#Local_News
Published_ 18 March 2024


မင်းတုန်းမင်းတြားကြီးနှင့် ကုမ္မာဒေဝီခုနစ်ရွာ မိဖုရားကြီး၊ အိမ်ရှေ့စံကနောင်မင်းနှင့် မြောက်ဆောင်တော် သခင်သီရိသင်္ခါမဟေတို့၏ တီတော်ဖြစ်သည့်သုံးဆယ်(ဒေါ်)ထိပ်တင်ဦး ကံတော်ကုန်သွားကြောင်း ကုန်းဘောင်ဆက်ဆွေတော်မျိုးတော်များအသင်း(အောက်မြန်မာပြည်)မှ သိရသည်။

 

ကုန်းဘောင်ဆက်ဆွေတော်မျိုးတော်များ အသင်း(အောက်မြန်မာပြည်)အနေဖြင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်း ယခုလို ဖော်ပြထားသည်။

 

မင်းတုန်းမင်းတြားကြီးနှင့် ကုမ္မာဒေဝီခုနစ်ရွာ မိဖုရားကြီး၊ အိမ်ရှေ့စံကနောင်မင်းနှင့် မြောက်ဆောင်တော် သခင်သီရိသင်္ခါမဟေတို့၏တီတော်၊ 

 

မဟာသုသီရိဓမ္မရာဇာ သုံးဆယ်မင်းသားကြီးနှင့် သီရိစိတ္တဝတ္တီ ရန်အောင်မြင်ထိပ်ထားတို့၏မြစ်တော်၊ 

 

သုံးဆယ်ထိပ်တင် ကိုယ်တော်ကြီးနှင့် ခင်ခင်လေးဖုရား တို့၏မြေးတော်၊သုံးဆယ် ထိပ်တင်ဖုရားလေးနှင့် ဦးကျော်သိန်းတို့၏သမီးတော်၊ 

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်၊ ရွှေနှင်းဆီကျောင်းလမ်း၊ (၅)ရပ်ကွက်နေ ဒုတိယဗိုလ်မှူးကြီးထွန်းရှိန်၏ဇနီး သုံးဆယ်ထိပ်တင်ဦး သက်တော် (၉၄)နှစ်သည် မတ်လ(၁၆) ရက်(စနေနေ့) ည ၁၁:၅၆ နာရီတွင် ရန်ကုန်မြို့၊ ကန်သာယာဆေးရုံ၌ ကံတော်ကုန်သွားပါသဖြင့်ကျန်ရစ်သူသုံးဆယ် အနွယ်တော်များနှင့်  ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း ဖော်ပြပါရှိပြီး ဆွေတော်မျိုးတော်အပေါင်းကလည်း ဝမ်းနည်းကြောင်း ၎င်းတို့၏လူမှုကွန်ရက် စာမျက်နှာထက်၌ ဖော်ပြထားသည်။

 

#Local_News #တီတော်သုံးဆယ်(ဒေါ်)ထိပ်တင်ဦး #အသက်(၉၄)နှစ်ကံတော်ကုန် #tthl #Yangon_Times