#Daily_News
Published_ 24 April 2023
၁။ နေပြင်း၍ သဘာဝတရားရိပ်သာတွင် ရေရှားပါးခြင်းနှင့်ဘိုးဘွားအချို့လေဖြန်းခြင်းများရှိနေ
၂။ ကမ္ဘာ့ရွှေဈေးအတက်ကြမ်းနေသည့် ရန်ကုန်ရွှေကုန်သည်များအရူံးပေါ်နေ
၃။ မန္တလေးမှာ မူးယစ်ဆေးသိန်းတစ်သောင်းကျော်ဖိုးဖမ်းမိ
၄။ ကမ္ဘာ့ရေခဲပြင်ကြီးများ စံချိန်တင်အရည်ပျော်လာပြီဟု ကုလသမဂ္ဂဖော်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 24 April 2023
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာဘန်ကီမွန်းဟာ ဒီကနေ့ ဧပြီ ၂၄ ရက်မနက်မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်တို့နှင့်လည်းတွေ့ဆုံခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကိုပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားမှုအပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
#YangonMediaGroup
#The Elders ဒုတိယဥက္ကဋ္ဌဘန်ကီမွန်းမြန်မာနိုင်ငံရောက်ရှိ
#နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဘန်ကီမွန်းတွေ့ဆုံ
#Local_News
Published_ 24 April 2023
လတ်တလောမှာ နေပြည်တော်၊ မန္တလေးနဲ့မကွေးဒေသတွေမှာ လေပြင်းနဲ့မိုးကြိုးအန္တရာယ်အပါအဝင် သဘာဝဘေးတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်၊၊
#Local_News #လေပြင်းနှင့်မိုးကြိုး #သဘာဝဘေး #ငွေကြေးနှင့်ကယ်ဆယ်ရေးပစ္စည်း
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ဗိုလ်တထောင်ဆံတော်ဦးစေတီတော်ကြီးတွင် ရင်ငွေ့လှုံပူဇော်ထားသည့် ဗုဒ္ဓဆံတော်ပွားအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်ဘုန်းတော်ကြီးကျောင်း၌ ကိုးကွယ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်၊၊
၁၃၈၅ ခုနှစ် ၊ ကဆုန်လဆန်း ( ၅ ) ရက် ၊၂၀၂၃ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက် ၊တနင်္ဂနွေနေ့ တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် နန်းဦးဘုရားကြီး တန်ဆောင်း၌ ဗိုလ်တထောင်ဘုရားတွင် ရင်ငွေ့တော်လှုံပူဇော်ထားရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ပွားတစ်ဆူအား ဂျပန်နိုင်ငံ တိုကျိုမြို့ HOKOTA JOSHINEN ဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ပူဇော်နိုင်ရန် လွဲပြောင်းလှူဒါန်းခြင်းအခမ်းအနားပြုလုပ်ခဲ့သည်ဟု ဆိုသည်၊၊
အခမ်းအနားတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဦးအောင်မြတ်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးစိန်သန်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း( ဗဟို) ဥက္ကဌ ဦးရဲထွန်းတို့မှ ဆံတော်မြတ်ရတနာပွားတစ်ဆူအား ဆရာတော်ဘုရားကြီးထံလှူဒါန်းခဲ့ကြောင်းသိရသည်၊၊
#ymg/tthl #Local_News #ဗိုလ်တထောင် #ရင်ငွေ့လှုံ #ဗုဒ္ဓဆံတော် #ဂျပန်နိုင်ငံ
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ယနေ့ နံနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ နေအိမ်တိုက်ခန်း ၇လွှာကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံက သိရသည်။
ယနေ့ ဧပြီလ ၂၄ရက်နေ့ နံနက် တစ်နာရီခွဲခန့်က တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းမှာ အသက်၂၁ ဝန်းကျင်အမျိုးသားတစ်ဦး နေအိမ်တိုက်ခန်း ၇လွှာကနေ မတော်တဆ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။
