လက်မှုပညာတတ် တိုင်းရင်းသားများပြည်ပတွင် ရွေ့ပြောင်းလုပ်သားများဖြစ်နေ၍ လုပ်သားရှားပါးမှု ပြဿနာရှိလာနိုင်
"အရင်က လက်မှုပညာသင်ပေးထားတဲ့ တိုင်းရင်းသားလူငယ်တွေကလည်း ပြည်ပမှာလုပ်ခလစာ မြင့်စွာ အလုပ်လုပ်နေပြီဖြစ်တဲ့အတွက် ပြည်တွင်းကိုပြန်လာပြီး လစာနည်းနည်းပြန်လုပ်တော့မှာ မဟုတ်လို့ နောင်တစ်ချိန်မှာလုပ်သားရှားပါးမှု ပြဿနာတွေ ရင်ဆိုင်ရနိုင်ခြေရှိတယ်" မြန်မာနိုင်ငံလက်မှုအနုပညာအသင်း ဥက္ကဌ ဦးသာဓု
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၀၂၃ -၂၀၂၄ ကြံကြိတ်ခွဲရာသီအတွင်း ဗီယက်နမ်သို့ မြန်မာ့သကြားဖြူ တန်ချိန်တစ်သိန်းဝန်းကျင်နဲ့ အဓိကတင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
မူဆယ် ၁၀၅မိုင်အနီးရှိ ဒေသခံပြည်သူများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ လူမှုကူညီရေးအသင်းတွေ စီစဉ်ဆောင်ရွက်နေဟုဆို
မူဆယ် ၁၀၅မိုင်အနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့နဲ့ နေထိုင်နိုင်ဖို့အတွက် မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းတွေက ကြိုတင်စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
Yangon_Times/
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်တွင် အဖြစ်များနေသည့် အသက်ရူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုနှင့် နမိုးရီးယားအဆုတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်ရန်လို
"အေးတဲ့အချိန်တွေမှာ ကလေးငယ်တွေ အအေးပတ်တာ၊ ချောင်းဆိုး၊ ဖျားနာတာတွေ အဖြစ်များလေ့ရှိပြီး ဆောင်းတုပ်ကွေးနဲ့ နမိုးရီးယား အဆုတ်ရောင် ရောဂါတွေဖြစ်ပွားတတ်လို့ မဖြစ်ပွားအောင်ကာကွယ်ဖို့လိုတယ်"
ဝေဘာဂီဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထား
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published-28-November-2023
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့အနီး ရှိ ဧရာဝတီမြစ်အတွင်း (၁၇)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ရာ ယနေ့ နိုဝင်ဘာ (၂၈)နံနက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)ထံကသိရသည်။
အဆိုပါ ရေနစ်သည့်လူငယ်မှာ နိုဝင်ဘာ (၂၇)ရက် မွန်လွှဲပိုင်းအချိန်က ဧရာဝတီ မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"" မနေ့က ညနေကတည်းက ရေငုတ်ရှာဖွေရေး လုပ်ငန်းတွေစလုပ်တယ် ညပိုင်းအထိရှာတာမတွေ့ဘူး အခုမနက် ဆက်ပြီးရှာတော့ မှ တွေ့တယ်""ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ရေနစ်ပျောက်ဆုံးသူ အလောင်းကို ယမန်နေ့က ညနေ(၄)နာရီ အချိန်ခန့်ကစတင်ရှာဖွေခဲ့သော်လည်း ရေအနက်ပေ(၈၀)ခန့်ရှိခြင်း၊ ရေအောက်တွင် သဲကျင်းများ၊ဂလိုင်များ ရှိနေခြင်းတို့ကြောင့် ညအချိန်အထိ ကြိုးစားရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ယနေ့ နံနက်ပိုင်းမှသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group

Published 28 November 2023
လာမည့် ၂၀၂၄ ခုနှစ် အတွက် တောင်ကိုရီးယား နိုင်ငံ မှ မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမား ၁၆၀၀၀၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း ကိုရီယားသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။
နိုင်ငံခြားသား လုပ်သား ၁၆၅၀၀၀ ဦး ခေါ်ဆိုသွားရန်အတွက် နိုဝင်ဘာ ၂၇ ရက်မှာ ကျင်းပသည့် ၄၀ ကြိမ်မြောက် နိုင်ငံခြားသား လုပ်သား မူဝါဒဆိုင်ရာအဖွဲ့ အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ခေါ်ယူမည့် လုပ်ငန်းများနှင့်လုပ်သားဦးရေ အရ ကုန်ထုတ်လုပ်ငန်းအတွက် ၉၅၀၀၀ ဦး၊စိုက်၊ ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၁၆၀၀၀ ဦး၊ရေလုပ်ငန်းအတွက် ၁၀၀၀၀ ဦး၊ဆောက်လုပ်ရေးအတွက် ၆၀၀၀၀ ဦး၊သင်္ဘော လုပ်ငန်းအတွက် ၅၀၀၀ ဦး၊ ဝန်ဆောင်မှု လုပ်ငန်းအတွက် ၁၃၀၀၀ ဦးနှင့်အခြား လုပ်ငန်းများ အတွက် ၂၀၀၀၀ ဦးဖြစ်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။
ယခင်နှစ်များ က တောင်ကိုရီးယား အနေဖြင့် နိုင်ငံ ခြားသား အလုပ်သမား ခေါ်ယူရာတွင် တစ်နှစ် အတွင် လုပ်သားဦးရေ တစ်သိန်း ၀န်းကျင်သာ လျာထားခဲ့ကာ လာမည့် ၂၀၂၄ ခုနှစ် အတွက် ခေါ်ယူမှု လျာ ထားချက် မှာတော့ ယခင်နှစ်တွေ ထက် များလာကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာအလုပ်သမားများ ကို တစ်နှစ်လျှင် လုပ်သား ၅၀၀၀ နီးပါးခေါ်ယူလေ့ရှိပြီး ယခု၂၀၂၃ ခုနှစ်မှာတော့ ၈၀၀၀နီးပါးအထိခေါ်ယူမူရှိခဲ့ကြောင်း ထုတ်ပြန်ချက် များ အရ သိရသည်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 28 November 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များခေါင်းဆောင်နှင့်အဖွဲ့ ရန်ကုန်မြို့ ၏အထင် ကရနေရာများကို လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ သီလဝါ ဆိပ် ကမ်းသို့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ ကျင့် ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ် ၃ စင်း ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ယင်းသင်္ဘောများမှာ ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့ဖြစ်ပြီး အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် လိုက်ပါလာကြကြောင်း သိရသည်။
ယင်းတို့အနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။
စစ်ရေယာဉ်များဖြင့် လိုက်ပါလာကြသော Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် ကို တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံ ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာ သာအသင်းတို့မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group

Page 997 of 2280