#Lcoal_Nes
Published 29 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ မဉ္ဇူလမ်းနှင့် ဗေဒါလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ် အလုံး ၃၀ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။
▪️ ဧပြီ ၂၉ရက် မွန်းတည့်၁၂နာရီ ၄မိနစ် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကာ မြို့နယ်မီးသတ်တပ်ဖွဲ့ မှ Level 1အဆင့် ယာဉ်အုပ်စုဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့သောကြောင့် ၁၂နာရီ ၃၃မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်သည့် အကြောင်းရာနှင့် ဆုံးရှုံးမှု တန်ဖိုးကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများ အတွက် သောက်ရေသန့် အ၀တ်အထည်နှင့် အစားအသောက်များ လိုအပ်နေပြီး တတ်နိုင်သလောက် မိမိထံမှပိုသောပစ္စည်းလေးများ မျှဝေလှူဒါန်းပေးကြပါရန်ကုသိုလ်ရှင်များအား လင်းလက်လူမှုကူညီရေးအသင်း ရန်ကုန်မှ နှိုးဆော်ထားသည်။
#YMG/LW #Yangon_Times
#Local_News
Published 29 April 2024
▪️ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ (၂၄) ဆူ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲ အထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
▪️ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ (၂၄) ဆူကို ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ အပါအဝင် သံဃာတော် (၁၀၈)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ အခမ်းအနားနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါနေ့ နံနက် ၅ နာရီခွဲတွင် ထီးတော်ရုံတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး နံနက် ၆ နာရီ ၁၅ မိနစ်တွင် နောင်တော်ကြီးစေတီ အထက်ပစ္စယံထောင့်လေးထောင့်၌ ဗုဒ္ဓါ ဘိသေက အနေကဇာတင်ပွဲကျင်းပမည်ဖြစ်သည်။
▪️ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ကောင်းမှုအစုစုတို့ကို ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပကာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 29 April 2024
▪️ မြန်မာနိုင်ငံမှ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းကို ပင်လယ် ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် အဓိကထား ကုန်သွယ်လျက်ရှိတယ်လို့ ပို့ဆောင်/ဆက်သွယ်ရေး ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
▪️ ဧပြီ ၂၈ ရက်က သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းဧရိယာ၌ကျင်းပခဲ့တဲ့ သီလဝါဆိပ်ကမ်း ဥပစာလမ်းလေးလမ်းသွားလမ်းသစ်ဖွင့်ပွဲအခမ်းအနားမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က ပြောကြားခဲ့တာပါ။
▪️ ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုအရ နိုင်ငံတကာကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်းဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့်ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် လေးလမ်းသွားလမ်းသစ်ကြီးကို သတ်မှတ်ကာလအချိန်တိုအတွင်း တိုးချဲ့ဖောက်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ နိုင်ငံတကာကုန်သွယ်မှုပမာဏ တိုးတက်များပြား လာသည်နှင့်အမျှ သီလဝါဆိပ်ကမ်းဧရိယာ၌ ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်ထုတ်ယူခြင်း လုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆိပ်ကမ်း ဧရိယာများသို့ ဆက်သွယ်ထားသည့် ရထားလမ်း၊ ကားလမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကိုဆောင်ရွက်ရန် လိုအပ်လာတာ ဖြစ်ပါတယ်။
▪️ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်မှုပမာဏများပြားလာပြီး သီလဝါဧရိယာရှိ စက်သုံးဆီဆိပ်ကမ်းတံတားများကို ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီတင်ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲ လာမှုကြောင့် ယခင်နှစ်လမ်းသွားလမ်းမှာ မကြာခဏ ပိတ်ဆို့မှုများဖြစ်လာတာ ဖြစ်ပါတယ်။
