#Local_News
Published 20 December 2023
မန္တလေးတွင် သဲများသယ်ဆောင်လာသည့် Faw ကားနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းမဏီစလလူမှု/နာမှုကူညီရေးအသင်း(မန္တလေးမြို့)ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၀ရက် နေ့လည်ပိုင်းအချိန်က မန္တလေးမြို့၊ ၄၁လမ်း၊ ၈၄လမ်းနှင့် ၈၃လမ်းကြားတွင် ကားနှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ အသင်းက ထွက်ခွာသွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ အသက် ၄၀ခန့်ရှိပြီး ယင်း၏ ရုပ်အလောင်းကို မန္တလေးအထွေထွေပြည်သူ့ဆေးရုံကြီးသို့ အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #Faw ကားနှင့်ဆိုင်ကယ်တိုက်မိ #အမျိုးသားတစ်ဦးသေဆုံး #YMG/LW #Yangon_Times
ဖရဲသယ်ယူပို့ဆောင်တဲ့လမ်းကြောင်းတွေကြန့်ကြာတာ၊ နောက်တရုတ်ပြည်မှာလည်းအအေးလှိုင်းဖြတ်နေတော့ အသီးဈေးတွေကျတယ်၊ လမ်းတွေမှာအရမ်းကြာတယ်လေ၊ စိုက်ကွင်းရယ်၊စိုက်တဲ့မြေအမျိုးအစားရယ်၊ထားတဲ့အချိန်ရယ်၊ လမ်းကြောင်းအနေအထားရယ်ပေါ်မူတည်ပြီးတော့အသီးတွေက မလတ်ဆတ်တော့ပယ်တာတွေများတယ်၊
#Local_News
Published 20 December 2023
#တရုတ်အအေးလှိုင်း #မြန်မာ့ဖရဲအရည်အသွေး
#YMG/NN #Yangon_Times
ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်အတွက်ခရီးသွားလာရောက်ဖို့ ကျွန်တော်တို့ဘက်မှာ လောင်စာဆီရှားတဲ့ပြသနာကြောင့်ကိုယ်ပိုင် ကားနဲ့လာမယ်လူတွေကလည်းနည်းနည်းတန့်သွားတာပေါ့၊ တန်ဆောင်တိုင်ထက် ပါးပါတယ်၊ နောက်တန်ဆောင်တိုင်က ဘိုကင်ပျက်တာတွေလည်းရှိခဲ့တော့ ဘိုကင်ကွန်ဖမ်း ကြိုမလုပ်ကြဘူး၊
မေးတာစုံစမ်းတာတွေတော့နေ့တိုင်းရှိပါတယ်၊
#Local_News
Published 20 December 2023
#ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက် #ဂေါ်ရန်ဂျီကျွန်း
#YMG/NN #Yangon_Times
ယခုနှစ် နွေစပါး စိုက်ပျိုးမယ့် ရာသီမှာတောင်သူတွေထွန်ယက်စိုက်ပျိုးနိုင်ဖို့အတွက်
စက်သုံးဆီကို စိုက်ဧကတစ်ဧကကို စက်သုံးဆီ ၄ဂါလံ နှုန်းနဲ့ ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံ
ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံက သိရပါတယ်။
#Local_News
Published 20 December 2023
#စက်သုံးဆီ #နွေစပါးတစ်ဧက
#YMG/LW #Yangon_Times
"တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းရဲ့(၂၈)ကြိမ်မြောက် ဂုဏ်ထူးဆောင်နာယကကြီးများ ပူဇော်ကန်တော့ပွဲမှာနာယကကြီး(၂၅)ဦးကို ပူဇော်ကန်တော့မယ်။ သွားရေးလာရေးအခက်အခဲတွေရှိနေသေးတဲ့အတွက် နယ်ဝေးတောင်တက်ခရီးစဉ် မသွားဖြစ်သေးဘဲ နောက်ပိုင်းသွားရေးလာရေး အဆင်ပြေပါက အနီးအနားမှတောင်တက်ခရီးစဉ် တွေပြန်လည်သွားရောက်ဖို့ရှိတယ်" တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းဥက္ကဌဆရာဦးမျိုးသန့်
#Local_News
Published 20 December 2023
#တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း #သဘာဝခေါ်သံဖောင်ဒေးရှင်း
#tthl #Yangon_Times
#Local_News
Published 20 December 2023
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိရှစ်လတာအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပျားရည် မက်ထရစ်တန် ၁၄၀၀ ကျော် တင်ပို့ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါ ရှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၄၄၁ ဒသမ ၁၂ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၂ သန်း ရရှိထားကြောင်းသိရသည်။
