင်ရွက်ရန်လိုအပ်မှု၏ ၅၁ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရန်ကုန်- မန္တလေးအဝေးပြေးလမ်း (လမ်းဟောင်း) တစ်လျှောက် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 1056 of 2480