#Local_News
Published_ 21 April 2023
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်၊ သုဓမ္မာလမ်းမပေါ် လမ်းလျှောက်လာသူ တစ်ယောက်ကို ဧပြီလ ၂၀ ရက်နေ့ ညပိုင်းအချိန်က တားဆီးစစ်ဆေးရာကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က ထုတ်ပြန်ထားပါတယ်။
#Local_News #မြောက်ဥက္ကလာ #စိတ်ကြွဆေး
#YMG #Yangon_Media_Group
#Local_News
Published_ 21 April 2023
နေ့အပူချိန်တွေမြင့်တက်လာတဲ့အတွက် ကလေးငယ်တွေအပူကြီးပြီးဖျားနာတာ၊ တက်တာ၊သတိလစ်တာနဲ့ဝမ်းလျှော၊ ဝမ်းကိုက်တာတွေအဖြစ်များနေတယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားထံမှ သိရပါတယ်၊၊
#Local_News #ကလေးငယ် #ဖျားနာခြင်း #တက်ခြင်း #သတိလစ်ခြင်း #အော့အန်ခြင်း #ဝမ်းလျှောခြင်း #YMG #Yangon_Media_Group
#Local_News
Published_ 21 April 2023
လက်ရှိပြင်ပရွှေပေါက်ဈေးဟာ ဧပြီလ ၂၁ ရက်နေ့မှာ ၂၉သိန်း ၈သောင်းကျော် ပေါက်ဈေးရှိနေပြီး သိန်း ၃၀ နီးပါး ဈေးမြင့်တက်နေတယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲကစုံစမ်းသိရှိရပါတယ်။ ရန်ကုန်ရွှေအသင်းသတ်မှတ်ဈေးကတော့ ၂၃သိန်း ၅ သောင်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ရန်ကုန်ရွှေ #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 21 April 2023
၂၀၂၃ ခုနှစ်ရဲ့ ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ယာဉ်မတော်တဆမှုပေါင်း ၃၄ မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၅၅ ယောက်ရှိပြီး သေဆုံးသူ ၁၆ ယောက်ရှိခဲ့တယ်လို ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းတွေအရ သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ယာဉ်မတော်တဆမှု #YMG
#Yangon_Media_Group
#Daily_News
Published_ 21 April 2023
၁။ သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးမှာယာဉ်မတော်တဆမှု ၃၄ မှုဖြစ်ပွားပြီး ၁၆ ဦးသေဆုံး
၂။ ပြင်ပရွှေပေါက်ဈေး ၂၉သိန်း ၈ သောင်းကျော်ရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်ဈေး ၂၃သိန်းကျော် ပေါက်ဈေးရှိနေ
၃။ နေပြင်း၍ အပူကြောင့် ကလေးငယ်များဖျားနာခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများအဖြစ်များနေ
၄။ တရုတ်-အာဂျင်တီးနားပူးပေါင်းဆောင်ရွက်မှုများတွင် အမေရိကန်ဝင်ရောက်နှောင့်ယှက်နေခြင်းအား အာဂျင်တီးနားမီဒီယာများဝေဖန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 21 April 2023
အပူဒဏ်ခံရသည့် Heat stroke လူနာတွေရောက်ရှိလာပါက အရေးပေါ်ကုသမှုတွေပေးနိုင်ဖို့ ဆေးရုံတွေမှာ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားတာတွေ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #Heat_stroke #အရေးပေါ်ကုသမှု #အသင့်ပြင်ဆင်
#YMG #Yangon_Media_Group
#Local_News
Published_ 21 April 2023
နေပြည်တော်တွင် ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကို အပိုင်း(၅)ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သိရသည်။
ဧပြီလ ၂၀ ရက်တွင်နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွဲဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ပြုလုပ်မည် ဖြစ်ကြောင်း၊ ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားဖြစ်သည့် "ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနား ကျင်းပခြင်း၊ ဆီမီးတိုင်များကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်း" စသည့်ဖြင့် အခမ်းအနားများကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲက ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က ကျင်းပခဲ့သည့် “အထွေထွေညီလာခံ” အတွင်း နိုင်ငံတကာဝိသာခါအခါတော်နေ့ (International Vesak day or Visākha day) ဟု ၅၄/၁၁၅ ဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပခြင်းကို ယခင်က နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲတိုက ဦးဆောင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် (၁၃) ကြိမ်မြောက်မှစ၍ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့ကြောင်းလည်း သိရသည်။
ယခုအခါ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွ့နှင့် ဦးစီးကော်မတီဖွဲစည်းမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဧပြီလ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၈၉/၂၀၂၃ ဖြင့် ဖွဲစည်းခဲ့ပြီးဖြစ်ကာဧပြီလ ၁၈ ရက်က လုပ်ငန်းကော်မတီနှင့်အတူ ဆပ်ကော်မတီ ၁၃ ခု ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွဲစည်းခဲ့ကြောင်းလည်း သိရသည်။
ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြတ်စွာဘုရားရှင်၏ ထူးခြားသည့် ဖြစ်တော်စဉ် ၄ ရပ်ကို စာတမ်းများပြုစုဖတ်ကြားခြင်း၊ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲအခမ်းအနားတွင် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များ ကိုင်ဆောင်မည့်သူ အမျိုးသမီး ၁၀၀၀ ပါဝင်ခြင်း စသည်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် “ဗျာဒိတ် ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူသော မှတ်တမ်းအရ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏ ထူးခြားသောဖြစ်တော်စဉ် ၄ ရပ်ဖြစ်သည့် ဗျာဒိတ်တော်ခံယူတော်မူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ တိုဖြစ်သည့်အတွက် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို၏ အမြတ်ဆုံးနေ့အဖြစ် မှတ်ယူကြကြောင်း၊ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကိုအမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား ရည်မှန်းအာရုံပြု၍ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် “ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်” ကို အစဉ်အလာအရ ကျင်းပသည့် ရိုးရာပွဲတော်အဖြစ် သတ်မှတ်လာခဲ့ သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သိရသည်။
#ymg/mt #Local_News #နေပြည်တော် #ကဆုန်ညောင်ရေသွန်
#Yangon_Media_Group
Page 1006 of 1898