#Local_News
Published_ 14 March 2024


နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်ရထားသည့် လိုင်စင်ရ Money Changerကုမ္ပဏီ(၃)ခုကို လိုင်စင်သိမ်းပြီး လုပ်ငန်း(၂)ခုကို လိုင်စင်(၆)လဆိုင်းငံ့ကာထပ်မံအရေးယူလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မတ်လ(၁၄)ရက်ထုတ်ပြန်ချက်အရ သိရသည်။

 

လိုင်စင်သိမ်းပြီးအရေးယူခံရသည့် ကုမ္ပဏီ(၃)ခုမှာ


(၁) Archipelago Seaman Club Co., Ltd

(၂) SJ Vita Myanmar Co., Ltd

(၃)M Plus Myanmar Co., Ltdတို့ဖြစ်ပြီး

လိုင်စင်(၆)လဆိုင််းငံ့ပြီး အရေးယူခံရသည့်လုပ်ငန်း(၂)ခုမှာ(၁) Sweet Yadanar Co., Ltd ၏ Money Changer License(၂)Ngwe Myinn Phyu Co., Ltd ၏ Money Changer License တို့ ဖြစ်သည်ဟု ဆိုသည်။

 

 ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရှောင်တခင်စစ်ဆေးမှုများအရ  နိုင်ငံခြားငွေရောင်း ဝယ်ရေးလိုင်စင်ရထားသူ(၄)ဦးသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုမလိုက်နာ၍လုပ်ငန်းလိုင်စင် (၃)လပိတ်ပြီး အရေးယူလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ခဲ့သည်။

 

လိုင်စင်(၃)လပိတ်ပြီး အရေးယူခံရသည့်လုပ်ငန်းများမှာ (၁) Thura Nay Tun (Fame money changer)(၂) Lead Star Money Changer (၃) Steber Group Money Changer (၄)  Asia Shwe Thee Money Changer တို့ဖြစ်သည်ဟု ဆိုသည်။

 

ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှဦး‌ဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊‌ စည်ပင်၊ ထွေအုပ်နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များမှ မတ်လ(၆)ရက်မှ(၈)ရက်အထိ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ကွင်းဆင်းစစ်ဆေးကာ အဆိုပါ လုပ်ငန်း (၄)ခုလုပ်ကိုင်နေသူများသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုလိုက်နာဆောင်ရွက်မှုမရှိသောကြောင့် ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ဈေးကွက်နှင့်နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ် စေရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေပါအချက်များဖြင့်ကြပ်မတ်ထိန်း‌ကျောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။

 

#Local_News #Money Changer #(၆)လဆိုင်းငံ့ကာထပ်မံအရေးယူ #tthl #Yangon_Times