#Local_News
Published_ 22 May 2023
မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၀၇၀၆၄ ခန့်မှန်းတန်ဖိုးရှိ ယာယီမိုးကာတဲများ၊ တာပေါ်လင်၊ Jerry Can၊ Shelter Repair Kit အပါအဝင် အခြားအရေးပေါ်သုံးပစ္စည်းများ ပါဝင်သောတန်ချိန် စုစုပေါင်း ၃၄ ဒသမ ၆၉ တန်ကျော် သယ်ဆောင်လာတဲ့ စင်ကာပူလေတပ်မှ C-130 နှစ်စင်းနှင့် B737-800F လေယာဉ်တို့သည် မေ ၂၁ ရက်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။
ပထမသုတ်အဖြစ် ရောက်ရှိလာတဲ့ အကူအညီပစ္စည်းများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိင်းမှုဗဟိုဌာန ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယန်မင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းထံ လွှဲပြောင်းပေးခဲ့ပါတယ်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများကို မိုခါမုန်တိုင်း ဒဏ်သင့်သူများထံသို ဆက်လက်ပေးပိုမှာဖြစ်ကြောင်း သိရပါတယ်။
အာဆီယံ၏ One ASEAN One Response မူအရ အာဆီယံနိုင်ငံများမှ ထောက်ပံ့ မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို အာဆီယံအရေးပေါ် ထောက်ပံ့မှုစီမံခန့်ခွဲမှုစနစ်၏ မလေးရှားနိုင်ငံ ဆူဘန်းမြိုနှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့တိုရှိ သိုလှောင်ရုံများမှ ပစ္စည်းများကို ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက် ကူညီသယ်ယူပိုဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့်သူများအတွက် အရေးပေါ်တုံပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”ကို လက်ကိုင်ထားပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှု၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီ၏ ကြီးကြပ်မှု၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းမှုတိုဖြင့် ဆောင်ရွက်လျက်ရှိပြီး အာဆီယံ၊ သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #မိုခါမုန်တိုင်းဒဏ်သင့်သူ #ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား #လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများ
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းတည်ဆောက်ရေးချဉ်းကပ်လမ်းဧရိယာမှာ လူနေအိမ်များနှင့်နီးကပ်စွာ တည်ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ငလျင်ဒဏ်ခံနိုင်ရေးကိုစနစ်တကျ တွက်ချက်၍အထူးအလေးထားဆောင်ရွက်ရန် မေလ ၂၁ ရက်က အဆိုပါ စီမံကိန်းသို့ သွားရောက်ရာတွင် နစက ဥက္ကဌက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ နှင့် ဒလမြို့တို့ကို ဆက်သွယ်ဖောက်လုပ်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ တံတား၏ အဓိကကျသည့် ရေလယ်တာဝါတိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှင်းလင်းတင်ပြပြီးနောက် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
နစက ဥက္ကဌက စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများအားလုံး အသင့်ရရှိအောင်ဆောင်ရွက်ရန်၊ တံတားတွဲဆက်ခြင်းလုပ်ငန်းများစနစ်တကျဖြစ်ရန်၊ယခုစီမံကိန်း ချဉ်းကပ်လမ်းဧရိယာသည် လူနေအိမ်များနှင့်နီးကပ်စွာ တည်ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ငလျင်ဒဏ်ခံနိုင်ရေးကိုစနစ်တကျ တွက်ချက်၍ အထူးအလေးထားဆောင်ရွက်ရန်၊ တံတားတည်ဆောက်မှုစီမံကိန်းကာလ ကြာမြင့်သည်နှင့်အမျှ လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေမည်ဖြစ်သဖြင့် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည် ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်းတစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား(Cable - Stayed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတား တည်ဆောက်ပြီးစီးပါကရန်ကုန်မြို့ မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့ နယ်များ၊ ဒေးဒရဲတံတားမှတဆင့်ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု များသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #ဒလတံတား #ဘေးအန္တရာယ်ကင်းရှင်းရေး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က ကူမင်းမြို Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်း ဧည့်ခံသော အလုပ်သဘေ နေ့လယ်စာစားပွဲသို့ တက်ရောက်စဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်၍ တရုတ်နိုင်ငံဈေးကွက်သို ပိုမိုတင်ပိုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပါတီအတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေငါးသိန်း (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
ယင်းနောက်ဝန်ကြီးသည် ကူမင်းမြို့၌ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက် ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးအတွက် GACC ၏ ခွင့်ပြုချက်ရရှိရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များ သာမက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင်သည့်အတွက် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချရေးတွင် အထောက်အကူဖြစ်စေပါတယ်။
