‘နိုဝင်ဘာလ(၂၆)ရက်မှာ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်မှာဖြစ်ပြီး နိုဝင်ဘာလ(၂၇)ရက်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီ့လေဖိအားနည်းရပ်ဝန်းနဲ့မုန်တိုင်းငယ် အရှိန်သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ဆောင်းကာလမိုးရွာတာ၊မိုးသည်းထန်တာတွေဖြစ်ပေါ်နိုင်တယ်’
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးလှထွန်း
#Local_News
Published_ 23 November 2023
#မုန်တိုင်းငယ် #လေဖိအားနည်းရပ်ဝန်း #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု
#tthl #Yangon_Times
#Local_News
Published 23 November 2023
ယခုနှစ် ဧပြီလ ၁ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာသန်း ၃ ဒသမ ၁ ဘီလီယံခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။
ထိုသို့ကုန်သွယ်ရာတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၂၃၁ ဒသမ ၉၆၅ သန်း ပမာဏရှိသည့် ပို့ကုန်များ တင်ပို့ထားရှိပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ကန်ဒေါ်လာ ၁၀၂၁ ဒသမ ၇၈၈ သန်း ပမာဏရှိ ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းထားကြောင်း သိရသည်။
'ထိုင်းဘက်ကို ဒီဘက်ကလယ်ယာထွက်ကုန်တို့ CMPအထည်တို့ တင်ပို့တာများတယ်၊ ဒီလတွေထဲတော့ ပြောင်းတင်ပို့တဲ့ကာလမဟုတ်တော့ ကုန်သွယ်မှုလျော့ပါတယ်'ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းမှ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများသည် အဓိက ပို့ကုန်အမယ်များဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများစသည့် ကုန်များအား ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၅၃ ဒသမ ၇၅၃ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၉၉၃ သန်း ပမာဏခန့် လျော့ကျသွားကြောင်း သိရသည်။
#Local_News #ထိုင်းနယ်စပ်ကုန်သွယ်မှု #ဒေါ်လာ၃ဘီလီယံကျော်ရရှိ #YMG/ NN #Yangon_Times
#Local_News
Published_ 23 November 2023
မူဆယ်ကျင်စန်းကျော့ဂိတ်အနီး ပုဂ္ဂလိကကားဝင်းအတွင်း မီးလောင်နေကြောင်း မူဆယ်ဒေသတွင်းသတင်းများအရ သိရသည်။
ယနေ့နိုဝင်ဘာလ ၂၃ ရက်နံနက် ၉ နာရီမိနစ် ၂၀ ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် မီးငြှိမ်းသတ်နေရကြောင်း သိရသည်။
"ကျင်စန်းကျော့ဂိတ်နားမှာ ကားဝင်းကြီးနှစ်ခုရှိတယ်။ အဲဒီထဲက ပုဂ္ဂလိကပိုင် ကားဝင်းဆဲဗင်းဟွာဂျင်ကားဝင်းပေါ့။ ပုဂ္ဂလိကပိုင်တဲ့ ကားဝင်းထဲကိုလက်နက်ကြီးကျတာ။ အဲဒီမှာကတပ်မတော်စစ်ကြောင်းရှိတယ်လေ။ တပ်မတော်စစ်ကြောင်းကိုလာပစ်လို့ ကားတွေကိုထိတယ်လို့သိရတယ်"ဟု မူဆယ်ဒေသခံက ပြောသည်။
မီးလောင်မှုကြောင့် ကား ၁၀စီးကျော် မီးလောင်ခံနေရကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့များက ပူးပေါင်းငြှိမ်းသတ်နေရကြောင်း သိရသည်။
အဆိုပါ ကုန်တင်ကားများတွင် ပစ္စည်းများတင်ဆောင်ကာတရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားဖြစ်ကြောင်း သိရသည်။

#Local_News #မူဆယ် ကျင်စန်းကျော့ဂိတ် #ကားဝင်းအတွင်းမီးလောင် #Yangon _Times /PP
#Local_News
Published_ 23 November 2023