မြန်မာနိုင်ငံမှ မွေးမြူထုတ်လုပ်သည့် ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ပျားရည်တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ၉၄၈ ဒသမ ၉၂ တန် ဖြင့် အများဆုံးတင်ပို့ပြီး ထိုင်းနိုင်ငံသို့ ၃၂၂ ဒသမ ၂ တန်၊ တရုတ်နိုင်ငံသို့ တန် (၁၅ဝ) နှင့် တောင်ကိုရီးယားနိုင်ငံသို့ တန် (၂ဝ) တင်ပို့ထားကြောင်း သိရသည်။
ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်း ပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်း၊ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှလည်း နိုင်ငံခြားဝင်ငွေရရှိကြောင်း သိရသည်။
#Local_News #ပျားရည်တန်ချိန်၁၄၀၀ကျော် #ဂျပန်အများဆုံးဝယ်ယူ #YMG/ NN #Yangon_Times
#Local_News
Published 20 December 2023
မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ရာသီချိန် လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန မှ သိရသည်။
ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သား အလုပ်အကိုင်သည် ၈ လလုပ် ၄ လ နားစနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သကဲ့သို့ ကိုရီးယားနိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများကို သင်ယူလေ့လာရန် အခွင့်အလမ်းများလည်းရရှိနိုင်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ထို့ပြင် လုပ်အားခအနေဖြင့် ကြည့်မည်ဆိုပါကလည်း ဒေသတွင်းနိုင်ငံများထက် လစာပိုမိုရရှိခြင်းဖြစ်သည့်အပြင် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်းပိုမိုမြင့်တက်လာစေမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံလုပ်သားများ၏ အကျိုးစီးပွားကို ရှေးရှု၍ စေလွှတ်လိုခြင်းဖြစ်ကြောင်း သိရသည်။
ရာသီချိန်လုပ်သား စေလွှတ်ခြင်းလုပ်ငန်းစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပထမဉီးစွာ ကိုရီးယားနိုင်ငံ ဒေ သန္တရအစိုးရနှင့် မြန်မာနိုင်ငံဒေသအစိုးရတို့ (Region to Region) နားလည်မှုစာချွန်လွှာ ( MoU ) လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒေသန္တရ အစိုးရအချင်းချင်း MOU လက်မှတ် ရေးထိုးရတာ ဖြစ်သည့်အတွက် MOU ကို ကိုရီးယားသမ္မတနိုင်ငံရှိ သက်ဆိုင်ရာ ပြည်နယ်များမြို့တော်များမှ မြို့တော်ဝန် အုပ်ချုပ်ရေးမှူုးများနှင့် မြန်မာနိုင်ငံ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးများနှင့် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ထားသလို အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှုးများ နှင့် လက်မှတ်ရေးထိုးရန်လည်းဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ တရားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးနောက် ဒေသန္တရ အစိုးရအချင်းချင်း MoU ရေးထိုးပြီးပါက လုပ်သားစုဆောင်းခြင်း ၊ ရွေးချယ်ခြင်း ၊ စေလွှတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာသီချိန်စိုက်ပျိုးရေးလုပ်သားများစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရာသီချိန်လုပ်သားများစေလွှတ်ရာတွင် နိုင်ငံ့ပုံရိပ်ထိခိုက်မှုရှိစေမည့် လုပ်သားများ ထွက်ပြေးခြင်း၊ တရားမဝင်နေထိုင်ခြင်း၊ ပြန်ပို့ခံရခြင်းများ မရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်လည်း သက်ဆိုင်ရာအေဂျင်စီများအား လမ်းညွှန်ထားရှိကြောင်းအလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
#Local_News #ကိုရီးယားနိုင်ငံ #ရာသီချိန်စိုက်ပျိုးရေးလုပ်သား #YMG/LW #Yangon_Times
Page 785 of 2114