Published 23 April 2023
The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ ဧပြီ ၂၃ရက်က နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိလာတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်တာဝန်ရှိသူတွေက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
The Elders အဖွဲ့ကို ၂၀၀၇ခုနှစ်မှာ နယ်ဆင်မင်ဒဲလားက တည်ထောင်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး၊တရားမျှတရေး၊လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်တည်တံ့သော ဂြိုဟ်တစ်ခုအတွက် လွတ်လပ်သော ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွလက်တွဲလုပ်ကြတဲ့ အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ရည်ရွယ်ချက်မှာဖော်ပြထားပါတယ်။
ဥက္ကဋ္ဌမှာ အိုင်ယာလန်ရဲ့ပထမဆုံးအမျိုးသမီးသမ္မတတာဝန်ထမ်းဆောင်ခဲ့သူ Mary Robinson၊ဒုတိယဥက္ကဋ္ဌ(၁) ကုလထွေချုပ်ဟောင်းဘန်ကီမွန်း၊ဒုတိယဥက္ကဋ္ဌ(၂) မိုဇမ်ဘစ် ပညာရေးဝန်ကြီးဟောင်း Graca Machel၊ နိုင်ငံအကြီးအကဲဟောင်းများနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ (၈)ဦးတို့ဖြင့်ဖွဲ့စည်းထားတယ်လို့ ယင်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မစ္စတာဘန်ကီမွန်းရဲ့ ယခုခရီးစဉ်နှင့်ပတ်သက်လို့ လာရောက်တဲ့အကြောင်းရင်းနှင့်အသေးစိတ်အချက်အလက်တွေကို နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိသေးပါဘူး။
-ymg/knl
#YangonMediaGroup
#မစ္စတာဘန်ကီမွန်း
#The Eldersအဖွဲ့ဒုတိယဥက္ကဋ္ဌမစ္စတာဘန်ကီမွန်း
#မြန်မာ့နိုင်ငံရေး
#Local_News
Published_ 23 April 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူအုပ်စုအတိုင်း ရောနှော၍ ဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလက်မှု လုပ်ငန်းများအား ယနေ့ ဧပြီ (၂၃) ရက်မှစ၍ နေ့စဉ် ညနေ(၅)နာရီမှ မနက်(၅) နာရီ အချိန်အထိ ညပိုင်းကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် ကန့်သတ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) က အသိပေးပန်ကြားထားပါတယ်။
ယခု နွေရာသီကာလအတွင်း နေ့/ည အပူချိန်မြင့်မားလာမှုနှင့် ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်းကြောင့် လည်းကောင်း၊ ဓာတ်အားပေးစက်များအား နှစ်စဉ်ပုံမှန် ထိန်းသိမ်းပြုပြင်ရခြင်းနှင့် (၂၃၀) ကေဗွီနှင့် (၁၃၂) ကေဗွီ လောပိတ မဟာဓာတ်အားလိုင်း များ၏ တာဝါတိုင်များ အကြိမ်ကြိမ် ဖျက်ဆီးခံရခြင်းကြောင့် ဘီလူးချောင်း (၁)၊ (၂)၊ (၃) ဓာတ်အားပေးစက်များမှ ထုတ်လုပ်ပို့လွှတ်သော ဓာတ်အားများ လျော့နည်းလျှက်ရှိ တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော်ဓာတ်အား စနစ်အတွင်း ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အရေးပေါ်ဝန်အားလျှော့ချရခြင်းနှင့် အလှည့်ကျ ဝန်အားလျှော့ချရခြင်းများပြုလုပ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရကြောင်း ဖော်ပြထားပါတယ်၊
လက်ရှိဓာတ်အားထုတ်လုပ်ပို့လွှတ် ပေးနိုင်မှုအခြေအနေများအရ ကန့်သတ်ချိန် အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်နေမှု့ကို မီတာပြ ဂဏန်းများ ဓာတ်ပုံရိုက်မှတ်တမ်းတင်၍ စစ်ဆေးသွားမည်ဖြစ်ပြီး ဖေါက်ဖျက်ကျူးလွန် ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း YESC က အသိပေးကြေညာထားပါတယ်။
ygm_mnn
#YMG #Yangon_Media_Group
#Local_News
Published_ 23 April 2023
မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ(MHF)တွင် ယခင် နှစ်က ဂျာမနီသည် ရန်ပုံငွေအများဆုံးထည့်ဝင်ခဲ့ပြီး ၂၀၂၃ခု နှစ်တွင်လည်း မြန်မာပြည်သူများအတွက်ထောက်ပံ့မှုများဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms Danielle Parry နှင် တွေ့ဆုံစဉ် သံရုံးတာဝန်ခံ အကြီးအကဲ York Schuegraf က လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက် များ သိသိသာသာ မြင့်မားလာကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ဆက်လက်ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဂျာမနီနိုင်ငံအနေဖြင့်
OCHA မှ တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) တွင် ရန်ပုံငွေအများဆုံးထည့်ဝင်သည့် နိုင်ငံအဖြစ် ၂၀၂၂ ခုနှစ်တွင် ယူရို ၁၂ သန်းကို ထည့်ဝင်ပံ့ပိုးပေးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း မြန်မာပြည်သူများအတွက် ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ ဖြစ်ကြောင်း UNOCHA၏ ထုတ်ပြန်ချက်အရသိရသည်။
#ymg/pl
#YMG #Yangon_Media_Group
#Local_News
Published-23 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၇/ စျေးလမ်းမကြီးနှင့်
ပတ္တမြားလမ်းထိပ်တွင် ဧပြီ ၂၂ ရက်က ခရီးသည်တင် YBSကားနှင့်ဘေးတွဲဆိုင်ကယ်တို့ဝင်တိုက် မိ၍ ကလေး၃ဦးအပါအဝင် ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းကသိရသည်။
ဧပြီလ ၂၂ရက် ညနေ၃နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘေးတွဲပေါ်တွင် လိုက်ပါလာသူများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
"ယာဥ်မတော်တဆဖြစ်နေတယ်လို့ သတင်းရရှိတဲ့အတွက် သွားရောက်ကူညီခဲ့တယ်။ ဒဏ်ရာရရှိသူ ၆ဦးကို ရှေးဦးပြုစု မြေပြင်ကုသမှုတွေပေးပြီး ပရဟိတအသင်းတွေက ဆေးရုံပို့ပေးခဲ့တယ်"ဟုပေးဆပ်သူတို့နှလုံးသားပရဟိ
တအသင်းကသိရသည်။
ဖြစ်စဥ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ကလေး ၃ ဦး၊အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 23 April 2023
ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်ဖော်ထုတ်သည့် ဆွေးနွေးပွဲကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးလုပ်ငန်းအဖွဲ၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်တို့က အမှာစကား ပြောကြားကြပါတယ်။
ဆက်လက်၍ တရားဥပဒေစိုးမိုးရေးအဖွဲအစည်းများက စုံစမ်းစစ်ဆေးခဲ့သည့် မှုခင်းများမှ ဖော်ထုတ်ရရှိခဲ့သည့်ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ၊ ကြီးကြပ်ရေးအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက ၎င်းတို့၏သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖော်ထုတ်ရရှိခဲ့တဲ့ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 23 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ညီညီ( စိတ်ပညာ) ဟောပြောပို့ချသူ/နှစ်သိမ့်ဆွေးနွေးအကြံပေးသူနှင့်အတူ
အသက်(၇)နှစ်အရွယ်ကနေ အသက်( ၆၀)နှစ်အရွယ်ထိ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းတွေကိုလုပ်ပေးခဲ့ရဖူးတယ်ဆိုတဲ့အကြောင်း
ကျွန်တော့်သားကိုချစ်စနိုးနဲ့ကျွန်တော့်ငယ်နာမည်" kukoo"လို့ခေါ်ရင်းက Nyi Nyi kukoo ဆိုပြီး Facebook name ပေးဖြစ်ခဲ့ခြင်းအကြောင်း
"ကလေးသူငယ်အခွင့်အရေးကို ကလေးတွေသိဖို့လိုသလို ကလေးမိဘတွေလည်းလိုက်နာနိုင်ဖို့ ကုကူဖတ်စာစသဖြင့် စာအုပ်လေးတွေရေးသားထုတ်ဝေခဲ့တဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ညီညီ( စိတ်ပညာ)
#YMG #Yangon_Media_Group
#Local_News
Published_ 23 April 2023
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၄၁လမ်းနဲ့ ၈၂ လမ်းထောင့်မှာ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက အပူချိန်မြင့်မားလာမှုကြောင့် အမျိုးသားတစ်ယောက် အပူရှိန်တက်မူးလဲပြီး သေဆုံးသွားခဲ့တယ်လို့ မဏိစလလူမှုရေးအသင်း သိရပါတယ်။
#Local_News #မန္တလေး #အပူချိန်မြင့်မား #သေဆုံး
#YMG #Yangon_Media_Group
Page 1002 of 1898