▪️ ဖွင့်လှစ်သည့် လေးလမ်းသွားလမ်းသစ်သည် ငါးမိုင်နှစ်ဖာလုံရှည်လျားပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်း ငွေကျပ် ၂၈ ဒသမ ၃၅၀ ဘီလီယံ ခန့် ကုန်ကျခဲ့ကြောင်း သိရပါတယ်။
▪️ သီလဝါဆိပ်ကမ်းဧရိယာအတွင်းယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင် ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည်စီးဆင်းမှုများလည်း ယခင်ထက်အချိန်ကုန်သက်သာပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published 29 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ကုန်ထုတ်လမ်းအနီးရှိ ရေကန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေနစ်ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဧပြီ ၂၈ ရက်ညနေ၃နာရီ၁၀မိနစ်ခန့်က အဆိုပါ ရေကန်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေဆင်းကူးကျရာမှ ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ေ-သဆုံးခဲ့သည့် အမျိုးသား မှာ ၁၄နှစ်ဝန်းကျင်ရှိပြီး အမျိုးသမီးမှာ ၁၈နှစ်ဝန်းကျင်ရှိကြောင်း အနီးနားနေသူများ၏ ပြောကြားချက်အရသိရသည်။
▪️ အဆိုပါရေနစ်မှုဖြစ်ပွားသည့် နေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ လူမှုကူညီရေးအသင်းများက သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ညနေ ၄နာရီ ၂၇မိနစ်တွင် အမျိုးသား (သေဆုံး )ကို ဆယ်ယူနိုင်ခဲ့ပြီး ၄နာရီ ၄၁မိနစ် တွင်အမျိုးသမီး(သေဆုံး ) ကို ဆယ်ယူခဲ့ကာ မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်း၊ ရွာသာကြီးလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Lcoal_News
Published 29 April 2024
▪️ ကချင်ပြည်နယ်၊ကာမိုင်းမြို့အနီးဗဟိုပြု၍အင်အား ရစ်(ခ်)တာစကေး(၄.၅)အဆင့်ရှိမြေငလျင်လှုပ်ခတ် သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃) နာရီ၊ (၁၅) မိနစ်၊ (၄၀) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှအနောက်- အနောက် မြောက်ဘက် (၄၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့ဘက် (၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၂) ဒီဂရီ၊ အနက် (၁၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ မြေငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်ရှိ ရန်ကုန်၊မန္တလေး၊ပဲခူးစသည့်မြို့များတွင်လည်း တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြဖို့ လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
၂၉ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲကြေညာပြီးနောက် ဒုတိယဝန်ကြီးချုပ်ရာထူးမှဖယ်ရှားခံရပြီး နိုင်ငံခြားရေးဝန်ကြီးရာထူးတစ်ခုသာ ပြန်လည်ခန့်အပ်ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါ နူကာရာဟာ ရာထူးမှနှုတ်ထွက်သွားပါတယ်။
သူဟာ မြန်မာနိုင်ငံရေးရာနှင့်ပတ်သက်တဲ့အဖွဲ့ကို ဦးဆောင်နေပြီး ပြီးခဲ့တဲ့လက လူသားချင်းဆိုင်ရာ အကူအညီတွေပေးခဲ့ကာ မြန်မာအရေးအတွက် တွေ့ဆုံဆွေးနွေးရေးကိုကြိုးစားနေချိန်မှာ နှုတ်ထွက်ခဲ့ တာဖြစ်ပါတယ်။သူနှုတ်ထွက်မှုကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဦးဆောင်သူမဲ့သွားရပါတယ်လို့ ရိုက်တာကသတင်းရေးပါတယ်။
ပန်ပရီဟာ ဂါဇာမှာ ဟားမာ့းစ်တွေဖမ်းဆီးထားတဲ့ ထိုင်းဓားစာခံ ဒါဇင်များစွာ လွတ်မြောက်ရေးအတွက် လည်း ကြိုးပမ်းခဲ့ပါသေးတယ်။
ပန်ပရီရဲ့ နှုတ်ထွက်စာကို ဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်လက်ခံရရှိတယ်လို့ ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရသူ ချိုင်းဝါချာရွန်ကီက ရိုက်တာကိုပြောပါတယ်။
