Published_ 29 November 2023
နှစ်နှစ်ကျော်ကြာရပ်နားထားသည့် ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ဒီဇင်ဘာ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်ဘက်က တရားဝင် အသိပေးကြေညာထားချက်အရသိရသည်။
အဆိုပါ ဆီဒိုးနား ဟိုတယ်ကို ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်နှင့်အတူ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့် ၂၀၂၁ ခုနှစ်၌စတင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး (၂) နှစ်ကျော်အကြာ၌ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ ဖွင့်လှစ်ရာတွင် ဆီဒိုးနားဟိုတယ် Inya Wing ၌ ၅၀% အထိ ရရှိမည့် အထူးလျှော့ဈေးနှင့် အနားယူ အပန်းဖြေနိုင်မည်ဖြစ်ပြီးတစ်ဦးလျင် 65++ ဒေါ်လာမှ စတင် ရွေးချယ်တည်းခိုနိုင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တည်းခိုနိုင်ကြောင်း သိရသည်။
အဆိုပါဆီဒိုးနားဟိုတယ်(ရန်ကုန်)၏ မူလပိုင်ရှင် Keppel Land မှ ဟိုတယ်ပိုင်ဆိုင်မှုအလုံးစုံကို စင်ကာပူအခြေစိုက် Spring Blossom Venture ထံ အမေရိကန်ဒေါ်လာ ၅၇.၄ သန်းဖြင့် အပြီးသတ် ရောင်းချထားပြီး ဖြစ်ကာပိုင်ဆိုင်မှုအလွှဲအပြောင်းဖြစ်ပြီးနောက်ဒီဇင်ဘာ၌ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
စင်ကာပူအခြေစိုက် Spring Blossom Ventures လုပ်ငန်းသည် ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို အဓိက စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းစု ဖြစ်ကြောင်းသိရသည်။
ဆီဒိုးနားဟိုတယ်(ရန်ကုန်) ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၌ အစောဆုံး ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာဟိုတယ် လုပ်ငန်းများ၌ တစ်ခုအပါအဝင်လည်း ဖြစ်ပြီး Keppel Land အနေဖြင့်ကန်ဒေါ်လာသန်း (၈၀) ခန့် ရင်းနှီးမြှုပ်နှံပြီး ကြယ်ငါးပွင်အဆင့်ရှိသည့် ဟိုတယ်ဘေးကပ်လျက်၌ ၂၉ ထပ် အမြင့်ရှိ အခန်းပေါင်း ၄၃၁ ခန်း ပါဝင်သည့် Inya Wing တာဝါကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
လောက်ကိုင်မြို့ကနေ စစ်ဘေးရှောင်နဲ့ နေရပ်ပြန်သူတွေဟာ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ကို ဖြတ်သန်းသွားလာရတဲ့အတွက် စစ်ဘေးရှောင်နဲ့ နေရပ်ပြန်သူတွေအတွက် စားသောက်စရာတွေနဲ့ အ၀တ်ထည်တွေကို လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
ပလပ်စတစ်နေလှမ်း ဆားကြမ်းတွေကို နမူနာအနေနဲ့ တင်ပို့ထား
တောင်ကိုရီးယားကို မွန်ပြည်နယ်၊ ပလိုင်ကီးကျေးရွာက ထွက်ရှိတဲ့ဆားကြမ်းနဲ့ ပငကျေးရွာက ထွက်ရှိတဲ့ဆားကြမ်းတွေကိုတော့ ဂျပန်နိုင်ငံကို တင်ပို့ဖို့ ကနဉီးကမ်းလှမ်းထားတယ်လို့ မွန်ပြည်နယ်ဆားလုပ်ငန်းဌာနခွဲက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
‘ခရစ်စမတ်နီးလာချိန် ဒီဇင်ဘာလ၂၅ရက်လောက်မှာ ရန်ကုန်တိုင်းမှာ အအေးဓာတ် ပိုလာမှာဖြစ်ပြီး ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းမှာ မိုးရွာရက် (၁)ရက်မှ(၃)ရက်ခန့်သာ ရှိမှာဖြစ်ပြီး မြူကျရက် (၅)ရက်မှ(၁၅)ရက်ခန့် မြူတွေကျဆင်းနိုင်မှာဖြစ်ပါတယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
တရုတ်နိုင်ငံကျန်းရှီပြည်နယ်၊နန်ချန်းမြို့တွင် ‘တိုင်းရင်းဆေးဖိုရမ်’ကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဖိုရမ်တွင်
တိုင်းရင်းဆေးဝါး အရည်အသွေးကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊တိုင်းရင်းဆေးဝါးထုတ်လုပ်မှုဆန်းသစ် တီထွင်ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ခြင်းကိစ္စရပ်များ ကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းမှကြီးမှူးပြီးတိုင်းရင်းဆေးဖိုရမ်ကို
‘တိုင်းရင်းဆေးပညာ၏ အမွေအနှစ်နှင့် ဆန်းသစ်တီထွင်မှု၊ တိုင်းရင်းဆေးပညာ၏ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် တိုင်းရင်း ဆေးပညာဆိုင်ရာ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ခြင်း ‘(Inheritance and Innovation of Traditional Medicine, Globalization of Traditional Medicine, and Protection of Traditional Medicine Intellectual Property Rights)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။
ယင်းအစည်းအဝေးသို့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်၊ ကစ္စတန်စသည့် နိုင်ငံများပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂိုးလီးယား စသည့်နိုင်ငံများ ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယားစသည့်နိုင်ငံများပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်တိုင်းရင်းဆေးကုမ္ပဏီများမှ တာဝန်ရှိသူများတက် ရောက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံမှလည်း တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏တိုင်းရင်း ဆေးဖိုရမ်သို့ တက်ရောက်ရန် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ၂၈ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတရုတ် နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published_28 nov 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် အထင်ကရနေရာများသို့ ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် လေ့လာရေးခရီးသွားရောက် ခဲ့ကြ ကြောင်း သိရသည်။
တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေး ဆိုင် ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ယင်းအပြင် သန်လျင်တပ်နယ်ရှိ အခြေခံပညာအ ထက်တန်း ကျောင်း(ဆိပ်ကြီး)တွင် ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား စာရေးကိရိယာ များ လှူဒါန်းခဲ့ကာ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက် လည်ပတ်ခဲ့ကြ ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group



၂၈ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း၏ ချစ်ကြည်ရေးခရီးစဉ်
မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်နှစ်ရပ်အကြားနှင့် နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်နေမှုအခြေအနေများ၊
၂၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများ-
နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
Page 995 of 2280