စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက ဖွင့်လှစ်သင်ကြားပေးမယ် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို လာမယ့်မေလမှာ ထပ်မံဖွင့်လှစ်သွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက သိရပါတယ်။
#Local_News
Published_ 18 March 2024
#မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်း #သင်တန်းဖွင့်လှစ်
#YMG/LW #Yangon_Times
သင်္ကြန်ပိတ်ရက်တွေဖြစ်တဲ့ ဧပြီ(၁၃)(၁၄)(၁၅)ကိုဘိုကင်တင်သူအများဆုံးဖြစ်နေပြီး သင်္ကြန်ပိတ်ရက်မှာတော့တစ်သိန်းတန်အခန်းဟာ နှစ်သိန်းဖြစ်သွားကာ တည်းခိုစရိတ်တွေ တက်လာနိုင်ခြေရှိတယ်။
ချောင်းသာကမ်းခြေ ဟိုတယ်လမ်းညွှန်ဝန်ဆောင်မှုလုပ်ငန်းမှ ကိုနေအောင်
#Local_News
Published_ 18 March 2024
#သင်္ကြန်ရက်ပိတ်ရက် #ကမ်းခြေဘိုကင်တင်သူများနေ
#tthl #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း ပင်လယ်ကမ်းစပ်ရှိ
မြတ်မော်တင်စွန်းစေတီတော်ပြုပြင်မှုလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး သုံးထပ်ကျောင်းနဲ့ အာရုံခံတံဆောင်းတွေ တည်ဆောက်ဖို့ ပါဝင်လှူဒါန်းနိုင်တယ်လို့ ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက သိရပါတယ်။
#Local_News
Published_ 18 March 2024
#သုံးထပ်ကျောင်းဆောင် #အာရုံခံတန်ဆောင်း
#YMG/NN #Yangon_Times
တရုတ်-မြန်မာနယ်စပ်မှာ မြေငှားပြီး လာရောက်စိုက်ပျိုးတဲ့ တရုတ်အာလူးတွေကလည်း ဈေးကွက်ထဲအဝင်များနေ ပြည်တွင်းက စိုက်တဲ့အာလူးကလည်းရာသီပေါ်ချိန်ဖြစ်နေတော့ ကုန်အဝင်များပြီး ပြည်တွင်းအဝယ်ကလည်း သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ အရောင်းပါးတာတွေကြောင့် အာလူးဈေးကထိုးကျသွားတယ်။ အာလူးစိုက်တောင်သူတွေအနေနဲ့လည်း ရာသီပေါ်စမှာပဲ ဈေးကကျတော့ အခက်အခဲတွေ ဖြစ်တာပေါ့။
#Local_News
Published_ 18 March 2024
#ပြည်တွင်းအာလူးဈေးထိုးကျ #တရုတ်-မြန်မာနယ်စပ်
#YMG/LW #Yangon_Times
လာမယ့်မတ်လ(၂၀)ရက်မှ (၂၄)ရက် (၄)ရက်တာအတွင်းမှာ တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအစရှိတဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ၊ ရှမ်း၊ ကချင်အစရှိတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးထစ်ချုန်းရွာဖိုများပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေတော့ရွာနိုင်ခြေနည်းတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း
#Local_News
Published_ 18 March 2024
#အချိန်အခါမဟုတ်မိုးရွာ #မိုးထစ်ချုန်းရွာ
#tthl #Yangon_Times
#Local_News
Published_ 18 March 2024
မင်းတုန်းမင်းတြားကြီးနှင့် ကုမ္မာဒေဝီခုနစ်ရွာ မိဖုရားကြီး၊ အိမ်ရှေ့စံကနောင်မင်းနှင့် မြောက်ဆောင်တော် သခင်သီရိသင်္ခါမဟေတို့၏ တီတော်ဖြစ်သည့်သုံးဆယ်(ဒေါ်)ထိပ်တင်ဦး ကံတော်ကုန်သွားကြောင်း ကုန်းဘောင်ဆက်ဆွေတော်မျိုးတော်များအသင်း(အောက်မြန်မာပြည်)မှ သိရသည်။
