#Local_News
Published_ 25 May 2023
အခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ မေလ ၁၂ ရက်အထိ ပြည်ပကို ရေထွက်ပို့ကုန်အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးသာ တင်ပို့ထားနိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News #ရေထွက်ကုန်ကန်ဒေါ်လာသန်း၄၀ဖိုးတင်ပို့
#YMG #Yangon_Media_Group
#Daily_News
Published_ 25 May 2023
၁။ အခုဘဏ္ဍာနှစ်စမှာ ပြည်ပကို ရေထွက်ကုန် ကန်ဒေါ်လာ သန်း ၄၀ ဖိုးတင်ပို့ထားနိုင်
၂။ ရွှေတိဂုံစေတီတော်တွင် နယုန်လပြည့်၌ ငြိမ်းချမ်းရေးခေါင်းလောင်းများတစ်ပြိုက်နက် တီးခတ်ပူဇော်မည်
၃။ EV Busနှင့်ပတ်သက်ပြီး YRTC နှင့် Electronic Bus ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီသုံးခု ဆွေးနွေးနေ
၄။ အင်ကာခေတ်မတိုင်မီယဉ်ကျေးမှုခေါင်းဆောင်၏ အုတ်ဂူအား ပီရူးမြောက်ပိုင်းတွင် ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 25 May 2023
လာမယ့် မေလ(၂၈)ရက်ကနေ(၃၀)ရက်အတွင်း တနင်္သာရီ၊ ရန်ကုန်၊ နေပြည်တော် အပါအဝင် ဒေသအချို့မှာ မိုးသည်းထန်တာ၊ မိုးသက်လေပြင်းတွေတိုက်ခတ်တာ တွေ့ကြုံတွေ့နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ(၂၅)ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #တိုင်ဖွန်းမုန်တိုင်း'မဝါ' #မိုးကြီးခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်းများကြုံနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၆) ဒေသအခေါ် (S) ကွေ့ အနီးတွင် မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက လူငယ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊မြစ်ကြီးနား) မှ သိရသည်။
အဆိုဖြစ်စဥ်နှင့်ပတ်သက်ပြီး ရပ်ကွက်အတွင်းတာ၀န်ရှိပြည်သူများက သတင်းပေးမူကြောင့် သွားရောက်ကူညီပေးခဲ့ကြောင်းအဆိုပါအသင်းမှာသိရသည်။ပတ်၀န်းကျင်ပြည်သူများပြောဆိုချက်အရ အမျိုးသားငယ်သုံးဦး ဆိုင်ကယ်များဖြင့်စကားပြောဆိုရာမှ နှစ်ဦးမှာအသင့်ပါလာသည့် သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊မြစ်ကြီးနား)မှ တာ၀န်ခံတစ်ဦးဆိုသည်။
အဆိုပါသေဆုံးသူ လူငယ်အမျိုးသား၏ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည််။
#ymg/ynzw
#Yangon-Media-Group
Published 25 May 2023.
ဘင်္ဂလီဒုက္ခသည်တစ်သန်းခန့်ထဲက ၁၂၀၀ ဦးခန့်ကို ပြန်လည်လက်ခံဖို့အတွက် ရှေ့ပြေးအစီအစဉ်တစ်ခုရဲ့ လုပ်ငန်းအစိတ် အပိုင်းတစ်ခုအဖြစ် မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ မေလ ၂၅ ရက် ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတယ်လို့ အေအက်ဖ်ပီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်
လာမယ့်ရက်သတ္တပတ်များမှာ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့ဟာ လူ ၁၁၀၀ခန့်ကို မြန်မာနိုင်ငံကပြန်လည်လက်ခံဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ အရာရှိ ၁၄ဦးပါဝင်တဲ့အဖွဲ့ဟာ ယနေ့ကြာသပတေးနေ့မနက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ တက်ခ်နက်ဖ် Teknaf ကို စက်လှေဖြင့် ရောက်ရှိလာတယ်ပြီး မည်သည့်မှတ်ချက်မျှပြောဆိုသွားခြင်းမရှိဘူးလို့ အဲဒီနေရာ ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကပြန်လည်လက်ခံမယ်လို့ သတ်မှတ်ထားတဲ့ ဘင်္ဂလီတွေနှင့် တွေ့ဆုံ စကားပြောဆိုမှာဖြစ်ပြီး ယခုခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ဒုတိယကော်မရှင်နာ ရှမ်အပ် ဒိုဇာက ပြောပါတယ်။
