#Lcoal_News
Published 27 April 2024
▪️ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၈/၀)နှင့် (၈၈/၁)ကြားတွင် Canter (၆)ဘီးယာဉ်၊ Light truck ယာဉ် နှင့် ၂၂ဘီးယာဉ်တို့ သုံးစီးဆင့်တိုက်မှုကြောင့် ၃ဦးေ-သဆုံးကာ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ဧပြီ ၂၆ရက် မွန်းတည့် ၁၂နာရီ ၅၀မိနစ်က Canter (၆)ဘီးယာဉ်နှင့် Light truck ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး Light truck ယာဉ်နောက်မှ ကပ်ပါလာသော Hino(၂၂)ဘီး ဘိလပ်မြေသယ်ယာဉ်သည်ရှေ့မှ Light truck ယာဉ်အား တိုက်မိကာ ဆက်လက်ပြီး လမ်းဘေးနေအိမ်သို့ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ယာဥ်တိုက်မှုကြောင့် Canter (၆)ဘီးယာဉ်ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသား(၂)ဦး(သေဆုံး)နှင့် အမျိုးသမီး(၁)ဦး(သေဆုံး)ကာ Light Truckယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ၊ Hino(၂၂) ဘီး ဘိလပ်မြေသယ်ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ယာဉ်တိုက်မှုဖြစ်ရာနေရာသို့ ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကြောင့် ေ-သဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေဇာမြေလူမှုကူညီရေးအသင်း၊ ရွှေရဲနွယ်လူမှုကူညီရေးအသင်းယာဉ်များဖြင့် ပြွန်တန်ဆာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/LW #Yangon_Times
#Local_News
Published_ 27 April 2024
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ နည်းပညာနှင့် ရန်ပုံငွေအကူအညီဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုမြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ဧပြီလ (၂၃) ရက်နေ့ကတရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဌ Mr. ZHANG Xiaobin နှင့် အဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်တို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျှက်ရှိသော လူမှုကရုဏာလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး နှစ်နိုင်ငံကြက်ခြေနီအသင်းများ ပူးပေါင်းဆောင်ရွက်မည့် “ကျောင်းအခြေပြု ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြှင့်ခြင်း” အစီအစဉ်အတွက် လုပ်ငန်းစီမံချက်များ၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ရှေးဦးပြုစုခြင်းသင်တန်းများဖွင့်လှစ်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ နည်းပညာနှင့် ရန်ပုံငွေအကူအညီဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။
▪️ အဆိုပါ တွေ့ဆုံပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်/ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့်အတူ Deputy Supervisor of the RCSC Ms. SONG Yi နှင့် အဖွဲ့ဝင် Mr. HAI Liman၊ Mr. YIN Zheng နှင့် Ms. CHENG Xiaoqing တို့လည်း တက်ရောက်ခဲ့သည်။
▪️ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဌနှင့်အဖွဲ့သည် အသင်းရန်ကုန်ရုံးခွဲအတွင်း ကြည့်ရှုလေ့လာခဲ့ပြီး Central Hotel တွင် ဖွင့်လှစ်လျှက်ရှိသော “မူကြိုကျောင်းများမှ ဆရာ၊ ဆရာမများအတွက်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း” သို့သွားရောက် ကြည့်ရှုလေ့လာခဲ့ပြီး
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဌနှင့်အဖွဲသည် ဧပြီလ (၂၄) ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကြက်ခြေနီ အသင်းခွဲသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဌေးနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား တွေ့ဆုံခဲ့သည်။