ကုန်းဘောင်ဆက်ဆွေတော်မျိုးတော်များ အသင်း(အောက်မြန်မာပြည်)အနေဖြင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်း ယခုလို ဖော်ပြထားသည်။
မင်းတုန်းမင်းတြားကြီးနှင့် ကုမ္မာဒေဝီခုနစ်ရွာ မိဖုရားကြီး၊ အိမ်ရှေ့စံကနောင်မင်းနှင့် မြောက်ဆောင်တော် သခင်သီရိသင်္ခါမဟေတို့၏တီတော်၊
မဟာသုသီရိဓမ္မရာဇာ သုံးဆယ်မင်းသားကြီးနှင့် သီရိစိတ္တဝတ္တီ ရန်အောင်မြင်ထိပ်ထားတို့၏မြစ်တော်၊
သုံးဆယ်ထိပ်တင် ကိုယ်တော်ကြီးနှင့် ခင်ခင်လေးဖုရား တို့၏မြေးတော်၊သုံးဆယ် ထိပ်တင်ဖုရားလေးနှင့် ဦးကျော်သိန်းတို့၏သမီးတော်၊
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်၊ ရွှေနှင်းဆီကျောင်းလမ်း၊ (၅)ရပ်ကွက်နေ ဒုတိယဗိုလ်မှူးကြီးထွန်းရှိန်၏ဇနီး သုံးဆယ်ထိပ်တင်ဦး သက်တော် (၉၄)နှစ်သည် မတ်လ(၁၆) ရက်(စနေနေ့) ည ၁၁:၅၆ နာရီတွင် ရန်ကုန်မြို့၊ ကန်သာယာဆေးရုံ၌ ကံတော်ကုန်သွားပါသဖြင့်ကျန်ရစ်သူသုံးဆယ် အနွယ်တော်များနှင့် ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း ဖော်ပြပါရှိပြီး ဆွေတော်မျိုးတော်အပေါင်းကလည်း ဝမ်းနည်းကြောင်း ၎င်းတို့၏လူမှုကွန်ရက် စာမျက်နှာထက်၌ ဖော်ပြထားသည်။
#Local_News #တီတော်သုံးဆယ်(ဒေါ်)ထိပ်တင်ဦး #အသက်(၉၄)နှစ်ကံတော်ကုန် #tthl #Yangon_Times
#Local_News
Published_ 18 March 2024
ခွန်ခမာချန်ပီယံခါးပတ်လုပွဲ၌ မြန်မာကိုယ်စားပြုစိုးမိုးဇော်သည် ဥပါကစ္စတန်သား အာဆတ်ကို မတ်လ(၁၇)ရက်တွင် ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စိုးမိုးဇော်က အတွေ့အကြုံရင့်သည့် ဥပါကစ္စတန်နိုင်ငံသားပြိုင်ဘက်ဖြစ်သူ အာဆတ်ကို ငါးချီပြည့်ချိန်အထိအသာစီးဖြင့်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
"မနက်ဖြန်မှာ Training ပြန်စမယ်။ ဒီပွဲမှာလိုအပ်ချက်တွေပြန်ပြင်သွားမယ်"ဟု စိုးမိုးဇော်ကလေ့ကျင့်မှုဗီဒီယိုများတင်ပေးရင်းဖော်ပြထား သည်။
ခွန်ခမာခါးပတ်လုပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေသော စိုးမိုးဇော်အနေဖြင့် ယခုပွဲစဉ်သည် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး၊ ပထမပွဲစဉ်တွင် ခွန်ခမာဖိုက်တာ သီးဗာရစ်ကို ရှုံးနိမ့်ထားသည်။
ယခု ကျင်းပသည့် ခွန်ခမာချန်ပီယံခါးပတ်လုပွဲသည် လက်ဝှေ့ဖိုက်တာ (၇)ဦး ပတ်လည်စနစ်ဖြင့်ယှဉ်ပြိုင်၍ ခွန်ခမာချန်ပီယံဆု ရရှိရန်၆၃.၅ ကီလိုတန်း ပြိုင်ပွဲအနေဖြင့်ယှဉ်ပြိုင်နေကြသည့် ပွဲတစ်ပွဲလည်းဖြစ်ပြီး ယခုပွဲ၌ခါးပတ်လုမည့် လက်ဝှေ့ဖိုက်တာအများစုသည်ကမ္ဘောဒီးယားနိုင်ငံသား ဖိုက်တာများဖြစ်ကြောင်းလည်း သိရသည်။
#Local_News #ခွန်ခမာခါးပတ် #စိုးမိုးဇော်ဆက်တိုက်လေ့ကျင့်နေ #tthl #Yangon_Times
Page 989 of 2480