ဘင်္ဂလီ ၂၀ဦးဟာ ဒီလထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြန်လည်နေရာချထားရေးစခန်း(၂)ခုကို သွားရောက်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ပြန်ဖို့ရှိတဲ့ အမည်မဖော်လိုတဲ့ ဘင်္ဂလီတစ်ဦးတော့ “ သူတို့အနေနှင့် နိုင်ငံသားမဟုတ်ဘဲ IDP စခန်းတွေမှာ နေထိုင်ရာမှာ နေထိုင်ရမှာမို့ မြန်မာပြည်မပြန်ချင်ဘူးလို့ အေအက်ဖ်ပီကိုပြောကြားကြောင်းလည်း အေအက်ဖ်ပီ ကရေးသားပါတယ်။
Source: AFP
#ဘင်္ဂလီ_ရခိုင်ပြည်နယ်
#ဘင်္ဂလားဒေ့ရှ်_ဘင်္ဂလီဒုက္ခသည်စခန်း
#YangonMediaGroup
#Local_News
Published_ 25 May 2023
တိုက်ကြီးမြို့က အလှမွေးငါးအများအပြား သေဆုံးခဲ့တဲ့ ရေကန်က ငါးနမူနာကို မြို့နယ်အစီအစဉ်နဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ ရောဂါရှာဖွေရေးဌာနစုကို ပေးပို့ စစ်ဆေးခဲ့ရာမှာ ရောဂါ/အဆိပ်ကြောင့် မဟုတ်ဘဲ ရေမလှယ်၍ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်ကြောင်း အဖြေရရှိခဲ့ကြောင်း သိရသည်။
မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်မှာ အဆိပ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ ငါးတွေရဲ့ ငါးနမူနာနဲ့ ရေနမူနာ အရည်အသွေးကို သက်ဆိုင်ရာဌာနတွေဆီ ပေးပို့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရေနမူနာ အရည်အသွေးကိုတော့ ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစုကို ပေးပို့ စစ်ဆေးခဲ့တာဖြစ်ပြီး ရေထဲမှာ အောက်ဆီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းပေမယ့် ငါးတွေ သေဆုံးနိုင်တဲ့အထိ အခြေအနေမျိုး မဟုတ်ဘူးလို့ သိရပေမယ့် ငါးနမူနာကို စစ်ဆေးရာမှာတော့ ရေမလှယ်နိုင်ဘဲရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်တယ်လို့ အဖြေရရှိခဲ့ကြောင်းသိရသည်။
“အဓိကက ရေထုကြမ်းပြင်ကအပင်နဲ့ ပိုးမွှားတွေရဲ့ ညဘက်အောက်စီဂျင်စုတ်ယူမှုကြောင့် ပျော်ဝင်အောက်ဆီဂျင် ကျဆင်းတာလို့ သိရပါတယ်။ အောက်ဆီဂျင်ကျတဲ့ တခြားအကြောင်းတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။ ပျော်ဝင်အောက်ဆီဂျင် ကျဆင်းတဲ့အခါ ငါးတွေ အုပ်စုလိုက်သေနိုင်တယ်၊ မျက်လုံးပြူးမယ်၊ မသေခင် ရေအရောင်ပြောင်းတတ်တယ်လို့ သိရပါတယ်”လို့ တိုက်ကြီးမြို့၊ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မေ ၂၂ ရက် မနက်ခင်းအချိန် ငါးစာကျွေးရာမှာ ငါးတွေ ရေပေါ်တက်မလာတဲ့အတွက် ကန်တွင်းဆင်းကြည့်ခဲ့ရာကနေ ငါးတွေသေဆုံးနေတာဖြစ်ကြောင်းသိရသည်။