▪️ ထို့နောက် ဒဂုံမြိုသစ်(မြောက်ပိုင်း) မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်၍ နေ့လည်ပိုင်းတွင် နိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိသော မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများနှင့် အသင်းရန်ကုန်ရုံးခွဲ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
▪️ ဧပြီလ (၂၅) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ကူညီဆောင်ရွက်လျှက်ရှိသော ကြက်ခြေနီအခမဲ့ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။



#tthl #Yangon_Times
#Local_News
Published_27 April 2024
▪️ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ နဝမတန်း လူရည်ချွန် ၁၄၀ ဦး၊ ဒသမတန်းလူရည်ချွန် ၁၄၀ ဦး၊ ဧကာဒသမတန်းလူရည်ချွန် ၁၃၇ ဦးအပြင် ဒွါဒသမတန်း ၁၃၇ ဦး၊ စုစုပေါင်း ၅၅၄ ဦး ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း နစက ဥက္ကဌက ပြောသည်။
▪️ ဧပြီလ ၂၆ ရက်ကနေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ (MICC-II)၌ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
▪️ ယခုပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်အရ အခြေခံပညာ၏ နောက်ဆုံးအတန်းဖြစ်သည့် ဒွါဒသမတန်းကို ဖွင့်လှစ်ခဲ့သည့်အတွက် လူရည်ချွန်ရွေးချယ်သည့်အခါ ဒွါဒသမတန်းကိုပါ ရွေးချယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
▪️ လူရည်ချွန် ကျောင်းသားကျောင်းသူများကို ရွေးချယ်သည့်အခါ စာပေဘာသာရပ်များကိုသာ စစ်ဆေးအကဲဖြတ်ရုံတစ်ခုတည်းမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တ ပိုင်းဆိုင်ရာကောင်းမွန်မှုကိုပါ စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
▪️ ယခုနှစ် လူရည်ချွန်မောင်မယ်များကို ယခင်နှစ်များအတိုင်း နဝမတန်း လူရည်ချွန်များအား ရှေးဟောင်းအမွေအနှစ်ဒေသ ပုဂံမြို့၊ ဒသမတန်း လူရည်ချွန်များကို ရှမ်းပြည်နယ်တောင်ပေါ်ဒေသ တောင်ကြီးမြို့၊ ဧကာဒသမတန်းလူရည်ချွန်များအား ဧရာဝတီတိုင်းဒေသကြီး၊ ပင်လယ်ကမ်းခြေငွေဆောင်မြို့သို့ စေလွှတ်သကဲ့သို့ ဒွါဒသမတန်း လူရည်ချွန်များကိုလည်း ပင်လယ်ကမ်းခြေ ချောင်းသာလူရည်ချွန်စခန်း အသီးသီးကို လေ့လာရေးခရီးစဉ်စေလွှတ်သွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။
▪️ ယင်းသို့စေလွှတ်ရန် စီစဉ်ရခြင်းမှာ လူရည်ချွန်မောင်မယ်များအချင်းချင်း ချစ်ခင်ရင်းနှီး မှုရရှိခြင်း၊ အသိပညာဗဟုသုတများ ဖလှယ်နိုင်ခြင်းအပြင် လူရည်ချွန်စခန်းအခြေစိုက်ရာဒေသများ၏ ဒေသန္တရဗဟုသုတများရရှိခြင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့များ သိရှိနားလည်ပြီး မိမိနိုင်ငံနှင့်လူမျိုးအားချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ကိန်းအောင်းရှင်သန်လာစေရန်ဖြစ်ကြောင်း သိရသည်။







#Yangon_Times/PP
#Daily_News
Published_ 26 April 2024
၁။ ၂၀၂၅အတွက် ဂျပန်အစိုးရမှပေးမည့် ပညာသင်ဆုများ မြန်မာလူငယ်များလျှောက်ထားနိုင်
၂။ ၂၀၂၃-၂၀၂၄ ကြံကြိတ်ခွဲရာသီ ၉၀ရာခိုင်နှုန်းခန့်ပြီးစီး
၃။ ပြည်ပတင်ပို့မှုနှင့် ကုန်အဝင်နည်းလာခြင်းကြောင့် ဂျင်းတစ်ပိဿာကျပ်တစ်သောင်းဝန်းကျင်သို့ ဈေးမြင့်တက်လာ
၄။ ကမ္ဘာ့စီစဉ်ထားသိုမှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍအကြောင်း ကျွမ်းကျင်သူများဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၆ ဧပြီ ၂၀၂၄
