#Health_Matters
Published_ 22 April 2023
- မြန်မာနိုင်ငံအနေနှင့် အဲဒီသတင်းတွေအပေါ် ဘယ်လောက်စိုးရိမ်ရသလဲ။ ဘာတွေကြိုတင်ကာကွယ်မှုတွေ လုပ်သင့်သလဲဆရာ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
ဧပြီလတတိယအပတ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ကနေ ၁၉၀၀ ကျော်အထိ ပြန်ကျဆင်းခဲ့ပေမယ့် ပြင်ပရွှေဈေးကတော့ အကယ်ဒမီ မီးလင်းရွှေ ဈေးဟာ ၂၉ သိန်း ၉ သောင်းအထိ ပေါက်ဈေးရှိခဲ့တယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News #ဧပြီ #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေဈေး
#YMG #Yangon_Media_Group
#Health_Matters
Published_ 22 April 2023
- ကိုဗစ်ဟာ ဘာကြောင့်ပြန်ပြန်ကျော့နေတာပါလဲ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 22 April 2023
၁။ ဧပြီလ တတိယအပတ်အတွင်း ကမ္ဘာ့ရွှေဈေးနည်းငယ်ကျဆင်းသော်လည်း ပြင်ပရွှေဈေး သိန်း ၃၀ နီးပါးရှိနေ
၂။ နေပြည်တော်ရှိ လေပြင်းသင့်ပြည်သူ(၄၀၀)ဦးခန့်အတွက် ရေသန့်နှင့်စားနပ်ရိက္ခာများလိုအပ်နေ
၃။ စက်သုံးဆီဈေးကျဆင်းလာ၊ ၉၂ ဓါတ်ဆီတစ်လီတာ ၂၁၀၀ကျပ်အောက်သို့ ရောက်ရှိလာ
၄။ အာရှနိုင်ငံအများအပြားတွင် အပူလှိုင်းကြောင့် အပူချိန်အလွန်မြင့်မားလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 22 April 2023
- ယခု အင်ဒိုနီးရှား မလေးရှားအပါအဝင် နိုင်ငံအချို့မှာ ကိုဗစ်ကူးစက်မှုတွေ ရုတ်ခြည်းမြင့်တက်လာနေပါတယ်။ ဘာကြောင့်ပါလဲဆရာ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
လေပြင်းတိုက်ခတ်မှုကြောင့် အမြန်လမ်းရှိ 230kV မဟာဓာတ်အားလိုင်းတိုင်(၃)ခုကျိုးကျပျက်စီးသွားကြောင်း ပေါက်မြို့နယ်၊ဓာတ်အားခွဲရုံ Pauk Ese ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ဧပြီလ(၂၀) ရက်ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ လေပြင်း တိုက်ခိုက်မှုကြောင့် အမြန်လမ်း မိုင်တိုင် (၃၅၂) အနီး ဘဲလင်း-အုန်းတော 230kV မဟာဓာတ်အားလိုင်း တိုင်နံပါတ်၆၇/၆၈/၇၉ စုစုပေါင်းတိုင် ၃ တိုင် ကျိုးခဲ့သည်ဟု ဆိုသည်၊၊
မူလလိုင်းဟောင်းမှ ဓာတ်အားပြန်လည်ပေးနေရသောကြောင့် ယခင်ကထက် လျှပ်စစ်ဓာတ်အားပိုမိုလျှော့နည်း၍သာ ရရှိမည်ဖြစ်ကြောင်း၊ သို့ပါ၍ ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မပြီးမချင်း ၇ ရက်ခန့် ယခင်ကထက် ဓာတ်အားရရှိမှုလျော့နည်းပြီး လျှပ်စစ်မီးရချိန် နည်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားသည်၊၊
#ymg/tthl #Local_News #လေပြင်း #ကျိုးကျပျက်စီး
#YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
ရှမ်းပြည်နယ် လားရှိုး-သိန်းနီလမ်းမှာ ၁၂ ဘီးကား တိမ်းမှောက်လို့ အမျိုးသမီး ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
လားရှိုးမြို့နယ်၊ (၉)မိုင်ကုန်း၊ လားရှိုး-သိန်းနီလမ်း၊ မိုင်တိုင်အမှတ် (၁၈၃/၂) နှင့် (၁၈၃/၃)ကြားတွင် ၁၂ ဘီးကားသည် ဧပြီလ ၂၁ ရက်နေ့ည ၉ နာရီခန်က တိမ်းမှောက်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) နဲ့ အမျိုးသမီး ၁ ဦး ကားခေါင်းအတွင်းညပ်ပြီး သေဆုံးမှု ဖြစ်ခဲ့သည်။
ယင်းဖြစ်စဉ်ကို လားရှိုးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ လားရှိုးလူငယ် လူမှုကူညီရေးအသင်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရသည် ။
#ymg/ppk #Local_News #လားရှိုး #သိန်းနီ
#YMG #Yangon-Media-Group
Page 1004 of 1898