“ငါးရာဇဝင်ပြောရရင် ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ စတင်မွေးခဲ့ကြတာပါ။ အကောင်သေးစဥ်တုန်းက ဗျိုင်းဆွဲ၊ တခြားငါးကြီးတွေဆွဲနဲ့ (၃) နှစ်သက်တမ်းမှာ ကောင်ရေ ငါးသောင်းနီးပါးရှိခဲ့ပါတယ်။ ငါးစာတစ်မျိုးတည်း ကျွေးတာပါ။ ပေါင်မုန့်တောင် ကျွေးခွင့်ပိတ်ထားတာပါ။ ငါးစာကျွေးရင် ကျွေးသလောက်စားတယ်။ ၂၀ ပိသာဝင် (၃) အိတ်အထိ ကျွေးလို့ရတယ်။ (၅) အိတ်လောက်ဆို ဗိုက်ကားပြီး သေကြတာလည်းရှိတာမို့ ပိုမကျွေးပါဘူး။ မနှစ်ကဒီအချိန် ကောင်ရေ (၃၀၀) ကျော် သေလို့ ဒီနှစ်တော့ အဖြစ်မခံဘဲ မီးသတ်ကားတွေ ရေဖြည့်ပြီးတိုင်း စက်ရေတွင်းနဲ့ ရေပြန်ဖြည့်ပေးပြီး ရေ level ထိမ်းခဲ့ပါတယ်။ ဒီလိုဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာကလည်း မီးသတ်ကန်မို့ အရေးအကြောင်း ရေမပေးနိုင်ရင် အပြောခံရမှာမို့ သက်တမ်း (၇) နှစ်မှာ တစ်ခါမှ ရေမလှယ်ပေးနိုင်ခဲ့ပါဘူး။ တကယ်တော့ ငါးပညာပိုင်း လုံးဝလုံးဝကို မရှိတာပါ။ ဒီလိုဖြစ်အောင် ဘာလို့မွေးတာလဲဆိုပြီး ငါးဆရာကြီးတွေ လာလာမေးကြတယ်။ကျွန်တော်တို့ ဘာပြောရမလဲ၊ မပြောနိုင်ခဲ့ပါဘူး။ ထိန်းသိမ်းစောင့်ရှောက်သူ ကျွန်တော်တို့တွေ အသိပညာ အင်မတန်နည်းတာမို့ ဒီလိုဖြစ်သွားတာပါ။ ကျွန်တော်တို့ အားနည်းချက်ကြောင့် ဖြစ်ရပြီး ထုံးစံအတိုင်း ရမ်းသမ်းစွပ်ဆိုမှုတွေဖြစ်ရတာမို့ အားလုံးကိုလည်း တောင်းပန်ပါတယ်”လို့ ဒေသခံ ရေကန်ထိန်းသိမ်း စောင့်ရှောက်သူက ပြောသည်။
နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်အတွင်းက ငါးအများအပြား သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ငါးတွေ များပြားလွန်းတာကြောင့် မြို့နယ်သုဿန်အတွင်း မြေမြုပ်နေရာမှာ မြို့နယ်စည်ပင် အကူအညီနဲ့ မြေမြုပ်ခဲ့ရကြောင်း သိရသည်။
#ymg/ppk #Local_News #အလှမွေးငါးတွေသေဆုံးမှု ရောဂါ/အဆိပ်ကြောင့်မဟုတ်
#YMG #Yangon-Media-Group
#Local_News
Published-25 May 2023
မုဒုံမြို့ မြို့အဝင်စိုက်ပျိုးရေးခြံရှေ့၌တွင် မေလ၂၅ ရက်(ယနေ့) နေ့လယ်ကကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက် မိ၍ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း မုဒုံမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိရသည်။
မေလ၂၅ရက်နေ့လယ်၁၂ နာရီချိန်ခန့်တွင် ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက် မိ၍ ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားမှာ နဖူးကွဲ၊ နှာခေါင်းသွေးထွက်၊ မေးစေးကွဲ၊ ဘယ်ခြေကျိုး၊ ညာခြေအဆစ်လွဲသွားကြောင်း၊ ကားပေါ်တွင်ပါလာသူအသက် ၆၅နှစ်အရွယ် အမျိုးသမီးမှာလည်း မှန်ကွဲစထိမှန်ဒဏ်ရာနှင့် ညာလက်ဖမိုးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း သိရသည်။
"ဆိုင်ကယ်မောင်းသူအမျိုးသားက ဒဏ်ရာပြင်းထန်ပါတယ်။ကားပေါ်မှာပါလာတဲ့အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်"ဟု အသင်းကသိရသည်။
.
မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဆက်သွယ်အကြောင်းကြားသဖြင့် အဖွဲ့မှ ချက်ချင်းသွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်မောင်းသူအမျိုးသားကို ရှေ့ဦးပြုစု၍ အရိုးကျိုးကြပ်စည်းပေးကာ မော်လမြိုင်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကားပေါ်၌ ပါရှိသူ အမျိုးသမီးကို မုဒုံဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/pl #Local_News ##ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်
#YMG #Yangon-Media-Group
Page 935 of 1900