#Local_News
Published_ 28 April 2023
ပြင်ပရွှေပေါက်ဈေးဟာ ဧပြီလ ၂၇ရက်နေ့ နေ့လည်၃ နာရီ မှာ ငွေကျပ်သိန်း ၃၀ ကျော်ခန့်ပေါက်အထိ ဈေးမြင့်လာတာဖြစ်ပါတယ်။ အခုလိုဈေးနှုန်းအမြင့်ပိုင်းရောက်နေတဲ့အတွက် ရန်ကုန်ရွှေလုပ်ငန်းတွေ စုပေါင်းပြီး ဧပြီလ ၂၈ရက်နေ့ မနက်ပိုင်းမှာ ရွှေဈေးနှုန်းတည်ငြိမ်စေဖို့ အစည်းဝေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ရွှေဈေးနှုန်းတည်ငြိမ် #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
နေ့အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်အထက်ရောက်ရှိပါက လူ့ခန္ဓာကိုယ်ကခံနိုင်ရည်မရှိတော့ဘဲလေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ အပူရှပ်တာ၊ မူးလဲတာတွေ ဖြစ်နိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Local_News #နေ့အပူချိန်(၄၀)°C #လေဖြတ်ခြင်း #ဦးနှောက်သွေးကြောပြတ်ခြင်း #အပူရှပ်ခြင်း #YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားတစ်ရာကျပ်ဝန်းကျင် ပတ်ချာလည်သို့အနည်းငယ်ပြန်ကျခဲ့သော်လည်း တစ်လီတာလျှင် ၂,၀၀၀ ကျော် နေဆဲဖြစ်ကြောင်း ယနေ့ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #92တစ်လီ #စက်သုံးဆီဈေးနှုန်း
#YMG #Yangon_Media_Group
#Daily_News
Published_ 28 April 2023
၁။ 92တစ်လီတာ ၂၀၁၀ကျပ်အထိရောက်ရှိပြီး စက်သုံးဆီဈေးနှုန်းအကျဘက်ရှိနေ
၂။ နေ့အပူချိန်(၄၀)°Cအထက်ရောက်ရှိနေသော ဒေသများတွင် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်းများအဖြစ်များနိုင်
၃။ ပြင်ပရွှေပေါက်ဈေး သိန်း ၃၀ ကျော်သည့်အတွက် ရွှေဈေးနှုန်းတည်ငြိမ်စေရေး ရန်ကုန်ရွှေအသင်းအရေးပေါ် အစည်းဝေးပြုလုပ်
၄။ ဂျပန်တွင်ကာတွန်းရုပ်ပုံများဖြင့် မော်တော်ကားအလှဆင်ခြင်း ရေပန်းစားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 28 April 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမယ့်တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းတွေကို တိုက်ခန်းအရောင်းဈေးနှုန်းတွေ ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #တန်ဖိုးနည်းတိုက်ခန်း #ပြင်ဆင်စရိတ်
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
တာချီလိတ်မြို့နယ်အတွင်းမှာ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံက သိရသည်။
ဧပြီလ ၂၈ရက်နေ့ နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့၊ ဆန်ဆိုင်း-ဝမ်မိုင်ရပ်ကွက်နေ အသက် ၂၇နှစ်အရွယ်ရှိ ကိုထွန်းထွန်းဦးသည် ရုတ်တရက် မူးလဲကာ သတိလစ်သွားခဲ့ကြောင်း သိရသည်။
"တစ်ညလုံး ပန်ကာဖွင့်ပြီး အိပ်တာလို့ သိရပါတယ်၊ ပြီးတော့ ရုတ်တရက် မူးလဲပြီး သတိလစ်သွားလို့ အရေးပေါ်ပို့ဆောင်စဉ်မှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ပါတယ်"လို့ အသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါအမျိုးသားသည် ရုတ်တရက်မူးလဲကာ သတိလစ်သွားတာကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့စဉ် ဆေးရုံရောက်ရောက်ချင်း ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လူနာမှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ကြောင်းသိရသည်။
#ymg/ppk #Local_News #တာချီလိတ် #ဦးနှောက်သွေးကြောပျက်
#YMG #Yangon-Media-Group
#Local_News
Published-28 April 2023
တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) အပေါ် မြန်မာထောက်ခံကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ချမှတ်ထားသည့် အမြော်အမြင်ကြီးမားသည့် အစီအမံတစ်ရပ် ဖြစ်ကြောင်း၊ အစီအမံပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်တစ်စိုက် လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှု ကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ အပါအဝင်ဖြစ်သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အဆိုပါကမ္ဘာလုံးဆိုင်ရာလိုက်လျောညီထွေရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့်လုံခြုံရေးအစီအမံ (GSI)ကို ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)သည် (၁) အားလုံးအတွက် ပြည့်စုံကျယ်ပြန့်ပြီး၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ရေရှည်တည်တံ့သည့် လုံခြုံရေးဆိုင်ရာမျှော်မှန်းခြင်း၊ (၂) နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားခြင်း၊ (၃) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာခြင်း၊ (၄) နိုင်ငံ အားလုံး၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို အလေးအနက်ထားခြင်း၊ (၅) နိုင်ငံများအကြား မတူကွဲပြားမှုများနှင့် အငြင်းပွားမှုများကို ဆွေးနွေး၊ ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းခြင်းနှင့် (၆) သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော နယ်ပယ်နှစ်ရပ်လုံးတွင် လုံခြုံရေးထိန်းသိမ်းခြင်း ဆိုင်ရာကိစ္စရပ် များကို ခိုင်မာစွာ ဆက်လက်ဆောင်ရွက်သွားရန်စသည့် ကတိကဝတ် (၆) ရပ် ပေါ်တွင် အခြေခံသည်ကို တွေ့ရှိရကြာင်း ၎င်းထုတ်ပြန်ချက်က သိရသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(Global Security Initiative-GSI) ကို အဆိုပြုခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) သဘောတရားစာတမ်း (Concept Paper) ထုတ်ပြန်ခဲ့သည်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်သားမိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)ကို အကောင် အထည်ဖော်ခဲ့သည့် တစ်နှစ်တာကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့လုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်မှုများ အတွက် မြန်မာနိုင်ငံက ချီးကျူးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လေးစားလိုက်နာလျက် ပိုမိုအေးချမ်းလုံခြုံပြီး၊ သာယာဝပြောသည့်ကမ္ဘာနှင့် လူသားအားလုံးအတွက် အေးအတူပူအမျှအသိုက်အဝန်း ဖော်ဆောင်နိုင်ရေးတို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး သာတူညီမျှရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝ အေးချမ်းသာယာ ဝပြောစေရန်တို့အတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#ymg/pl #Local_News #တရုတ်သမ္မတမစ္စတာရှီကျင့်ဖျင် #ကမ္ဘာလုံးဆိုင်ရာ #မြန်မာထောက်ခံကြိုဆို
#YMG #Yangon_Media_Group
Page 991 of 1898