လိုင်စင်မရှိဘဲ တရားမဝင်ဂြိုဟ်တုဖုန်းအပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးသုံးပစ္စည်းများသုံးခြင်းနှင့် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုပေးနေသူများ၊ သုံးစွဲသူများ၊ လက်ဝယ်ထားရှိသူများကို ဆက်သွယ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများကို တရားမဝင်ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့်လည်း တရားမဝင်ရယူသုံးစွဲလျက်ရှိကြောင်း သတင်းအချက်အလက်များအရ သိရသည်ဟု ဆိုသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ(၅)နှင့်လှိုင်းနှုန်းစဉ်ရာဆိုင်နည်းဥပဒေ(၅၂/ဂ)တွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်ဌာနအဖွဲ့အစည်းများသည် ဆက်သွယ်ရေးလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လိုသည့်အခါနှင့် နိုင်ငံတကာဂြိုဟ်တု အော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူ (End User) များသို့ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလိုသည့်အခါ လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-ဂြိုဟ်တုဖုန်း)၊ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ၊ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ(ဥပမာ-MF/HF/VHF/UHFလှိုင်းနှုန်း သုံးဆက်သွယ်ရေး ပစ္စည်းများ)ကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရှိရန်လိုအပ်သည်ဟုဖော်ပြထားသည်။
သို့ဖြစ်၍ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့်တရားမဝင်ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊တပ်ဆင်အသုံးပြုခြင်း၊လက်ဝယ်ထားရှိခြင်းနှင့်အသုံးပြုခြင်းများမပြုလုပ်ရန် တားမြစ်ထားကြောင်းနှင့် တားမြစ်ချက်ကိုဖောက်ဖျက်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
#Local_News #လိုင်စင်မရှိဘဲဂြိုဟ်တုဖုန်းသုံးသူ #ဥပဒေအရအရေးမည် #tthl #Yangon_Times
#Local_News
Published 23 November 2023
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် ၁၁ ရပ်ကွက် ကံဘဲ့ဘူတာလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သိရသည်။
နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီ ၃၈ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၄၈ မိနှစ်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
''ကံဘဲ့ဘူတာဈေးလမ်း ထဲ လောင်တာဓါတ်ကြိုးပြုတ်ကျတာကနေ မီးလောင်မှုဖြစ်တာလို့ပြောတယ် ပျက်စီးဆုံးရှုံးမှုအနည်းငယ်တော့ရှိတယ်''ဟု ရန်ကင်းမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်းနှင့် ဆုံးရှုံးမှု တန်ဖိုးနှင့်မီးလောင်မှု ဖြစ်စဉ် အသေးစိတ်ကို သက်ဆိုင်ရာဌာနမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။



#Local_News #ရန်ကင်း #ကံဘဲ့ဘူတာဈေးလမ်း #မီးလောင်မှုဖြစ် #YMG/LW #Yangon Times
၂၂ နိုဝင်ဘာ ၂၀၂၃
နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား သက်ဆိုင်ရာနိုင်ငံများသို ပြန်လည် လွှဲပြောင်းပေးမှုများ ၊နယ်စပ် ဒေသ တွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ကောလာဟလဝါဒဖြန့် သတင်းတု၊ သတင်း အမှားများ ထုတ်လွှင့်နေမှုများ၊
၂၂-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများကို နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published_ 22 November 2023
၁။ ကယားမှတိုက်ပွဲရှောင်များအတွက် ညောင်ရွှေတွင်တိုက်ပွဲရှောင်စခန်း(၁၂)ခု ဖွင့်လှစ်ပေးထား၊ လူဦးရေ ၅၀၀၀ ကျော်ရောက်ရှိနေပြီဖြစ်
၂။ ကျင်သီတံတားကျိုးကျနေသည့်အတိုင်းဖြင့်သာ ကုန်စည်စီးဆင်းမှုအတွက် ဒေသခံများအဆင်ပြေသလိုဆောင်ရွက်နေရဟုဆို
၃။ ပြည်တွင်းစားဆန်လက်ကားဈေးနှုန်းများ ရည်ညွန်းဈေးနီးပါးကျဆင်းလာသော်လည်း လက်လီဆိုင်အချို့ကျဆင်းခြင်းမရှိသေး
၄။ လေထုအရည်အသွေးထိန်းသိမ်းရေးဆိုင်ရာအစည်းအဝေး ဖိလစ်ပိုင်မြို့တော်မနီလာတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
Page 1007 of 2280