Published_ 20 September 2023
ရင်ခွင်ပိုက် ကလေးငယ်အပါဝင် မြန်မာမိသားစု (၃) ဦးအလုပ်လုပ်ရန် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ဖြင့် ဝင်ရောက်ပြီး ရက်ပိုင်းအကြာတွင် မိခင်ဖြစ်သူမှာ အသက်ရှုကြပ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။
ရင်ခွင်ပိုက်ကလေးငယ် မောင်စွမ်းထက်ပိုင်နှင့် မိဘ(၂) ဦးဖြစ်သူ ကိုပိုင်နှင့် မချစ်ခင်တို့မှာ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက အသိမိတ်ဆွေများရှိသည့် မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ကလန်းမြို့သို့ အလုပ်လုပ်ရန် အရဲစွန့်ကာ အထောက်အထားမဲ့ဖြင့် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
"မကြာသေးခင်ရက်ပိုင်းကမှ မလေးရှားနိုင်ငံကို မိသားစု ၃ဦး အရဲစွန့်ကာ ရောက်လာပြီး အသိမိတ်ဆွေအိမ်မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ မချစ်ခင်မှာမလေးရှားကိုလာရာလမ်းတစ်လျှောက် မှာ မတူညီတဲ့ ရာသီဥတုနဲ့ ကြမ်းတမ်းတဲ့ ဒေသတွေကို ဖြတ်ကျော်လာရလို့ မူလတွင်ရှိတဲ့ ရောဂါအခံ အသက်ရှူကြပ် နှလုံးရောဂါနဲ့ ကွယ်လွန်ရတာပါ။"ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က ပြောဆိုသည်။
ကွယ်လွန်သူ မချစ်ခင်သည် အသက်၂၄ နှစ်အရွယ်သာရှိပြီး အသက်ရှုကြပ်ခြင်း၊ နှလုံးရောဂါ ဝေဒနာခံစားခဲ့ရသော်လည်း မလေးရှားရောက်ခါစဖြစ်၍ ငွေကြေးမရှိ၊ ဆေးရုံသွားရန် အထောက်အထား မရှိ၊ ဘာသာစကား ကူပြောမည့်သူ မရှိခြင်းများကြောင့် ဆေးရုံကြီးသို့ အချိန်လွန်မှရောက်ရှိကာ စက်တင်ဘာ (၁၈) ရက်တွင် ဝေဒနာအပြင်းအထန်ခံစားရပြီး ကလန်းမြို့ဆေးရုံဝန်းထဲတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
နာရေးကိစ္စအား မလေးရှားနိုင်ငံသား (၁)ဦးက မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံ ဆက်သွယ်လာခြင်းကြောင့် လိုအပ်သည့် ကိစ္စများအတွက် ကူညီပေးလျက်ရှိကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 19 September 2023
၁။ စားအုန်းဆီများကို လက်လီဈေးကျပ်၄၆၀၀နှုန်းဖြင့် ရောင်းချပေးထား၊ ရန်ကုန်ဈေးကွက်တွင် ကျပ်၅၀၀၀အောက်သာ ရောင်းသင့်ဟုဆို
၂။ သယ်ယူစရိတ်နှင့် အလုပ်သမားခ ပိုပေးလာရပေမယ့် ဈေးကွက်အနေထားအရ အုန်းသီးဈေးမြင့်ရောင်းလို့မရ
၃။ မုတ်သုန်အားကောင်းပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်သဖြင့် ရန်ကုန်တိုင်းအပါအဝင်ဒေသ(၅)ခုတွင် မိုးကြီးမည်
၄။ လာမည့်နှစ် ဆမ်ဘာပွဲတော်ကျင်းပရန် ရီယိုဒီဂျနေရိုတွင် ပြင်ဆင်မှုများစတင်ပြုလုပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ရာသီဥတုအနေထားအရ ပဲခူးမြစ်ရေ ဆက်လက်မြင့်တတ်နိုင်တာကြောင့် အသင့်အနေထားနဲ့စောင့်ကြည့်နေ
ပဲခူးမြစ်ရေတတ်တာ တပတ်ခန့် ကြာတဲ့အထိ ရေပြန်မကျဘဲ စိုးရိမ်ရေမှတ်မှာ ဆက်ရှိနေတာ ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ် ခံနေရတဲ့ မြို့ပေါ် ရပ်ကွက်အချို့မှ ပြည်သူတွေအခက်ခဲ ဖြစ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 19 September 2023