"သူက ပူလို့ဆိုပြီး ဝရန်တာကနေ သံပန်းတခါးတံခါးဖွင့်ရာကနေ မတော်တဆပြုတ်ကျတာပါ။မိသားစုနဲ့အိမ်မှာ အတူနေရင်းဖြစ်သွားတာပါ၊ ရုပ်အလောင်းကို သက်ဆိုင်ရာက စစ်ဆေးပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ထားတယ်"လို့ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။
အဆိုပါ နေအိမ်တိုက်ခန်း ၇လွှာကနေ ပြုတ်ကျသေဆုံးတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းအား နေအိမ်ဖြစ်စဉ်နေရာမှ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၇လွှာတိုက်ခန်းကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ အမျိုးသားရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရှိ ရေခဲတိုက်သို့ ပို့ဆောင်ကူညီခဲ့တယ်လို့ အဖွဲ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
#ymg/ppk #Local_News #အမျိုးသားတစ်ဦး #ပြုတ်ကျသေဆုံး
#YMG #Yangon-Media-Group
#Local_News
Published_ 24 April 2023
အွန်လိုင်းကနေ ပတ်စ်ပို့နိုင်ငံကူးလက်မှတ်လျှောက်ထားပြီး ရက်ချိန်းရရှိထားသူ(၃)သိန်း(၁)သောင်းရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်၊၊
လျှောက်ထားသည့် IDအလိုက် ရုံးသို့လာရောက်ရမည့်စာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်ပြီး ဧပြီလ(၂၄)ရက်မှ စက်တင်ဘာလ(၅)ရက်အတွင်း IDအမှတ်များအဖြစ် YMG 2023 080001မှ YMG 2023 310000အထိရုံးကို လာရောက်ရမည်ဖြစ်သည်ဟု ဆိုသည်၊၊
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ဖေဖော်ဝါရီ (၂၄)ရက်တွင် Online Appointment Systemဖြင့် ရက်ချိန်းရယူခြင်းအား စတင်စမ်းသပ်အသုံးပြုခဲ့ပြီး ယနေ့ချိန်အထိ အွန်လိုင်းရက်ချိန်းရရှိထားသူ(၃)သိန်း(၁) သောင်းရှိပြီဖြစ်ကြောင်း သိရသည်၊၊
အွန်လိုင်းမှ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လျှောက်ထားရာတွင် မသမာသောနည်းလမ်းဖြင့် စနစ်အတွင်းဝင်ရောက်ရန် ကြိုးစားခြင်း၊ အချက်အလက်ပြင်ဆင်ခြင်း၊ ငွေကြေးလိမ်လည်မှုပြုခြင်းများ လုပ်ဆောင်သည်ကို စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl #Local_News #အွန်လိုင်း #ပတ်စ်ပို့
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ဧရာဝတီမြစ်တွင်း ယမန်နေ့ ဧပြီလ ၂၃ ရက်နှင့် ယနေ့ဧပြီလ ၂၄ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ကိုရင်ငယ်များ ရေနစ်ပျံလွန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၂၃ ရက်က စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ဘုရားအနီး ဓမ္မသုခကျောင်းတိုက်မှ ကိုရင်တစ်ပါး ရေနစ်ပျံလွန်ခဲ့ခြင်းဖြစ်သောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး စစ်ကိုင်း (S.E.R.T)၊ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့ တို့မှ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အလားတူ ယနေ့ ဧပြီလ ၂၄ ရက် နံနက်ကလည်း စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ဘုရားအနီး ကိုရင်တစ်ပါးရေနစ်နေကြောင်းသတင်းရှိသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး စစ်ကိုင်း (S.E.R.T)၊သုခကာရီအသင်း၊ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့တို့မှ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေနစ်ပျံလွန်သည့် ကိုရင်ငယ်များ၏ အလောင်းကို စစ်ကိုင်း ကုတင် (၂၀၀)ဆံ့ဆေးရုံကြီး opd သို့ ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သိရသည်။
#ymg/pl #Local_News #ဧရာဝတီမြစ် #နှစ်ရက်ဆက်တိုက် #ရေနစ်ပျံလွန်မှုဖြစ်
#YMG #Yangon_Media_Group
Page 1000 of 1898