#Local_News
Published_ 24 May 2023
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဘေးသင့်ကျေးရွာအချို့မှာ ပင်လယ်ရေကြောင့် ရေတွင်းရေကန်နဲ့အိမ်သာတွေပျက်စီးသွားခဲ့ပြီး ဒါတွေကိုအမြန်ဆုံးပြန်တည် ဆောက်ပေးဖို့လိုအပ်နေတယ်လို့ ရွှေလောင်းလှေဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Local_News #ရေတွင်းရေကန်နှင့်အိမ်သာများအားလုံးပျက်စီး #မုန်တိုင်းဘေးသင့်ဒေသအချို့
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၆ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကို ၂၃သိန်း၃သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး ၁၉၇၄ ဒေါ်လာပေါက်ဈေးရှိ #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၃ ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၁၀၃၆၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၀၄ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ်(၁၀၄)ဦးထပ်တွေ့
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
အခု၂၀၂၃ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်းမှာ ပြည်တွင်းသင်ရိုးနဲ့သင်ကြားပေးတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ(၂၀၀)ကျော် မှတ်ပုံတင်ရရှိပြီးဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်ထံမှ သိရပါတယ်၊၊
#Local_News #ကိုယ်ပိုင်ကျောင်းများနှစ်ဆတိုး #ကျောင်းအပ်နှံသူလည်းနှစ်ဆတိုးလာ
#YMG #Yangon_Media_Group
#Daily_News
Published_ 24 May 2023
၁။ ရန်ကုန်တွင်ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှစ်ဆတိုး၊ ကျောင်းအပ်နှံသူလည်းနှစ်ဆတိုးလာဟုဆို
၂။ ကိုဗစ်လူနာသစ် (၁၀၄) ဦး ထပ်တွေ့ရှိ ပြီး ရာခိုင်နှုန်းဖြင့် ၁ရာခိုင်နှုန်းရှိနေ
၃။ ကမ္ဘာ့ရွှေစျေး ၁၉၇၄ ဒေါ်လာပေါက်စျေးရှိနေပြီး ရန်ကုန်ရွှေအသင်းရည်ညွှန်းစျေး ၂၃သိန်း ၃ သောင်းကျော်သတ်မှတ်
၄။ မိုးခေါင်ရေရှားမှု ဒဏ်ခံနေရသည့် အီရတ်တွင် ရိုးရာလှေလှော်ခြင်းအမွေအနှစ်အား ခက်ခက်ခဲခဲထိန်းသိမ်းနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 24 May 2023
ယခုတစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထားနှစ်ရာကျပ်ဝန်းကျင်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေးအကျဘက်ရှိ
#YMG #Yangon_Media_Group
#Local_News
Published-24 May 2023
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်နှင့်မုန်တိုင်း၏ ဆက်စပ်အရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင်တိုင်းဒေသကြီး ၄ခုတွင် စိုက်ပျိုးသီးနှံဧက(၆၂၀၀၀) ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတိုတွင် စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံ စုစုပေါင်း (၆၂,၈၃၆)ဧက ပျက်စီးခဲ့ကြောင်း နစက ကသတင်းထုတ်ပြန်ထားသည်။
အဆိုပါပျက်စီးသွားသည့် စိုက်ပျိုးသီးနှများမှာ ရခိုင်ပြည်နယ်မှ ငှက်ပျော (၆၀၅)ဧက၊ ကွမ်းသီးပင်(၁၃၄၅)ဧက၊ ကွမ်းရွက်ပင်(၅၈)ဧက၊ ဓနိပင် (၂၃၁)ဧက၊ ကြက်ပေါင်ဆီ(၅)ဧကနှင့် သစ်သီးဥရှည်(၁၇၀၉)ဧက၊ မကွေးတိုင်းဒေသကြီးမှာ နွေ စပါး (၁၀၉)ဧက၊ နွေနှမ်း (၄၉၅၆၉)ဧက၊ ဆောင်းနေကြာ(၈)ဧက၊ မိုးနေကြာ(၂၂)ဧကနှင့် မိုးပဲတီစိမ်း (၆၇၆၆)ဧက၊ မန္တလေးတိုင်းဒေသကြီးမှာ နွေနှမ်းဧက(၃၅၀)နှင့် မိုးပဲတီစိမ်း(၁၇)ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ နွေနှမ်း(၉၀၂)ဧကနှင့် မိုးပဲတီစိမ်း(၁၀၆၅)ဧက၊ ဧရာဝတီတိုင်းဒေသကြီးမှာ ငှက်ပျော(၇၅)ဧကတိုဖြစ်ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#ymg/pl #Local_News #စိုက်ပျိုးသီးနှံ (၆၂၀၀၀)ကျော်ဧကပျက်စီး
#YMG #Yangon-Media-Group
Page 937 of 1900