“ ပန်ပရီနှုတ်ထွက်တာဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပေါ် ဘယ်လိုမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါ ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်နှင့်အရာရှိတွေက သူ့အစား အလုပ်လုပ် နိုင်လို့ဖြစ်ပါတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
သူနှုတ်ထွက်မှုအပေါ် တော်တော်များများတော့ အံ့အားသင့်ခဲ့ကြပါတယ်။ ဒုတိယဝန်ကြီးချုပ် ဖမ်သမ် ဝီချာရာချိုင်းက သူမျှော်လင့်မထားဘူးလို့ မီဒီယာတွေကိုပြောပါတယ်။
ပန်ပရီကို ဆက်သွယ်ပြီး မှတ်ချက်ရယူလို့မရသေးပါဘူး။
ဆရက်သာရဲ့ အစိုးရအဖွဲ့အသစ်ကို ထိုင်းဘုရင်က အတည်ပြုပေးပြီး အစိုးရရဲ့ တော်ဝင်ပြန်တမ်းမှာ ထည့် သွင်းထုတ်ပြန်ထားရာမှာ ပန်ပရီဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးသီးသန့်သာတွေ့ရပြီး ပူးတွဲရာထူးဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ်ရာထူး မပါဝင်တော့တာဖြစ်ပါတယ်။
ကုန်သွယ်ရေးကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ပန်ပရီဟာ သူ့ကို ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့တာဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာမှတ်တမ်းကြောင့်မဟုတ်ကြောင်းနှင့် သူဟာ အလုပ်ကို ကောင်းစွာလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့နိုင်ငံတကာပုံရိပ်ကိုမြှင့်တင်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှာ ပါရှိတဲ့ သူ့ရဲ့ နှုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။
@ymg/knl
#Local_News
Published_28 April 2024
▪️ ကော့ကရိတ်မြို့ ကို တပ်မတော်စစ်ကြောင်း များက ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ KKO(ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူး ပေါင်း အဖွဲ့ကကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များကို သာလွန်အင်အားများဖြင့် ကော့ကရိတ်- သင်္ကန်း ညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှု ကျေးရွာ၊ ရန်ကုတ်ကျေး ရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှတစ်ဆင့် ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သောကြောင့်နယ်မြေ ခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အကြမ်းဖက်သောင်းကျန်းသူများက အင်အားများထပ်မံဖြည့်တင်း၍ ကော့ကရိတ်မြို့ မြောက်ခြမ်းကို ဆက် လက်တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ပတ်ဝန်း ကျင်ကျေးရွာများမှတစ်ဆင့် မြို့ကိုအဝေးမှလက်နက်ကြီး များဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယင်းကြောင့်တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းကာ ဧပြီလ ၁၉ ရက်မှစ၍ ကော့ကရိတ်မြို့ဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူများကို အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation)ကို လက်နက်ကြီးပစ်ကူ များရယူပြီး စနစ်တကျ အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့၍ ဧပြီလ ၂၂ ရက်တွင် တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အကြမ်းဖက် သောင်းကျန်းသူများက ကော့ကရိတ်မြို့၏ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာဘက်သို့ လာရာ လမ်းကြောင်းအတိုင်းဖရိုဖရဲပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တိုက်ပွဲများတွင် အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် ကော့ကရိတ် မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မိုင်းရှင်းလင်း ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အကြမ်းဖက် နေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံ များ ပြန်လည်ဝင်ရောက်နေထိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၇ ရက်ထိ ကော့ကရိတ်မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈ စု၊ အမျိုးသား ၃၆၂ ဦး၊ အမျိုးသမီး ၂၃၅ ဦး၊ စုစုပေါင်း ၅၉၇ ဦး ပြန်လည်ဝင်ရောက် နေထိုင်လာကြကြောင်းသိရသည်။

#Yangon_Times/PP
Page 928 of 2480