#Local_News
Published_ 24 May 2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ ညောင်လေးပင်-မဒေါက်ကားလမ်းဘေး၊ ကမ္မဌာန်းဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်ပေါ်သို့ မေလ ၂၃ရက်နေ့ ညနေ ၆ နာရီကျော်ကခန့်က ကုက္ကိုပင်လဲကျသဖြင့် ဆရာလေးတစ်ပါးနှင့် လူသုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ဆရာလေးတစ်ပါးနှင့် လူသုံးဦးအနက် ကျောင်းဆောင်အတွင်းတွင် နေထိုင်သော ဆရာလေးတစ်ပါး၊ ကျား(၂)ဦး ၊မ(၁)ဦးအနက် ဆရာလေးတစ်ပါးမှာ ထိခိုက်ဒဏ်ရာရ(ဦးခေါင်းပေါက်)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)၊ မ(၁)ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ထုတ်ပြန်ထားသည်။
ထိခိုက်ဒဏ်ရရှိသူများနှင့် သေဆုံးသူများအား စေတနာလူမှုကူညီရေး အသင်းယာဉ်ဖြင့် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/ynzw #Local_News #ဘုန်းကြီးကျောင်း #ကျောင်းဆောင်ပေါ်ကုက္ကိုပင်လဲကျ
#YMG #Yangon-Media-Group
#Local_News
Published _ 24 May 2023
(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါး တို့အား အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကို မေ ၂၃ တွင် ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်၍ တိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက် မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် သုတ္တန္တပိဋက ဒီဃနိကာယ်ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည်အရှင်မြတ် ၃ ပါး၊ ဝိနယပိဋက ဝိနည်းတစ်ပုံရေးဖြေအောင် ဝိနယ ကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဉဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ အဘိဓမ္မဝိဋက အဘိဓမ္မာ (ပထမပိုင်း)ငါးကျမ်းအာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၄ ပါး၊ သုတ္တန္တပိဋက ဒီဃနိကာယ်အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၈ ပါး၊ ဝိနယပိဋက ဝိနည်း(ဒုတိယပိုင်း) အာဂုံအောင် ဝိနယဓရဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၃၇ ပါး၊ ဝိနယပိဋကဝိနည်း(ပထမပိုင်း) အာဂုံအောင် ဉဘတော ဝိဘဂံဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၈၅ ပါး ၊ စုစုပေါင်း ၁၅၂ ပါး အောင်မြင်တော်မူခဲ့ပါတယ်။
ယခုကျင်းပပြီးစီးခဲ့သည့် (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၅) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၅)ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့အာဇာနည်အရှင်သူမြတ်(၇)ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို ဆက် လက်သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ymg_mnn #Local_News #တိပိဋကဓရတိပိဋကကောဝိဒစာအောင် #အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များဆက်ကပ်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
လာမယ့်ဇွန်လ(၂၇)ရက်နေ့ဟာ 'မြန်မာနိုင်ငံဂီတနေ့' ဖြစ်ပြီး 'မြန်မာနိုင်ငံဂီတနေ့'အခမ်းအနားနဲ့ဂုဏ်ပြုဂီတဖျော်ဖြေရေး အစီအစဉ်တွေကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #'မြန်မာနိုင်ငံဂီတနေ့' #ဂုဏ်ပြုဂီတဖျော်ဖြေပွဲပြုလုပ်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ တစ်အောင်စကို ဒေါ် ၂၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပေမယ့် လက်ရှိမေလ အလယ်လောက်ကစပြီး ၂၀၀၀ အောက်ကိုပြန်လည်ကျဆင်းနေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေးစံချိန်တင်မြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ယနေ့ မေလ (၂၃) ရက်မှ စတင်ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာ KG မှ Grade-11အထိ အတန်းများရဲ့ကျောင်းအပ် လက်ခံနေပြီလို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
#Local_News #အခြေခံပညာအတန်း #ကျောင်းအပ်လက်ခံနေပြီ
#YMG #Yangon_Media_Group
#Local_News
Published_ 23 May 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီး သွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေတယ်လို့ ဖူးကြီးကျေးရွာဒေသခံတွေထံမှ သိရပါတယ်၊၊
#Local_News #ဖူးကြီးသောက်သုံးရေလှောင်ကန် #အပန်းဖြေရေဆင်းကူးသူများရှိနေ
#YMG #Yangon_Media_Group
#Daily_News
Published_ 23 May 2023
၁။ ဖူးကြီးသောက်သုံးရေလှောင်ကန်ကို ဖူးကြီးချောင်းသာဆိုပြီးသွားရောက်အပန်းဖြေရေဆင်းကူးသူများရှိနေ
၂။ ယနေ့မေလ (၂၃) ရက်နေ့တွင် စတင်ကာအခြေခံပညာအတန်းတွေ ကျောင်းအပ်လက်ခံနေပြီ
၃။ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်နေရာက ပြန်ကျဆင်းနေပေမယ့် ပြင်ပရွှေပေါက် သိန်း၃၀ အထက်သို့ ဆက်လက်မြင့်တက်နေ
၄။ တရုတ်တွင် မွေးဖွားသည့် ဘင်္ဂလားကျားပေါက်(၅)ကောင် တစ်လသားပြည့်သည့်အချိန်၌ လူအများထံပြသသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 939 of 1900