ထို့ပြင် နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင်ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးနှင့်အဖွဲ့သည် မေ ၂၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ကျူကုတ် နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် ရွှေလီမြို့တွင် မြန်မာနိုင်ငံမှတင်ပို့သည့် ကျောက်စိမ်းများအား အချောထည်ပြုလုပ်၍တရုတ် နိုင်ငံတစ်ဝန်းသို Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေး စင်တာသို့သွားရောက်ကြည့်ရှုပြီး မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်များ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #မြန်မာ-တရုတ် #စီး/ကူးဝန်ကြီး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ပြီးစီးပါက ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မေလ ၂၁ ရက်က အဆိုပါသန်လျင်တံတားအမှတ်-၃ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းတွင် အသုံးပြုသည့် သံနှင့် သံမဏိပစ္စည်းများ ဆားငန်ရေဒဏ်ခံနိုင်စေရေးနှင့်စံချိန်စံညွှန်းကိုက်ညီစေရေး စနစ်တကျဆောင်ရွက်ရန်၊စီမံကိန်းအပိုင်းအလိုက် ဆောင်ရွက်၍ရသည့်လုပ်ငန်းများကို ကြိုတင်ပြီးစီးအောင် ဆောင်ရွက်ပြီး စီမံကိန်းတစ်ခုလုံး သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လည်း ပြောသည်။
ယင်းအပြင် ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းတစ်ခုလုံး ပြီးစီးပါက သံလွင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုကာ ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/pl #Local_News #သန်လျင်တံတားအမှတ်-၃ #ဘားအံ-မြဝတီ
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
မန္တလေးနှင့်စစ်ကိုင်းမြို့များအတွင်း လုပ်ကြံခဲ့ကြသည့် Royal PhoenixGuerilla Force-RPGF အဖွဲ့ဝင်များကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်ဧပြီလ ၆ ရက် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ “တော်ဝင်ဦး”တည်းခိုခန်း၊ အခန်းအမှတ်(၂၀၅)၌ Royal Phoenix Guerilla Force-RPGF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး အားဖမ်းဆီးရမိခဲ့ရာ ယင်း၏ထွက်ဆိုချက်အရ မေလ ၁၈ ရက် နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၆ လမ်းနှင့် ၁၀၇(အေ)လမ်းကြား၌ RPGF ခေါင်းဆောင်စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် ၊ အဖွဲ့ဝင်များဖြစ်သည့် ဇော်ထက်နှင့် ဟိန်းထက်တိုကို အမရပူရမြို့နယ်၊ ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင်တို့ကို အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဖမ်းခံရသော စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၃(အေ)လမ်း၊ ၁၂၀ လမ်းနှင့် ၁၂၁ လမ်းကြား၌ ဝင်းမာ အားကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးဖြင့် လည်းကောင်း၊ RPGF အဖွဲ့ဝင်သူရစိုး(ခ)ကျောက်ရုပ်အား ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာတွင် လည်းကောင်းထပ်မံဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
အလားတူစောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်နှင့်အောင်ထွန်းမင်း (ခ)အော်တို တို့၏ ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် RPGF အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသူများဖြစ်သည့် ခိုင်ခိုင်အောင် အား ချမ်းအေးသာဇံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂချောင်းလမ်းတွင်လည်းကောင်း၊ ရန်နောင်ဖြိုး အား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ တိုက်အမှတ်(၁၉)၊ အခန်းအမှတ် (၁၉)တွင် လည်းကောင်း၊ သူဇာဝေနှင့် အောင်ရဲကျော်တို့အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်း အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရယင်းတို့သည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ KIA တပ်မဟာ(၄)စခန်း၌ သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် CRPHINUG မှ ပြုလုပ်သည့် ZOOM Meeting များတွင်တက်ရောက်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း လုပ်ကြံရန် RPGFအမည်ခံအကြမ်းဖက်အဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲစည်းခဲ့ကြောင်း သိရသည်။
ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင်စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ“နှင်းရွှေရည်”လက်ဖက်ရည်ဆိုင်၌ အရပ်သား ဦးကျော်စိုးကိုလည်းကောင်း ၊ ဧပြီလ ၂၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် သွားရောက်စဉ် နေအိမ်၌ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏သားဖြစ်သူ ဦးစန်းယုမောင်ကိုလည်းကောင်း ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ RPGF အနေဖြင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း မိုင်းထောင်ဖောက်ခွဲမှု ၉ ကြိမ်ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ လျှို့ဝှက်သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ဆုငွေများကို ထိုက်ထိုက်တန်တန် လျှို့ဝှက်၍ ချီးမြှင့်ပေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/pl #Local_News #မန္တလေးနှင့်စစ်ကိုင်းမြို့ #Royal_PhoenixGuerilla_Force-RPGF
#ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၇ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကိုဘတ်၂၃သိန်း၂သောင်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း #ရည်ညွှန်းဈေး
#YMG #Yangon_Media_Group
Page 942 of 1899