#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-ကျန်းမာတဲ့မြန်မာ့လူ့အဖွဲ့အစည်းဖြစ်ဖို့ ရေကိုဘယ်လိုအကျိုးရှိရှိအသုံးပြုသင့်သလဲ??
#YMG#Yangon_Media_Group
#Local_News
Published_ 25 March 2023
မတ်လ(၂၄)ရက်ညပိုင်းအချိန်မှာတော့ လနဲ့သောကြာ ဂြိုဟ်ကြယ်တို့ နီးကပ်စွာရှိနေခဲ့တာကိုတွေ့မြင်ခဲ့ကြရပါတယ်၊၊
#YMG#Yangon_Media_Group
#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-မြန်မာနိုင်ငံမှာ ရေဟာ ပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုအဖြစ်ရှိနေဆဲပဲလား??
#YMG#Yangon_Media_Group
#DailyNews
Published_ 25 March 2023
၁။လနှင့် သောကြာဂြိုဟ်ပူးခြင်းကြောင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကောင်းမွန်သောပြောင်းလဲခြင်းများ ဖြစ်လာနိုင်ဟုဆို
၂။မြဝတီမြို့ သဃန်းညီရဲစခန်း၊ ကုန်သွယ်ဇုန်နှင့် ဌာနဆိုင်ရာ ရုံးအချို့ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရဟု သိရ
၃။ ကမ္ဘာ့ရွှေဈေး ၁၉၇၈ ဒေါ်လာနှင့်ဈေးပိတ်၊ ပြည်တွင်းရွှေဈေး ၂၃ သိန်း ၃ သောင်းကျော် ရန်ကုန်ရွှေအသင်း သတ်မှတ်
၄။ကာဂျစ္စတန်ရှိ တစ်ခုတည်းသောအမျိုးသမီးအကျဉ်းထောင်တွင် နွေဦးအထိမ်းအမှတ်ပွဲတော်ကျင်းပကာ အကျဉ်းသားများ ခဏတာပျော်ရွှင်ခွင့်ရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-ကျန်းမာရေးအတွက် ရေဟာ ဘယ်လောက်အရေးကြီးပါသလဲ??
#YMG#Yangon_Media_Group
#Local_News
Published_ 25 March 2023
ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့အနီးတွင် မတ်လ(၂၅)ရက်နေ့လည်ပိုင်းက အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် မတ်လ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၁)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကြံခင်းမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းဖော်ပြထားသည်၊၊
အခုလပိုင်းအတွင်းစစ်ကိုင်းတိုင်းအပါအဝင် ဒေသအချို့တွင်မြေငလျင်ငယ်များ၊မြေငလျင်လတ်များ မကြာခဏလှုပ်ခတ်လေ့ရှိပြီး ပြတ်ရွေ့ကြောပေါ်ရှိဒေသများ၌တစ်ကျော့ပြန်ငလျင်ကြီးများလည်းလှုပ် ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊တာဝန်ရှိသူများထံမှသိရသည်၊၊
ymg/tthl
Yangon_Media_Group
#LocalNews
Published_ 25 March 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၂၄ ရက်နံနက်က အိမ်စီးကားတိုင်းရော့ဒ်ပြုတ်ထွက်၍ လမ်းဘေးရှိ ယူကစ်ပင်အား ဝင်တိုက်မိခဲ့သည်ဟု အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၈/၆ နှင့် ၁၆၈/၇ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် CLAZ(အဖြူရောင်)အိမ်စီးကား မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦးလိုက်ပါလာသည့် အိမ်စီးကားသည် အခင်းဖြစ်နေရာ၌ ရှေ့မှသွားနေသည့်ကားအားကျော်တက်စဉ် ရှေ့ညာဘက်တိုက်လော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းရှိ ယူလစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား နေပြည်တော်ကုတင်(၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူအား သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group
Page 1058 of 1896