#Point_Of_View
Published_ 27 April 2023
အပူချိန်မြင့်တက်လာကြောင့် ချွေးထွက်တာက ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။
#Point_Of_View #အပူဒဏ်အန္တရာယ် #Dr.KML
#YMG #Yangon_Media_Group
#Local_News
Published-27 April 2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံးသူ ၃ ဦးမှ ပျောက်ဆုံးနေသူ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို ဧပြီလ ၂၇ရက် နံနက် ၆ နာရီ ၁၆ မိနစ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းက သိရသည်။
"ပျောက်ဆုံးနေသူ ရုပ်အလောင်းကို ယနေ့နံနက်က ရေနစ်တဲ့နေရာရဲ့ အောက်ဘက်နားမှာတွေ့တာဖြစ်ပါတယ်။ ရေစီးနှင့်မျှောပါသွားပြီး စီးကြောင်းအပြင်ဘက်ကို ထွက်သွားတဲ့သဘောပါ။ ဒီမနက်မှာတွေ့ပါပြီ"ဟု အဆိုပါ လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။
ဖြစ်စဉ်မှာဧပြီလ ၂၆ ရက်၊ ညနေ ၅ နာရီဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး-အနောက်ပိုင်း(ပြည်ခရိုင်)ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်းမိသားစုဝင် ၆ ဦး ရေဆင်းချိုးကြရာမှ ရေနစ်မှုဖြစ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး ၃ ဦးကို မြေပြင်အရေးပေါ်ကုသပေး၍ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရေနစ်သူများအား ဆက်လက်ရှာဖွေခဲ့ရာတွင် သေဆုံးသူ ၃ဦးအနက်မှ ၂ဦးကို ဧပြီလ၂၆ရက် ည ၇ နာရီ ၁ မိနစ်တွင် ၁ဦး၊ ည ၇ နာရီ ၅ မိနစ်တွင် ၁ဦးတွေ့ရှိခဲ့ပြီး ကျန်၁ဦးကို ဧပြီ ၂၇ ရက် နံနက် ၆နာရီ ၁၆ မိနစ်က ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရေနစ်ခဲ့သူများမှာ အသက် ၁၃နှစ်အရွယ် ကောင်လေး၁ဦး၊ အသက် ၂၀ ဝန်းကျင်ခန့် အမျိုးသား၂ဦး၊ အသက်၃၀မှ၄၀ ဝန်းကျင် အမျိုးသမီး ၃ဦးတို့ဖြစ်ကြကြောင်းသိရသည်။
#ymg/pl #Local_News #ဧရာဝတီမြစ် #ပျောက်ဆုံးနေသူ
#YMG #Yangon-Media-Group
#Local_News
Published_ 27 April 2023
အရှေ့ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသောတိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း ဧပြီလ ၃၀ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်းနေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်းအများအပြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၆ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဒေသအများအပြားတွင် အပူချိန် စံချိန်တင်မြင့်တက်နေမှုကြောင့် ဒေသတချို့တွင်ရေရှားပါးမှုနှင့် ကြုံတွေနေရခြင်းများအပြင် အပူချိန်မြင့်တက်မှုကြောင့် အသက်ဆုံးရူံးသည်အထိ ဖြစ်ပွားနေကြောင်း ပရဟိတအသင်းများမှ သိရသည်။
အချိန်အခါမဟုတ်မိုးရွာသွန်းမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ သတိပေးချက်ထုတ်ပြန်ထားပါသည်။
#ymg/ynzw #Local_News #ရန်ကုန် #ပြည်နယ်အများအပြား #မိုးရွာနိုင်
#YMG #Yangon-Media-Group
#Local_News
Published_ 27 April 2023
နေ့အပူချိန်ပြင်းထန်တာကြောင့်အမျိုးသား ၁ ဦး လဲကျကာ ကိုယ်အပူချိန်မြင့်တက်ခြင်းနဲ့ တက်ခြင်းတို့ဖြစ်ပြီး မြေပြင်ကုသမှု လုပ်နေစဉ် သေဆုံးမှု သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရသည်။
ရန်ကုန်တိုင်း သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး ရုပ်ရှင်ရုံထိပ်အနီးတွင် ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက အသက်(၄၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦးလဲကျနေကြောင်း အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ ခန္ဓာကိုယ်အပူရှိန်မြင့်တက်ခြင်း၊ တက်ခြင်းတို့ဖြစ်ပေါ်နေပါသဖြင့် မိတ်ဖက်အသင်းများနှင့်ပူးပေါင်းပြီး မြေပြင်ကုသမှုပေးခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ပြောကြားသည်။
#ymg/ppk #Local_News #သာကေတ #ကိုယ်အပူချိန်မြင့်တက်ခြင်း #တက်ခြင်း
#YMG #Yangon-Media-Group
#Local_News
Published_ 26 April 2023
ဆန်ဈေးကစားသူတွေနဲ့ အွန်လိုင်းကသတင်းမှား ထုတ်လွှင့်သူတွေကိုအရေးယူမယ်လို့ ဆန်စပါးအသင်းချုပ်က ကြေငြာအပြီးမှာ အရေးပေါ်အစည်းအဝေးတွေပြုလုပ်နေတယ်လို့ ဝါးတန်းဆန်ကုန်စည်ဒိုင်က သိရပါတယ်။
#Local_News #ဆန်ဈေးကွက် #အရေးပေါ်အစည်းအဝေး
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
မြန်မာနိုင်ငံကို မေလလယ်မေလ(၁၅)ရက်နဲ့ (၁၈) ရက်လောက်ရောက်မှ မုတ်သုန်လေစတင်ဝင် ရောက်လာမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မေလ #မုတ်သုန်စဝင် #မုတ်သုန်မိုးဦးစွာရွာ
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ရန်ကုန်တိုင်းအပါအဝင်မြို့ကြီးတချို့တွင် နောက်နှစ်ရက်အတွင်းမိုးရွာသွန်းဖို့ အခြေအနေမရှိသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့စဉ်မိုးလေဝသခန့်မှန်းချက်တွေအရ သိရပါတယ်။
#Local_News #ရန်ကုန် #မိုးမရွာနိုင်သေး
#YMG #Yangon_Media_Group
Page 994 of 1898