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် တပ်မတော်က တိုက်ခိုက်ချေမှုန်းရေး၊ မိုင်းရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေကြောင်း ဓမ္မသတ်ကျေးရွာကိုဧပြီလ ၂၂ ရက်တွင်လည်းကောင်း၊ ကော့ဘိန်း ကျေးရွာကို ဧပြီလ ၂၅ ရက်တွင်လည်းကောင်းပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တပ်မတော်က တိုက်ခိုက်ချေမှုန်းရေး၊ မိုင်းရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှစ၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မ ရောမြို့နယ်၊ ဓမ္မသတ် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် အကြမ်းဖက်အ ဖျက် အမှောင့် လုပ်ရပ်များကို ကျူးလွန်လာခဲ့သည့် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲ ထွက်အဖွဲ့)နှင့် PDF များကအင်အား အလွန်အကျွံ အသုံး ပြုလျက် ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လည်းသိရပါတယ်။
အဲဒါကြောင့် ကြောင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော်လည်း မတ်လ ၂၅ ရက်တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ် ကျေးရွာမှ လည်းကောင်း၊ အသီးသီးခေတ္တခွာခဲ့ရပြီး တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့ကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်၊
ထို့နောက် ဧပြီလ ၁၁ ရက်မှစတင်၍ တပ်မတော်စစ်ကြောင်း များက အကြမ်းဖက်ချေမှုန်းရေးစစ် ဆင်ရေး (Counter - Terrorism Operation) ကို စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက် သမား များနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သတင်းအရသိရပါတယ်။
တိုက်ပွဲအတွက် တပ်မတော်၏ အရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ များ ထံမှ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်းများ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းနောက် ဓမ္မသတ်ကျေးရွာကိုဧပြီလ ၂၂ ရက်တွင်လည်းကောင်း၊ ကော့ဘိန်း ကျေးရွာကို ဧပြီလ ၂၅ ရက်တွင်လည်းကောင်းပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ တို့ကလည်း ကော့ဘိန်း ကျေးရွာ၊ ဓမ္မသတ် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေရပ်စွန့်ခွာဒေသခံ ပြည်သူများ ပြန်လည်ဝင်ရောက်နေ ထိုင်နိုင် ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင် ရွက်ပေး နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
Yangon_Times/PP






ရွှေသောင်ယံကမ်းခြေသို့ မဟာသင်္ကြန်ကာလအတွင်း ခရီးသွားဧည့်သည် ၁၁,၅၅၇ ဦးအထိ လာရောက်လည်ပတ်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာပြန်လည်နည်းသွားပေမယ့် လာမယ့် မေလ၁ရက်မှာကျရောက်မယ့် အလုပ်သမားနေ့ ရုံးပိတ်ရက်ကာလမှာလည်း ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားနိုင်တယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 26 April 2024
#ရွှေသောင်ယံကမ်းခြေ #ခရီးသွားဝန်ဆောင်မှုလုပ်ငန်း
#YMG/NN #Yangon-Times
Myanmar၊ Thailand၊ Malaysia၊Indonesia စတဲ့ပိုက်ကျော်ခြင်း ထိပ်တန်းနိုင်ငံတွေရဲ့အကောင်းဆုံးလက်ရွေးစင်အသင်းတွေက Premier တန်းမှာ ယှဥ်ပြိုင်ကြရမယ်။
#Local_News
Published_ 26 April 2024
#ပိုက်ကျော်ခြင်းWorld Cupပြိုင်ပွဲ #ကမ္ဘာ့အဆင့်Rankသတ်မှတ်ပေး
#tthl #Yangon_Times
Page 932 of 2480