#YMG #Yangon_Times #Yangon_Media_Group
မိုးတွင်း အရိုးကျိုးသက်ကြီးရွယ်အိုနှင့် ကလေးလူနာများကို ဆေးရုံပို့ဆောင်ပေးရမှု များနေ
‘ရန်ကုန်မှာ သက်ကြီးရွယ်အိုတွေ ရေချိုးခန်း၊အိမ်သာမှာ ချော်လဲလို့ ဆေးရုံပို့ဆောင်ပေးနေရတာများတဲ့ အတွက်နေအိမ်တွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ချော်မလဲအောင် အရိုးမကျိုးအောင် ဂရုစိုက်ကြဖို့လိုတယ်လို့ ဆိုပါတယ်’’ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 19 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 September 2023
ကိုရီးယားကုမ္ပဏီ(၂၀၀)ခန့်ပါဝင်မည့်‘ကိုရီးယားအစားအစာပြပွဲ’မြန်မာတွင် လာရောက်ကျင်းပရန်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။
ယင်းကဲ့သို့ ‘ကိုးရီးယားအစားအစာပြပွဲ’မြန်မာနိုင်ငံတွင်ကျင်းပနိုင်ရန် CMS KOREAမှ ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၈ရက်တွင်ကုန်သည်စက်မှုအသင်းချုပ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေး နွေးခဲ့သည်ဟုဆိုသည်။
အဆိုပါပြပွဲကို၂၀၂၄ခုနှစ် မတ်လ(၂၄)ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်နှင့်ပူးပေါင်းပြီး ကိုရီးယားအစားအစာ ပြပွဲကိုကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလတွင် ကိုရီးယားနိုင်ငံ၊ Chungjiမြို့ ၊ပြည်နယ်အစိုးရ ကိုယ်စားလှယ်များဦးဆောင်ကာ ကုန်သည်စက်မှုအသင်းချုပ်တာဝန်ရှိသူများနှင့်ပြပွဲကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။
ပြပွဲကို ကိုရီးယားကုမ္ပဏီ(၂၀၀)ခန့်ဖိတ်ခေါ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ယခုလာရောက်တွေ့ဆုံမှုသည် အစား အစာပြပွဲကိုကျင်းပရန်အတွက်ပမာဏလာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် ကိုရီးယားအစားအစာပြပွဲ ကျင်းပနိုင်အောင် သက်ဆိုင်ရာဌာနများ၊အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် ဒေသ(၅)ခုတွင် မိုးကြီးမည်
‘မုတ်သုန်အားကောင်းပြီး လေဖိအားနည်းရပ်ဝန်းလည်း ဖြစ်ပေါ်နိုင်လို့ လာမယ့်နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်’မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published_ 19 September 2023
#YMG #Yangon_Times #Yangon_Media_Group
သယ်ယူစရိတ်နှင့် အလုပ်သမားခ ပိုပေးလာရပေမယ့် ဈေးကွက်အနေထားအရ အုန်းသီးဈေးမြင့်
ရောင်းလို့မရ
သယ်ယူစရိတ်နဲ့ အလုပ်သမားခ ကုန်ကျမှု ပိုများလာပေမယ့် ပြည်တွင်းဝယ်လိုအားကိုသာ အားထားနေရတဲ့ အုန်းသီးဈေးကွက်ဟာ ဈေးမြင့်ရောင်းဖို့ မလွယ်ကူဖြစ်နေတယ်လို့ အုန်းခြံစိုက်ပျိုးရေးသမားတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 19 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1008 of 2166